သိန်း၈၀၀၀တန် ကားလက်ဆောင်ပေးတဲ့ ယောက်ျားကိုလိုချင်ရင် …..ကိုယ် ကိုယ်တိုင်၌က ရုပ်ပိုင်းဆိုင်ရာရော …. စိတ်ပိုင်းဆိုင်ရာပါ အနည်းဆုံး တော့သိန်း ၄၀၀၀လောက် တန်အောင် ကြိုးစားကြပါ ..
Credit
ရေးထားတဲ့ စာသားတွေက ကြမ်းထော်နေတာပဲ မိုက် တယ် ရေးချက် ကို ကြိုက်လို့ ကူးပြီ းပြန်တင် တာပါ
သိန်း၈၀၀၀တန် ကားလက်ဆောင်ပေးတဲ့ ယောကျ်ားကိုလိုချင်ရင် …..ကိုယ် ကိုယ်တိုင်၌က ရုပ်ပိုင်းဆိုင်ရာရော …. စိတ်ပိုင်းဆိုင်ရာပါ အနည်းဆုံး တော့သိန်း ၄၀၀၀လောက် တန်အောင် ကြိုးစားကြပါ ..
ကိုယ်တိုင်က ၁၀တန်းလည်း မအောင် ဝင်ငွေက တလ ၂သိန်းမပြည့် ၊ ရုပ်ရည်ကရွက်ကြမ်း ရည်ကြို …. မိဘကလည်း လက်လုပ် လက်စား ဘဝသမား အဲ့လို လူမျိုးတွေက သိန်း ၈၀၀၀ တန်
ကားလက်ဆောင်ပေး တဲ့postကို …. သူတို့ရည်းစား ကောင်လေးတွေဝေါမှာ လာလာ Tag ကြတာမြင်တော့ ငါ့တပည့်တွေ အစားရင်နာ မိတယ် Ro ခွင့် ရှိတယ် Overtine ခွင့် မရှိဘူး။ လက်ချင်းချိတ်ပြီး 200 တန်
YBS တူတူ စီးရဲတဲ့ လက်တွဲဖော် အစစ်ကို သာရှာကြ ပါ သားတို့။ မင်းဆီမှာငွေ တသောင်းပဲ ရှိမှန်းသိရက်နဲ့ ငွေ၈၀၀၀ သုံးရက်တဲ့ မိန်းမဟာ မင်းသိန်း၁၀၀ ရှိရင် သူ သိန်း၈၀ဖြုန်းဖို့ ဝန်လေးမှာမဟုတ်ဘူး
…..မင်းမှာရှိ တဲ့ငွေ၁၀၀၀၀ကို မုန့်၂၀၀၀ဖိုးလောက် စားပြီး ကျန်တဲ့ ပိုက်ဆံကို မင်းအဆင်ပြေဖို့ အလိုက်တသိချန်ထားပေးတဲ့ မိန်းမမျိုးသာ လက်တွဲဖော်ဖြစ် သင့်တာပေါ့။
ဘူဖေးအဝ စားဘယ်လောက် ဟိုဆိုင်မှာ စားရင် ဘယ်လောက် ဒါတွေ Share ပြီး “လိုက်ကျွေးကိုကို” ဆိုတာမျိုးထက် “ကို့ကို သဲဒါမျိုးလေး ချက်ကျွေးမယ်” “ကို ဒါမျိုးလေးကြိုက်လား သဲချက်ပေးမယ်” ဆိုတာပဲ ရေးသင့်တယ် …. တင်သင့်တယ် ….. Ro သင့်တယ် …
မိန်းကလေးဖိနပ်ကို ဒူးထောက်ပြီးစီးပေးတဲ့ postတွေကို ထိုင် Share ပြီး ဒါမျိုးမှ Ro တယ်ထင်နေတာမျိုးထက်ရွှေတိဂုံဘုရားကို ဖိနပ်လေး ကိုယ်စီ ကိုင်ပြီး လှေကားထစ် တွေပေါ်တက်တိုင်း မင်းမျက်နှာလေးကို တစိမ့်စိမ့်ကြည့် ပြီး ပီတိဖြစ်မယ့် မိန်းကလေးမျိုးကို သာရှာ သင့်တယ် ….
ကားသိပ်မက်တဲ့ မိန်းမမျိုးဟ ကားရှိတဲ့ လူတွေ့ရင် ပါသွားမှာပဲ….. ကားစုတ် ရှိတဲ့သူ ဆီကနေ နောက်ဆုံးပေါ် ကားကောင်းရှိတဲ့ သူဆီပါ သွားမှာပဲ …..မင်းကိုတော့ ကျော်သူ့ ကားပေါ်တင်ရင် တင်ပေးလိမ့်မယ် ……
သူကတော့ ဇိမ်ခံကားပေါ်ကနေ မင်းကို တာ့တာပြသွား မှာအသေချာဘဲလေ …..စည်းစိမ်ချမ်းသာတာကိုမက်တဲ့မိန်းမဟာ …. မင်းထက်ချမ်းသာတဲ့ သူနဲ့တွေ့ရင်ပါသွားမှာ … Six pack ကိုမှကြိုက်တဲ့မိန်းမဟာ ….. မင်းဗိုက်ပူလာ တဲ့အချိန်ထားခဲ့မှာပဲ
ရုပ်ချောတာကြိုက်တဲ့ မိန်းမဟာ မင်းအိုမင်းလာချိန်….မင်းထက် ပိုမိုချောမောတဲ့ သူနဲ့ တွေ့ရင်ပါသွားမှာပဲ …မင်းမှမင်းဘဲဖြစ်နေလို့ မင်းကို ချစ်နေတဲ့ မိန်းမမျိုးက သာမင်းကို တသက်လုံးချစ်နေမှာ
သချာတယ်။ မင်းဆီမှာရှိတဲ့ မင်းမလုပ်နိုင်တဲ့ အရာတွေကို အပြစ်မြင် ငြူစူစောင်းမြောင်းပီးသောကတွေပေနေမယ့်အစား မင်းမလုပ်နိုင် တာတွေကို သူဝိုင်းကူပြီးမင်းလုပ် နိုင်စွမ်း ရှိတာတွေကို အပြုံးတွေနဲ့ချီးကျူးနေမယ့်မိန်းမမျိုးက သာလျှင်မင်းကို တဘဝလုံးစာ လက်တွဲထားနိုင်မှာပါ
ချောကလတ်နဲ့ ပန်းစည်းမျှော်နေ တာထက် မင်းစာမေးပွဲ မင်းအလုပ် …. မင်းရဲ့ဘဝနောင်ရေးတွေအတွက် ဘုရား ဆွမ်းတော်ကပ် ပန်းပူဇော်ပြီး မင်းကွယ်ရာမှာ မင်းတဦး တည်းအတွက်
သစ္စာရှိရှိ ဆုတောင်းပေးနေမယ့် မိန်းမမျိုး ကသာ အမိနဲ့တူသောမိန်းမ ….ညီမနှင့်တူသောမိန်းမ … ကျွန်နဲ့တူသောမိန်းမ မျိုးပါ။ အဲတော့ ၃သောင်းတန် ပီဇာတစ်ပြားစားရဖို့ အငတ်ခံငွေ စုရဦးမယ့်အစား …. ၁၀၀ ကျပ်တန် ဆမူစာလေးစားပြီး အပိုငွေကိုစုကြပါ
Credit