Local News

ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ၊ ကိုေအာင္သူရေဇာ္၊ ကိုလွမ်ိဳးေအာင္တို႔ကို

ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ၊ ကိုေအာင္သူရေဇာ္၊ ကိုလွမ်ိဳးေအာင္တို႔ကို ေသ ဒဏ္ အမိန႔္ ခ်မွတ္မႈ ႏွင့္ စီရင္ သတ္ျဖတ္မႈတို႔တြင္ အင္းစိန္ေထာင္ စစ္ခုံ႐ုံးတရားသူႀကီး ဒုဗိုလ္မႉးႀကီး မ်ိဳးျမင့္ေအာင္ ပါဝင္

By ရန္ကုန္ေခတ္သစ္

ဒီမိုကေရစီအေရးလႈပ္ရွားသူ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုေအာင္သူရေဇာ္၊ ကိုလွမ်ိဳးေအာင္တို႔ကို ေသဒဏ္ခ်မွတ္မႈႏွင့္ သတ္ျဖတ္မႈတြင္ စစ္ဘက္တရား သူ ႀကီး ဒုဗိုလ္မႉးႀကီး မ်ိဳးျမင့္ေအာင္ ပါဝင္ပတ္သက္ေၾကာင္း ရန္ ကုန္တိုင္း စစ္ဘက္သတင္းရင္းျမစ္မ်ားက အတည္ျပဳေျပာဆိုသည္။

အင္းစိန္ေထာင္စစ္ခုံ႐ုံး၏ အထူးတရားသူႀကီး ဒုတိယဗိုလ္မႉးႀကီး မ်ိဳးျမင့္ေအာင္သည္ မင္းေအာင္လႈိင္၏ တိုက္႐ိုက္ တာဝန္ေပးအပ္ခံရေသာ တရား သူႀကီး ျဖစ္ၿပီး ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုေအာင္သူရေဇာ္၊ ကိုလွမ်ိဳးေအာင္တို႔ကို ေသဒဏ္ခ်မွတ္ခဲ့ျခင္းႏွင့္ ေသဒဏ္ေပးရန္ ေနာက္ဆုံးအခ်ိန္ အတည္ျပဳၿပီး ေသဒဏ္စီရင္သည့္ ျဖစ္စဥ္တစ္ခုလုံးတြင္ ပါဝင္ ပတ္သက္ေနေၾကာင္း သိရွိရသည္။

“ကိုမ်ိဳးျမင့္ေအာင္ ပါတာေတာ့ အတည္ျပဳလို႔ရတယ္။ အျခားအရာရွိေတြလည္းပါတယ္။ အဖြဲ႕လိုက္ႀကီး လုပ္ၾကတာ။ ေသဒဏ္ေပးတာေရာ ၊ စီရင္တာေရာ။ ႀကီးၾကပ္ကြပ္ကဲတာက ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ ျပည္ထဲေရးဝန္ႀကီးပဲ။ သူက တိုက္႐ိုက္ ကိုင္တာလို႔ သိရတယ္။ ကိုမ်ိဳးျမင့္ေအာင္ကေတာ့အ ခုေနာက္ ပိုင္း ယဥ္ေက်းလိမၼာသင္တန္းေတြ၊ အဘိဓမၼာလိုလို ဟာေတြေတာ့ ေတာက္ ေလွ်ာက္လုပ္ေနတယ္။ ဘာသာေရးဘက္ကို ေဇာင္းေပးေနတယ္” ဟု တပ္သတင္းရင္းျမစ္က ေျပာသည္။

ရန္န္ကုန္တိုင္း၊ ဒညင္းကုန္း၊ အင္းစိန္ၿမိဳ႕နယ္ အမွတ္ ၁ တပ္မေတာ္စစ္သားစုေဆာင္းေရးတပ္မွ တပ္မႉး ဒုတိယမႉးႀကီးမ်ိဳးျမင့္ေအာင္ စစ္ခုံ႐ုံးမ်ား စတင္ထူေထာင္ခ်ိန္ကတည္းက စစ္ဘက္ဆိုင္ရာ တရားသူႀကီးအျဖစ္ အင္းစိန္ေထာင္ အထူးတရား႐ုံးတြင္ ႐ုံးထိုင္ရျခင္းျဖစ္ေၾကာင္း သိရွိရသည္။

