Local News




မြိုင်၊ စက်တင်ဘာ ၂၊ ၂၀၂၂။





၇ နှစ်အရွယ် စစ်ရှောင်ကလေးက သူစုထားတဲ့မုန့်ဖိုးတွေကို မြိုင် PDF ကို လှူဒါန်း..ဘယ်လောက်ချစ်ဖို့ကောင်းလဲဗျာ…

၇ နှစ်အရွယ် စစ်ရှောင်ကလေးက သူစုထားတဲ့မုန့်ဖိုးတွေကို မြိုင် PDF ကို လှူဒါန်း

မြိုင်၊ စက်တင်ဘာ ၂၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ် ရွာတရွာကနေ မြိုင်မြို့နယ်အတွင်းမှာ စစ်ရှောင်နေရတဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တဦးဟာ စက်တင်ဘာလ ၂ ရက် ဒီကနေ့မနက်ပိုင်းမှာ သူစုထားတဲ့မုန့်ဖိုးငွေတွေကို တော်လှန်ရေးအတွက် အသုံးပြုဖို့ မြိုင် PDF ဆီ လာရောက်လှူဒါန်းခဲ့ပါတယ်။

“ကျနော်တို့မြိုင်နယ်ထဲလာပြီး စစ်ရှောင်တဲ့အဖွဲ့ကပါ၊ အဲဒီ ကလေးကလာလှူတာ၊ ကလေးသနားလို့ဆိုပြီး ကျနော်က မယူပါဘူးပြောတာ၊

ကျနော်တို့တော်လှန်ရေးလုပ်နေတာ ကလေးကသိတော့ ဇွတ်လှူတာ၊ ကလေးမိဘတွေလည်းပါလာတယ်။ သူက ၁ တန်းလောက်ပဲရှိအုံးမယ်၊ အသက်ကတော့ ၇ နှစ်ပါ၊ သူစုထားတဲ့မုန့်ဖိုး‌ကို လှူဒါန်းသွာတာ” လို့ မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။

ကလေးငယ်ဟာ သူရဲ့မိဘတွေနဲ့အတူ ဒီကနေ့ မနက် ၈ နာရီ ၅၀ မိနစ်လောက်မှာ လာရောက်လှူဒါန်းခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။