ေဒၚလာ သန္း ၂၀၀ ေထာက္ပံ့မည္ဟု ေၾကညာၿပီး ၃ရက္ေျမာက္တြင္ စက္သုံးဆီေဈး ျပန္လည္ျမင့္တက္
ေမဘယ္လ္သူ
မဇၩိမ ။ ။ စစ္ေကာင္စီလက္ေအာက္ခံ ဗဟိုဘဏ္က စက္သုံးဆီ တင္သြင္းသည့္ လုပ္ငန္းရွင္မ်ားအား ႏိုင္ငံျခားေငြေစ်းကြက္မွတစ္ဆင့္ ေဒၚလာ သန္း ၂၀၀ ေက်ာ္ ေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္က ဩဂုတ္လ ၃၁ရက္ ညေနပိုင္းတြင္ ထုတ္ျပန္ ေၾကညာခဲ့သည္။
အဆိုပါ ေၾကညာခ်က္ထုတ္ျပန္ၿပီး သုံးရက္ေျမာက္ေန႔ (ယေန႔ စက္တင္ဘာ ၃ရက္)တြင္ စက္သုံးဆီေဈးႏႈန္းမ်ား ျပန္လည္ျမင့္တက္သြားေၾကာင္း သိရသည္။
ယေန႔စက္တင္ဘာ ၃ ရက္ေန႔ တြင္ ၉၂ တစ္လီတာလွ်င္ ၂,၃၉၅က်ပ္၊ ၉၅ တစ္လီတာလွ်င္ ၂,၄၉၅ က်ပ္၊ ဒီဇယ္ဆီႏွင့္ ပရီမီယံ တစ္လီတာလွ်င္ ၃,၁၂၅ က်ပ္စီ အထိ ေဈးအနည္းငယ္ျမင့္တက္သြားေၾကာင္း သိရသည္။
ယမန္ေန႔ ဩဂုတ္လ ၂ရက္ေန႔ ေဈးႏႈန္းမ်ားျဖင့္ ႏႈိင္းယွဥ္ၾကည့္လွ်င္ ၉၂ ႏွင့္ ၉၅ တစ္လီတာလွ်င္ ၁၀၀ က်ပ္ဝန္းက်င္ ႏွင့္ ဒီဇယ္ဆီႏွင့္ ပရီမီယံဒီဇယ္ဆီ တစ္လီတာလွ်င္ ၅၀ က်ပ္ဝန္းက်င္ ျမင့္တက္သြားျခင္းျဖစ္သည္။
” စက္တင္ဘာ ၁ရက္ေန႔ကေတာ့ ဆီေဈးတက္ၿပီး ျပန္က်တဲ့ရက္ေတြမွာ ဒီေန႔စံခ်ိန္တင္က်တယ္လို႔ေျပာလို႔ရတယ္၊ ေနာက္ရက္ေတြမွာ အနည္းငယ္ထပ္က်တယ္၊
ဒါေပမယ့္ ဒီေန႔မွာေတာ့ အတက္ဘက္ကို ျပန္ၿပီးေရာက္လာတယ္၊ ေရွ႕ ႏွစ္ရက္မွာ က်ရိပ္ျပၿပီး ျပန္တက္လာတဲ့သေဘာမ်ိဳးျဖစ္ေနတယ္” ဟု စက္သုံးဆီလုပ္ငန္းရွင္တစ္ဦးက မဇၩိမကိုေျပာသည္။
စက္သုံးဆီေဈးႏႈန္းႀကီးျမင့္မႈေၾကာင့္ အေျခခံကုန္စည္ေဈးႏႈန္း ႀကီးျမင့္လာမႈကို သက္သာေစရန္ ႏိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီ၏ ဆုံးျဖတ္ခ်က္ျဖင့္ ႏိုင္ငံျခားေငြေၾကးေဈးကြက္မွတစ္ဆင့္ အေမရိကန္ေဒၚလာသန္း ၂၀၀ ေက်ာ္ ေထာက္ပံ့ေပးမည္ဟု ယမန္ေန႔က ေၾကညာခဲ့ျခင္းျဖစ္သည္။
စာတည္း – သန္႔ေဇာ္(သန္လ်င္)
mizzima
ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာပြီး ၃ရက်မြောက်တွင် စက်သုံးဆီဈေး ပြန်လည်မြင့်တက်
မေဘယ်လ်သူ
မဇ္ဈိမ ။ ။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းသည့် လုပ်ငန်းရှင်များအား နိုင်ငံခြားငွေဈေးကွက်မှတစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဩဂုတ်လ ၃၁ရက် ညနေပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီး သုံးရက်မြောက်နေ့ (ယနေ့ စက်တင်ဘာ ၃ရက်)တွင် စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်သွားကြောင်း သိရသည်။
ယနေ့စက်တင်ဘာ ၃ ရက်နေ့ တွင် ၉၂ တစ်လီတာလျှင် ၂,၃၉၅ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၄၉၅ ကျပ်၊ ဒီဇယ်ဆီနှင့် ပရီမီယံ တစ်လီတာလျှင် ၃,၁၂၅ ကျပ်စီ အထိ ဈေးအနည်းငယ်မြင့်တက်သွားကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂ရက်နေ့ ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ကြည့်လျှင် ၉၂ နှင့် ၉၅ တစ်လီတာလျှင် ၁၀၀ ကျပ်ဝန်းကျင် နှင့် ဒီဇယ်ဆီနှင့် ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၅၀ ကျပ်ဝန်းကျင် မြင့်တက်သွားခြင်းဖြစ်သည်။
” စက်တင်ဘာ ၁ရက်နေ့ကတော့ ဆီဈေးတက်ပြီး ပြန်ကျတဲ့ရက်တွေမှာ ဒီနေ့စံချိန်တင်ကျတယ်လို့ပြောလို့ရတယ်၊ နောက်ရက်တွေမှာ အနည်းငယ်ထပ်ကျတယ်၊
ဒါပေမယ့် ဒီနေ့မှာတော့ အတက်ဘက်ကို ပြန်ပြီးရောက်လာတယ်၊ ရှေ့ နှစ်ရက်မှာ ကျရိပ်ပြပြီး ပြန်တက်လာတဲ့သဘောမျိုးဖြစ်နေတယ်” ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှတစ်ဆင့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဟု ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။
စာတည်း – သန့်ဇော်(သန်လျင်)
mizzima