အျမန္လမ္းပိတ္ခ်ိန္ လမ္းေဘးအိပ္စက္ရတဲ့ ခရီးသြား တစ္ဦးေသဆုံး
မဲေခါင္၊ စက္တင္ဘာ ၃
ရန္ကုန္-မႏၲေလး အျမန္လမ္း မိုင္တိုင္ ၁၃၈ စစ္ေဆးေရးဂိတ္မွာ ယမန္ေန႔ည ဂိတ္ပိတ္ခ်ိန္ ခရီးသည္ေတြ အိပ္စက္ေနစဥ္ အမ်ိဳးသား တစ္ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ေသဆုံးသူဟာ အသက္ (၄၆) ႏွစ္အ႐ြယ္ ကိုစန္းလြင္ေအာင္ ဆိုသူ ျဖစ္ၿပီး ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ေညာင္ပင္႐ြာမွာ ေနထိုင္သူ ျဖစ္ကာ မႏၲေလးမွ ရန္ကုန္သို႔ လာတဲ့ ခရီးသည္တင္ကားနဲ႔ လိုက္ပါလာတာ ျဖစ္တယ္လို႔ ကူညီကယ္ဆယ္ေရး လုပ္ကိုင္ေပးသူ တစ္ဦးက ေျပာပါတယ္။
“ခရီးသည္ေတြ နားၿပီး အဆင္ေျပတဲ့ ေနရာ အိပ္ၾကတာ။ မနက္ ကားျပန္ထြက္လို႔ရတဲ့ အခါ လူျပန္စုေတာ့မွ ေတြ႕တာ။ လက္ရွိေတာ့ အေလာင္းကို အုတ္တြင္း ေဆး႐ုံမွာ ထားထားတယ္” လို႔ ၎ေျပာပါတယ္။
ေသဆုံးသူမွာ ႏွလုံးေရာဂါ အခံ ရွိတယ္လို႔ ကယ္ဆယ္ေရး တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။
“အိမ္ျပန္မယ့္သူ အိမ္ျပန္မေရာက္တဲ့ အတြက္ေတာ့ စိတ္မေကာင္းပါဘူး။ ခုလည္း သူ႔မိသားစုေတြ ဆက္သြယ္ ေနပါတယ္” လို႔ ၎ကေျပာပါတယ္။
စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ရန္ကုန္- မႏၲေလး အျမန္လမ္းကို ည ၁၂ နာရီကေန မနက္ ၄ နာရီအထိ ျဖတ္သန္းသြားလာခြင့္ ပိတ္ပင္ထားတဲ့ အတြက္ ခရီးသည္ေတြ အခက္အခဲ ျဖစ္ေနရတယ္လို႔ သိရပါတယ္။
MeKongNews
အမြန်လမ်းပိတ်ချိန် လမ်းဘေးအိပ်စက်ရတဲ့ ခရီးသွား တစ်ဦးသေဆုံး
မဲခေါင်၊ စက်တင်ဘာ ၃
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၃၈ စစ်ဆေးရေးဂိတ်မှာ ယမန်နေ့ည ဂိတ်ပိတ်ချိန် ခရီးသည်တွေ အိပ်စက်နေစဉ် အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အသက် (၄၆) နှစ်အရွယ် ကိုစန်းလွင်အောင် ဆိုသူ ဖြစ်ပြီး ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ရွာမှာ နေထိုင်သူ ဖြစ်ကာ မန္တလေးမှ ရန်ကုန်သို့ လာတဲ့ ခရီးသည်တင်ကားနဲ့ လိုက်ပါလာတာ ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးသူ တစ်ဦးက ပြောပါတယ်။
“ခရီးသည်တွေ နားပြီး အဆင်ပြေတဲ့ နေရာ အိပ်ကြတာ။ မနက် ကားပြန်ထွက်လို့ရတဲ့ အခါ လူပြန်စုတော့မှ တွေ့တာ။ လက်ရှိတော့ အလောင်းကို အုတ်တွင်း ဆေးရုံမှာ ထားထားတယ်” လို့ ၎င်းပြောပါတယ်။
သေဆုံးသူမှာ နှလုံးရောဂါ အခံ ရှိတယ်လို့ ကယ်ဆယ်ရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“အိမ်ပြန်မယ့်သူ အိမ်ပြန်မရောက်တဲ့ အတွက်တော့ စိတ်မကောင်းပါဘူး။ ခုလည်း သူ့မိသားစုတွေ ဆက်သွယ် နေပါတယ်” လို့ ၎င်းကပြောပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်- မန္တလေး အမြန်လမ်းကို ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတဲ့ အတွက် ခရီးသည်တွေ အခက်အခဲ ဖြစ်နေရတယ်လို့ သိရပါတယ်။
MeKongNews