စစ္မႈထမ္း ႏွစ္ ၃၀ နီးပါးရွိၿပီး ၂၀၁၂ ခုႏွစ္ ပတ္ဝန္းက်င္တြင္ အမွတ္ ၁ တပ္မ ေတာ္ စစ္သား စုေဆာင္းေရးတပ္မွ တပ္မႉးအျဖစ္ ေျပာင္းေ႐ႊ႕လာသူလည္းျဖစ္ၿပီး လက္ရွိ ရန္ကုန္တိုင္းစစ္ ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ၫြန႔္ဝင္းေဆြ (DSA ၃၆) ထက္ပင္ စီနီယာက်သူျဖစ္သည္။

ဒုတိယဗိုလ္မႉးႀကီး မ်ိဳးျမင့္ေအာင္သည္ ဇနီး ေဒၚမီမီစန္း၊ သမီး မဆုျမတ္၀င္း အပါအဝင္ သမီးမ်ား ႏွင့္အတူ အမွတ္ ၁ တပ္မေတာ္ စစ္သား စုေဆာင္းေရးတပ္တြင္ ေနထိုင္လ်က္ရွိသည္။

ရန္ကုန္တိုင္းကို စစ္တပ္က စစ္အုပ္ခ်ဳပ္ေရးေၾကညာၿပီး စစ္ခုံ႐ုံးမ်ားကို ထူ ေထာင္ေသာအခါ မ်ိဳးျမင့္ေအာင္သည္ စစ္ဘက္ဆိုင္ရာ တရားသူႀကီးျဖစ္လာသည္။

တပ္ပိုင္းဆိုင္ရာ ရာထူး မတိုးေတာ့ေသာ္လည္း ပညာရပ္ပိုင္းဆိုင္ရာ ေလ့လာမႈ အားေကာင္းသည့္အတြက္ ၎ကို စစ္ဘက္တရားသူႀကီးအျဖစ္ စစ္ေကာင္စီက ခန႔္အပ္လိုက္သည္။

အင္းစိန္ေထာင္ အထူးစစ္ခုံ႐ုံးတြင္ စစ္ဘက္တရားသူႀကီးျဖစ္လာသူ မ်ိဳးျမင့္ေအာင္က လူငယ္မ်ားစြာကို‌ ေသဒဏ္မ်ားခ်မွတ္ျခင္း၊ တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္မ်ားခ်မွတ္ျခင္းႏွင့္ ေထာင္ဒဏ္မ်ားစြာကို ေက်ေက်နပ္နပ္ျဖင့္ ခ်မွတ္လ်က္ရွိသည္။

“စစ္အုပ္ခ်ဳပ္ေရးေၾကညာေတာ့ သူက စစ္တရား႐ုံးမွာ တရားသူႀကီးျဖစ္ပါတယ္။ အင္းစိန္ကိုအမႈေတြရွိရင္သြားၿပီး အရင္တုန္းကေတာ့ဆႏၵျပသူေတြ ေနာက္ပိုင္း PDF ေတြကို စစ္ခုံ႐ုံးတရားသူႀကီးအျဖစ္ အမိန္႔ခ်တယ္။ သူ႔ေၾကာင့္ ေသဒဏ္ ေထာင္ဒဏ္တစ္သက္ ႏွစ္ရွည္ေထာင္ဒဏ္ေတြ က်ခံသြားရတဲ့လူငယ္ေတြအမ်ားႀကီးပါ။ စစ္ခုံ႐ုံးက ျပန္လာရင္ တပ္ထဲမွာ ဘယ္သူကို ဘယ္လို ေသ ဒဏ္ ခ်ပစ္လိုက္တယ္။ ဘယ္သူကိုေတာ့ တစ္သက္တစ္ကြၽန္းခ်ပစ္လိုက္ၿပီဆိုတာမ်ိဳး ၿမိန္ေရရွက္ေရ ေျပာေလ့ရွိတယ္။ သူအရမ္းေက်နပ္ေနတာ” ဟု စစ္ဘက္သတင္းရပ္ကြက္ကေျပာသည္။

