Articles

ယုန္ေလးရဲ႕အလႉမွာ အလႉေငြမထည့္ထားပဲ အလႉရွင္စာရင္းမွာနာမည္ေရးသားထားတာေၾကာင့္ အဆိုေတာ္တစ္ခ်ိဴ႕ ျပန္လည္ေျဖရွင္းေန

ယုန္ေလးရဲ႕အလႉမွာ သူမလႉဘဲ (၂)သိန္းလႉေၾကာင္း နာမည္အထည့္ခံရလို႔ ေျဖရွင္းလာတဲ့ အဆိုေတာ္ ေနဝင္း

စ္တပ္ေထာက္ခံတဲ့ အဆိုေတာ္ယုန္ေလးက ယမန္ေန႔က သူ႔ရဲ႕ လူမႈကြန္ယက္မွာ ဆင္းရဲႏြမ္းပါးသူေတြကို ကူညီခ်င္တဲ့အတြက္ အလႉေငြေကာက္ခံမယ့္ ဗီဒီယိုဖိုင္နဲ႔အတူ သူ႔ကို လႉထားတဲ့ အႏုပညာရွင္စာရင္းကို ေဖာ္ျပခဲ့ပါတယ္။

အဲဒီအႏုပညာရွင္စာရင္းမွာ အဆိုေတာ္ေနဝင္းက က်ပ္ (၂) သိန္း လႉထားတယ္လို႔ေရးသားထားကာ ဒီေန႔မနက္မွာေတာ့ ေနဝင္းက သူမလႉထားတဲ့အေၾကာင္းကို အသိေပးလာၿပီး ယုန္ေလးကလည္း မေန႔က ေရးသားခဲ့တဲ့အႏုပညာရွင္စာရင္းေတြကို သူ႔ရဲ႕လူမႈကြန္ယက္မွာ ျပန္ဖ်က္သြားခဲ့ပါတယ္။

သူ႔နာမည္ပါေနရတဲ့အေၾကာင္းကို ေနဝင္းက ” အလႉစာရင္းမွာ ကြၽန္ေတာ္ နံမည္ပါေနလို႔ ကြၽန္ေတာ္မလႉထားပါဘူးခင္ဗ်ာ။ ဘာလို႔နံမည္ပါလဲေတာ့ ကြၽန္ေတာ္မသိပါဘူး။

ကာယကံရွင္က ဖ်က္ေပးေပမယ့္ SS ေတြနဲ႔ ေရးတင္က် share က် ၿပီးေတာ့ record က်န္ခဲ့တာရယ္ေၾကာင့္ အမွန္ထင္သြားမွာစိုးလို႔ ေျပာျပရျခင္းျဖစ္ပါတယ္။ကြၽန္ေတာ့္နံမည္ပါလာလို႔ ကြၽန္ေတာ့္ပရိတ္သတ္ေတြကို ကြၽန္ေတာ္ရွင္းျပတာပါ။ က်န္တဲ့လူေတြေတာ့ ကြၽန္ေတာ္မသိပါဘူး ” လို သူ႔ရဲ႕ လူမႈကြန္ယက္ကေန ျပည္သူကို ရွင္းျပထားပါတယ္။

ယုန်လေးရဲ့အလှူမှာ သူမလှူဘဲ (၂)သိန်းလှူကြောင်း နာမည်အထည့်ခံရလို့ ဖြေရှင်းလာတဲ့ အဆိုတော် နေဝင်း

စ်တပ်ထောက်ခံတဲ့ အဆိုတော်ယုန်လေးက ယမန်နေ့က သူ့ရဲ့ လူမှုကွန်ယက်မှာ ဆင်းရဲနွမ်းပါးသူတွေကို ကူညီချင်တဲ့အတွက် အလှူငွေကောက်ခံမယ့် ဗီဒီယိုဖိုင်နဲ့အတူ သူ့ကို လှူထားတဲ့ အနုပညာရှင်စာရင်းကို ဖော်ပြခဲ့ပါတယ်။

အဲဒီအနုပညာရှင်စာရင်းမှာ အဆိုတော်နေဝင်းက ကျပ် (၂) သိန်း လှူထားတယ်လို့ရေးသားထားကာ ဒီနေ့မနက်မှာတော့ နေဝင်းက သူမလှူထားတဲ့အကြောင်းကို အသိပေးလာပြီး ယုန်လေးကလည်း မနေ့က ရေးသားခဲ့တဲ့အနုပညာရှင်စာရင်းတွေကို သူ့ရဲ့လူမှုကွန်ယက်မှာ ပြန်ဖျက်သွားခဲ့ပါတယ်။

သူ့နာမည်ပါနေရတဲ့အကြောင်းကို နေဝင်းက ” အလှူစာရင်းမှာ ကျွန်တော် နံမည်ပါနေလို့ ကျွန်တော်မလှူထားပါဘူးခင်ဗျာ။ ဘာလို့နံမည်ပါလဲတော့ ကျွန်တော်မသိပါဘူး။

ကာယကံရှင်က ဖျက်ပေးပေမယ့် SS တွေနဲ့ ရေးတင်ကျ share ကျ ပြီးတော့ record ကျန်ခဲ့တာရယ်ကြောင့် အမှန်ထင်သွားမှာစိုးလို့ ပြောပြရခြင်းဖြစ်ပါတယ်။ကျွန်တော့်နံမည်ပါလာလို့ ကျွန်တော့်ပရိတ်သတ်တွေကို ကျွန်တော်ရှင်းပြတာပါ။ ကျန်တဲ့လူတွေတော့ ကျွန်တော်မသိပါဘူး ” လို သူ့ရဲ့ လူမှုကွန်ယက်ကနေ ပြည်သူကို ရှင်းပြထားပါတယ်။