Local News

အင္းလ်ားကန္ေဘာင္ေရွ႕ ျပည္လမ္းေပၚရွိ ဧရာ၀တီဘဏ္ ဓားျပတိုက္ခံရ

ရန္ကုန္၊ အင္းလ်ားကန္ေဘာင္ေရွ႕ ျပည္လမ္းေပၚရွိ ဧရာ၀တီဘဏ္ ဓားျပတိုက္ခံရ ၊ ျပည္လမ္းႏွင့္ အင္းလ်ားကန္ေဘာင္ပတ္လည္တြင္ ကင္းပုန္းႏွင့္လုံၿခဳံေရး အျပည့္ခ်ထားသည့္ၾကားမွ ဓားျပတိုက္မႈျဖစ္ၿပီး ေငြမပါသြား

ရန္ကုန္၊ စက္တင္ဘာ ၂

ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ အင္လ်ားကန္ေဘာင္ေရွ႕ ျပည္လမ္းမေပၚရွိ ဧရာ၀တီဘဏ္ခြဲတြင္ ယေန႔ မြန္းလြဲ ၂ နာရီ ၀၅ မိနစ္အခ်ိန္က ဓားျပတိုက္မႈျဖစ္ပြားေၾကာင္း ေဒသခံမ်ားႏွင့္ ဘဏ္ႏွင့္နီးစပ္သူမ်ားထံမွ သိရွိရသည္။

“ေငြေတြေတာ့ မပါသြားဘူး။ ဧည့္ႀကိဳက ဝန္ထမ္း ေကာင္မေလး တစ္ေယာက္ေတာ့ ဒဏ္ရာရထားပါတယ္။ မြန္းလြဲ ၂ နာရီ ဝန္းက်င္ ဘဏ္တံခါး ပိတ္မယ့္အခ်ိန္မွာ ဝင္လာတာ။ အခုေတာ့ AYA ဘဏ္ထဲ စစ္တပ္နဲ႔ရဲေတြ ဝင္စစ္ေနတယ္” ဟု ဧရာ၀တီဘဏ္သတင္းရင္းျမစ္က ေျပာသည္။

ဓားျပတိုက္မႈ ျဖစ္ပြားသည္ဆိုေသာ ဧရာ၀တီဘဏ္ခြဲ ပတ္ဝန္းက်င္သည္ လုံၿခဳံေရးႏွင့္ကင္းပုန္းမ်ား ထူထူထပ္ထပ္ ခ်ထားေသာ ေနရာျဖစ္ေၾကာင္း၊ အင္းလ်ားလမ္း ႏွင့္ ျပည္လမ္း ေထာင့္ ယာဥ္ထိန္းမီးပြိဳင့္ ရဲကင္းတြင္ စစ္သားႏွင့္ ယာဥ္ထိန္းရဲ တခ်ိဳ႕ရွိေနေၾကာင္း၊

အလားတူ ရန္ကုန္တကၠသိုလ္ဝင္း အတြင္း၊ လွည္းတန္းလမ္းဆုံမီးပြိဳင့္ရဲကင္း ၊ KBZ ႐ုံးခ်ဳပ္ ၊ ကန္သာယာေဆး႐ုံႏွင့္ IBTC အနီး ၊ စိမ္းလန္းစိုေျပႏွင့္ တကၠသိုလ္ေလွေလွာ္အသင္းတို႔နားတြင္ စစ္တပ္ႏွင့္ရဲ လုံၿခဳံေရး၊ ကင္းပုန္း မ်ားအားလုံးခ်ထားသည့္ေနရာျဖစ္ ေၾကာင္း၊ ထို႔ျပင္ အင္းလ်ားကန္ေဘာင္ လူကူး ကုန္းတံတား အနီးတြင္လည္း စည္ပင္အရပ္ဝတ္ ဝန္ထမ္းတခ်ိဳ႕ကို လုံၿခဳံေရးခ်ထားသည့္ေနရာျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ယေန႔ အင္းလ်ားကန္ေဘာင္ေရွ႕ ဧရာ၀တီဘဏ္ေရွ႕ ျမင္ကြင္း။

ရန်ကုန်၊ အင်းလျားကန်ဘောင်ရှေ့ ပြည်လမ်းပေါ်ရှိ ဧရာဝတီဘဏ် ဓားပြတိုက်ခံရ ၊ ပြည်လမ်းနှင့် အင်းလျားကန်ဘောင်ပတ်လည်တွင် ကင်းပုန်းနှင့်လုံခြုံရေး အပြည့်ချထားသည့်ကြားမှ ဓားပြတိုက်မှုဖြစ်ပြီး ငွေမပါသွား

ရန်ကုန်၊ စက်တင်ဘာ ၂

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်လျားကန်ဘောင်ရှေ့ ပြည်လမ်းမပေါ်ရှိ ဧရာဝတီဘဏ်ခွဲတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၀၅ မိနစ်အချိန်က ဓားပြတိုက်မှုဖြစ်ပွားကြောင်း ဒေသခံများနှင့် ဘဏ်နှင့်နီးစပ်သူများထံမှ သိရှိရသည်။

“ငွေတွေတော့ မပါသွားဘူး။ ဧည့်ကြိုက ဝန်ထမ်း ကောင်မလေး တစ်ယောက်တော့ ဒဏ်ရာရထားပါတယ်။ မွန်းလွဲ ၂ နာရီ ဝန်းကျင် ဘဏ်တံခါး ပိတ်မယ့်အချိန်မှာ ဝင်လာတာ။ အခုတော့ AYA ဘဏ်ထဲ စစ်တပ်နဲ့ရဲတွေ ဝင်စစ်နေတယ်” ဟု ဧရာဝတီဘဏ်သတင်းရင်းမြစ်က ပြောသည်။

ဓားပြတိုက်မှု ဖြစ်ပွားသည်ဆိုသော ဧရာဝတီဘဏ်ခွဲ ပတ်ဝန်းကျင်သည် လုံခြုံရေးနှင့်ကင်းပုန်းများ ထူထူထပ်ထပ် ချထားသော နေရာဖြစ်ကြောင်း၊ အင်းလျားလမ်း နှင့် ပြည်လမ်း ထောင့် ယာဉ်ထိန်းမီးပွိုင့် ရဲကင်းတွင် စစ်သားနှင့် ယာဉ်ထိန်းရဲ တချို့ရှိနေကြောင်း၊

အလားတူ ရန်ကုန်တက္ကသိုလ်ဝင်း အတွင်း၊ လှည်းတန်းလမ်းဆုံမီးပွိုင့်ရဲကင်း ၊ KBZ ရုံးချုပ် ၊ ကန်သာယာဆေးရုံနှင့် IBTC အနီး ၊ စိမ်းလန်းစိုပြေနှင့် တက္ကသိုလ်လှေလှော်အသင်းတို့နားတွင် စစ်တပ်နှင့်ရဲ လုံခြုံရေး၊ ကင်းပုန်း များအားလုံးချထားသည့်နေရာဖြစ် ကြောင်း၊ ထို့ပြင် အင်းလျားကန်ဘောင် လူကူး ကုန်းတံတား အနီးတွင်လည်း စည်ပင်အရပ်ဝတ် ဝန်ထမ်းတချို့ကို လုံခြုံရေးချထားသည့်နေရာဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ အင်းလျားကန်ဘောင်ရှေ့ ဧရာဝတီဘဏ်ရှေ့ မြင်ကွင်း။