မ်ိဳးျမင့္ေအာင္သည္ ၎၏ အမွတ္ ၁ တပ္မေတာ္အမွတ္ ၁ စစ္သား စုေဆာင္းေရးတပ္တြင္ အ လြန္ လုံၿခဳံေရးတင္းက်ပ္ထားၿပီး ၎၏ တပ္ကို လာေရာက္တိုက္ခိုက္၍ ေသရမည္ကို အလြန္စိုးရိမ္သူလည္းျဖစ္သည္။

စစ္အာဏာသိမ္းၿပီးခ်ိန္မွစ၍ တပ္တြင္း တရားပြဲႏွင့္ပ႒ာန္းပြဲမ်ား ဆက္တိုက္ က်င္းပၿပီး ၁ ဧက မျပည့္သည့္ တပ္ကို ဂိတ္ ၁၀ ခုထား၍ ကင္းလုံၿခဳံေရး အထူးတင္းက်ပ္ထားသည္။

” ဒီအမွတ္ ၁ စုေဆာင္းေရး တပ္ဆိုတာကေလ က်ဥ္းက်ဥ္းေလး။ ဧကနဲ႔ တြက္မယ္ဆိုရင္ ၀ ဒသမ ၈၅ ဧကပဲရွိပါတယ္။ အဲဒီမွာခ်ထားတဲ့ကင္းက ၁၀ကင္းေလာက္ရွိပါတယ္။ သူ႔ကိုယ္သူေသမွာေတာ့အရမ္းစိုးရိမ္တယ္” ဟု စစ္ဘက္သတင္းရပ္ကြက္ကေျပာသည္။

မ်ိဳးျမင့္ေအာင္သည္ တပ္တြင္း ဖိႏွိပ္မႈအလြန္မ်ားျပားစြာ လုပ္ေဆာင္ေၾကာင္း၊ တပ္တြင္း မိသားစုမ်ားကို ဖိႏွိပ္ေငြေၾကးရွာ၍ အေပၚဖား ေအာက္ဖိ လူစားမ်ိဳးလည္းျဖစ္သည္ဟု ဆိုသည္။

ရန္ကုန္တိုင္း၊ ဒညင္းကုန္း၊ အင္းစိန္ၿမိဳ႕နယ္ အမွတ္ ၁ တပ္မေတာ္စစ္သားစုေဆာင္း ေရးတပ္မွ တပ္မႉး ဒုတိယမႉးႀကီးမ်ိဳးျမင့္ေအာင္ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုေအာင္သူရေဇာ္၊ ကိုလွမ်ိဳးေအာင္တို႔ကို မတရား သတ္ျဖတ္ခဲ့ေသာ သူမ်ားထဲမွ တစ္ဦးအျဖစ္ သမိုင္းမွတ္တမ္းဝင္ၿပီျဖစ္သည္။

အၾကမ္းဖက္စစ္ေကာင္စီက ဇူလိုင္ ၂၃ ရက္ေန႔ ႏွင့္ ၂၄ ရက္ေန႔တို႔တြင္ ေတာ္ လွန္ေရး ဦးေဆာင္သူႏွင့္ ဒီမိုကေရစီ အေရး လႈပ္ရွားသူ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုေအာင္သူရေဇာ္၊ ကိုလွမ်ိဳးေအာင္တို႔ကို ေသဒဏ္ေပးၿပီး မတရားသတ္ျဖတ္ခဲ့သည္။

ဒုတိယဗိုလ္မႉးႀကီးမ်ိဳးျမင့္ေအာင္သည္ ၂၀၁၇ ခုႏွစ္ ကေလးစစ္သား ေအာင္ကိုေထြးကို စစ္တပ္ကိုယ္စား တရားစြဲဆိုခဲ့ေသာ တရားလို စစ္အရာရွိတစ္ဦးလည္းျဖစ္သည္။

ဓာတ္ပုံ- ဒုတိယဗိုလ္မႉးႀကီး မ်ိဳးျမင့္ေအာင္။

Photo- ဧရာ၀တီသတင္းဌာနႏွင့္ တပ္သတင္းရင္းျမစ္မ်ား။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေ ဒဏ် အမိန့် ချမှတ်မှု နှင့် စီရင် သတ်ဖြတ်မှုတို့တွင် အင်းစိန်ထောင် စစ်ခုံရုံးတရားသူကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ပါဝင်

By ရန်ကုန်ခေတ်သစ်

ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ချမှတ်မှုနှင့် သတ်ဖြတ်မှုတွင် စစ်ဘက်တရား သူ ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ပါဝင်ပတ်သက်ကြောင်း ရန် ကုန်တိုင်း စစ်ဘက်သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။

အင်းစိန်ထောင်စစ်ခုံရုံး၏ အထူးတရားသူကြီး ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်သည် မင်းအောင်လှိုင်၏ တိုက်ရိုက် တာဝန်ပေးအပ်ခံရသော တရား သူကြီး ဖြစ်ပြီး ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ချမှတ်ခဲ့ခြင်းနှင့် သေဒဏ်ပေးရန် နောက်ဆုံးအချိန် အတည်ပြုပြီး သေဒဏ်စီရင်သည့် ဖြစ်စဉ်တစ်ခုလုံးတွင် ပါဝင် ပတ်သက်နေကြောင်း သိရှိရသည်။

“ကိုမျိုးမြင့်အောင် ပါတာတော့ အတည်ပြုလို့ရတယ်။ အခြားအရာရှိတွေလည်းပါတယ်။ အဖွဲ့လိုက်ကြီး လုပ်ကြတာ။ သေဒဏ်ပေးတာရော ၊ စီရင်တာရော။ ကြီးကြပ်ကွပ်ကဲတာက ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေးဝန်ကြီးပဲ။ သူက တိုက်ရိုက် ကိုင်တာလို့ သိရတယ်။ ကိုမျိုးမြင့်အောင်ကတော့အ ခုနောက် ပိုင်း ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ အဘိဓမ္မာလိုလို ဟာတွေတော့ တောက် လျှောက်လုပ်နေတယ်။ ဘာသာရေးဘက်ကို ဇောင်းပေးနေတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

ရန်န်ကုန်တိုင်း၊ ဒညင်းကုန်း၊ အင်းစိန်မြို့နယ် အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်မှ တပ်မှူး ဒုတိယမှူးကြီးမျိုးမြင့်အောင် စစ်ခုံရုံးများ စတင်ထူထောင်ချိန်ကတည်းက စစ်ဘက်ဆိုင်ရာ တရားသူကြီးအဖြစ် အင်းစိန်ထောင် အထူးတရားရုံးတွင် ရုံးထိုင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်မှုထမ်း နှစ် ၃၀ နီးပါးရှိပြီး ၂၀၁၂ ခုနှစ် ပတ်ဝန်းကျင်တွင် အမှတ် ၁ တပ်မ တော် စစ်သား စုဆောင်းရေးတပ်မှ တပ်မှူးအဖြစ် ပြောင်းရွှေ့လာသူလည်းဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ (DSA ၃၆) ထက်ပင် စီနီယာကျသူဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်သည် ဇနီး ဒေါ်မီမီစန်း၊ သမီး မဆုမြတ်ဝင်း အပါအဝင် သမီးများ နှင့်အတူ အမှတ် ၁ တပ်မတော် စစ်သား စုဆောင်းရေးတပ်တွင် နေထိုင်လျက်ရှိသည်။

ရန်ကုန်တိုင်းကို စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ခုံရုံးများကို ထူ ထောင်သောအခါ မျိုးမြင့်အောင်သည် စစ်ဘက်ဆိုင်ရာ တရားသူကြီးဖြစ်လာသည်။

တပ်ပိုင်းဆိုင်ရာ ရာထူး မတိုးတော့သော်လည်း ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှု အားကောင်းသည့်အတွက် ၎င်းကို စစ်ဘက်တရားသူကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်သည်။

အင်းစိန်ထောင် အထူးစစ်ခုံရုံးတွင် စစ်ဘက်တရားသူကြီးဖြစ်လာသူ မျိုးမြင့်အောင်က လူငယ်များစွာကို‌ သေဒဏ်များချမှတ်ခြင်း၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များချမှတ်ခြင်းနှင့် ထောင်ဒဏ်များစွာကို ကျေကျေနပ်နပ်ဖြင့် ချမှတ်လျက်ရှိသည်။

“စစ်အုပ်ချုပ်ရေးကြေညာတော့ သူက စစ်တရားရုံးမှာ တရားသူကြီးဖြစ်ပါတယ်။ အင်းစိန်ကိုအမှုတွေရှိရင်သွားပြီး အရင်တုန်းကတော့ဆန္ဒပြသူတွေ နောက်ပိုင်း PDF တွေကို စစ်ခုံရုံးတရားသူကြီးအဖြစ် အမိန့်ချတယ်။ သူ့ကြောင့် သေဒဏ် ထောင်ဒဏ်တစ်သက် နှစ်ရှည်ထောင်ဒဏ်တွေ ကျခံသွားရတဲ့လူငယ်တွေအများကြီးပါ။ စစ်ခုံရုံးက ပြန်လာရင် တပ်ထဲမှာ ဘယ်သူကို ဘယ်လို သေ ဒဏ် ချပစ်လိုက်တယ်။ ဘယ်သူကိုတော့ တစ်သက်တစ်ကျွန်းချပစ်လိုက်ပြီဆိုတာမျိုး မြိန်ရေရှက်ရေ ပြောလေ့ရှိတယ်။ သူအရမ်းကျေနပ်နေတာ” ဟု စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။

မျိုးမြင့်အောင်သည် ၎င်း၏ အမှတ် ၁ တပ်မတော်အမှတ် ၁ စစ်သား စုဆောင်းရေးတပ်တွင် အ လွန် လုံခြုံရေးတင်းကျပ်ထားပြီး ၎င်း၏ တပ်ကို လာရောက်တိုက်ခိုက်၍ သေရမည်ကို အလွန်စိုးရိမ်သူလည်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ တပ်တွင်း တရားပွဲနှင့်ပဋ္ဌာန်းပွဲများ ဆက်တိုက် ကျင်းပပြီး ၁ ဧက မပြည့်သည့် တပ်ကို ဂိတ် ၁၀ ခုထား၍ ကင်းလုံခြုံရေး အထူးတင်းကျပ်ထားသည်။

” ဒီအမှတ် ၁ စုဆောင်းရေး တပ်ဆိုတာကလေ ကျဉ်းကျဉ်းလေး။ ဧကနဲ့ တွက်မယ်ဆိုရင် ၀ ဒသမ ၈၅ ဧကပဲရှိပါတယ်။ အဲဒီမှာချထားတဲ့ကင်းက ၁၀ကင်းလောက်ရှိပါတယ်။ သူ့ကိုယ်သူသေမှာတော့အရမ်းစိုးရိမ်တယ်” ဟု စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။

မျိုးမြင့်အောင်သည် တပ်တွင်း ဖိနှိပ်မှုအလွန်များပြားစွာ လုပ်ဆောင်ကြောင်း၊ တပ်တွင်း မိသားစုများကို ဖိနှိပ်ငွေကြေးရှာ၍ အပေါ်ဖား အောက်ဖိ လူစားမျိုးလည်းဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်း၊ ဒညင်းကုန်း၊ အင်းစိန်မြို့နယ် အမှတ် ၁ တပ်မတော်စစ်သားစုဆောင်း ရေးတပ်မှ တပ်မှူး ဒုတိယမှူးကြီးမျိုးမြင့်အောင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို မတရား သတ်ဖြတ်ခဲ့သော သူများထဲမှ တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းဝင်ပြီဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ဇူလိုင် ၂၃ ရက်နေ့ နှင့် ၂၄ ရက်နေ့တို့တွင် တော် လှန်ရေး ဦးဆောင်သူနှင့် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ပေးပြီး မတရားသတ်ဖြတ်ခဲ့သည်။

ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်အောင်သည် ၂၀၁၇ ခုနှစ် ကလေးစစ်သား အောင်ကိုထွေးကို စစ်တပ်ကိုယ်စား တရားစွဲဆိုခဲ့သော တရားလို စစ်အရာရှိတစ်ဦးလည်းဖြစ်သည်။

ဓာတ်ပုံ- ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်။

Photo- ဧရာဝတီသတင်းဌာနနှင့် တပ်သတင်းရင်းမြစ်များ။