Local News

ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ စခန္းကို စစ္သား ၂၀၀ နီးပါး မိုးမလင္းမီ သြားေရာက္စီးနင္း ပစ္ခတ္ခဲ့ေသာ္လည္း

ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ စခန္းကို စစ္သား ၂၀၀ နီးပါး မိုးမလင္းမီ သြားေရာက္စီးနင္း ပစ္ခတ္ခဲ့ေသာ္လည္း ေထာင္ထားသည့္မိုင္းမ်ားကိုသာ ရင္ဆိုင္ရ

မေကြးတိုင္း၊ မင္းလွၿမိဳ႕နယ္ေတာင္ဘက္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (ပကဖ) ၏ စခန္းတစ္ခုကို စစ္ေကာင္စီတပ္က အင္အား ၂၀၀ နီးပါးျဖင့္ ဝင္ေရာက္စီးနင္းခဲ့ေသာေၾကာင့္ ကာကြယ္ေရးအဖြဲ႕မ်ား ဆုတ္ခြာခဲ့ရသည္ဟု သိရသည္။

မေကြးတိုင္းေတာင္ပိုင္း ပကဖ ႏွင့္ မင္းလွၿမိဳ႕ ပကဖတို႔ အေျခစိုက္ထားေသာ ထိုစခန္းကို ဩဂုတ္ ၃၀ ရက္ နံနက္ ၄ နာရီခြဲအခ်ိန္တြင္ စစ္တပ္က ဝင္ေရာက္စီးနင္းခဲ့ျခင္း ျဖစ္သည္။

မင္းလွၿမိဳ႕အေျခစိုက္ ကာကြယ္ေရးပစၥည္းစက္႐ုံ ၃ ခုမွ စစ္သားမ်ား၊ တပ္မ ၈၈ လက္ေအာက္ခံ ေျခလ်င္တပ္ရင္း (ခလရ ၈၃) ႏွင့္ ေထာက္ပို႔တပ္ ၉၄၉ တပ္တို႔မွ အင္အား ၂၀၀ ဝန္းက်င္က ကား ၈ စီးျဖင့္ လာေရာက္ စီးနင္းျခင္းျဖစ္ေၾကာင္း မင္းလွျပည္သူ႔ကာကြယ္ေရးအဖြဲ႕မွ သိရသည္။

စစ္ေၾကာင္းက လာေရာက္စီးနင္းရာတြင္ နာရီဝက္ခန္႔ သတင္းႀကိဳရ၍ တိုက္မိုင္းမ်ား၊ နင္းမိုင္းမ်ား ေထာင္ႏိုင္ခဲ့သည့္အတြက္ စခန္းလာေရာက္စီးနင္းသည့္ စစ္ေကာင္စီတပ္မ်ား မိုင္းထိၿပီး ထိခိုက္ေသဆုံးဒဏ္ရာရမႈမ်ား ရွိသည္ဟု ကာကြယ္ေရးအဖြဲ႕က ဆိုသည္။

“တိုက္မိုင္းေတြ၊ နင္းမိုင္းေတြ ေထာင္ခဲ့တယ္။ ဓာတ္ဆီပုံးကိုလည္း သြားထိေတာ့ သူတို႔ဘက္က ေသႏႈန္း နည္းနည္း မ်ားသြားတာ။..အဲဒီေတာ့ စခန္းမွာ မိုင္းမိၿပီးေတာ့ ရပ္သြားတယ္။ သူတို႔ဘက္က လက္နက္ႀကီးေတြနဲ႔ ေတာက္ေလွ်ာက္ပစ္တယ္။ စက္ေသနတ္ေတြနဲ႔ အခ်က္ေပါင္းမ်ားစြာ ပစ္တယ္” ဟု ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ မင္းလွၿမိဳ႕မွ ေျပာေရးဆိုခြင့္ရွိသူက Myanmar Now ကို ေျပာသည္။

စစ္ေကာင္စီအဖြဲ႕ဘက္က ေသဆုံးသူႏွင့္ ဒဏ္ရာရသူမ်ားကို ေကာက္ယူၿပီး ျပန္လည္ဆုတ္ခြာသြားေၾကာင္း ၎က ဆက္ေျပာသည္။

စစ္တပ္၏ စီးနင္းမႈအတြင္း စားနပ္ရိကၡာ၊ စက္သုံးဆီႏွင့္ အိုးခြက္ပန္းကန္အခ်ိဳ႕ ဆုံးရႈံးခဲ့ရေသာ္လည္း ကာကြယ္ေရးအဖြဲ႕ဝင္မ်ား အထိအခိုက္မရွိ ဆုတ္ခြာႏိုင္ခဲ့သည္ဟု ေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။

ဧရာဝတီျမစ္ အေနာက္ဘက္ကမ္းနဖူးရွိ အထက္မင္းလွၿမိဳ႕သည္ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ၿပီး ရခိုင္ ျပည္နယ္၊ အမ္းၿမိဳ႕နယ္ႏွင့္လည္း နယ္နိမိတ္ခ်င္း ထိစပ္ေနသည္။

မေကြးတိုင္းေျမာက္ပိုင္းရွိ ဂန႔္ေဂါ၊ ထီးလင္း၊ ေယာ၊ ေဆာ၊ ေရစႀကိဳတို႔တြင္ ၿပီးခဲ့သည့္ႏွစ္ကတည္းက လက္နက္ကိုင္ခုခံမႈမ်ား အရွိန္ျမင့္ အားေကာင္းခဲ့ၿပီး မေကြးတိုင္းအလယ္ပိုင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ယခုႏွစ္ဆန္းပိုင္းမွ စတင္ကာ စစ္ေရးလႈပ္ရွားမႈမ်ား ထြက္ေပၚလာသည္။

အာဏာသိမ္းမႈကို လက္မခံေၾကာင္း ၿငိမ္းခ်မ္းစြာဆႏၵျပသူမ်ားကို စစ္တပ္က ပစ္ခတ္သတ္ျဖတ္မႈမ်ားအၿပီး ေဒသအႏွံ႔မွ လူငယ္အမ်ားအျပားက လက္လုပ္ေသနတ္မ်ား ကိုင္ၿပီး ခုခံစစ္ စတင္ခဲ့ၾကသည္။

ကခ်င္၊ ကရင္၊ ကရင္နီ (ကယား)၊ ခ်င္းျပည္နယ္ႏွင့္ ဗမာအမ်ားစုေနထိုင္ရာ ျမန္မာႏိုင္ငံအလယ္ပိုင္း စစ္ကိုင္းတိုင္း၊ မေကြးတိုင္းတို႔တြင္လည္း လက္နက္ကိုင္ေတာ္လွန္မႈမ်ား အရွိန္ျမင့္ အားေကာင္းေနဆဲျဖစ္သည္။

အာဏာသိမ္းၿပီး တစ္ႏွစ္ေက်ာ္ၾကာသည္အထိ စစ္တပ္က တစ္ႏိုင္ငံလုံးကို ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိေသးေပ။

လူေနရပ္ကြက္ ေက်း႐ြာမ်ားအတြင္း ျပဳလုပ္ေသာ စစ္ေကာင္စီတပ္၏ စစ္ဆင္ေရးမ်ားတြင္ လက္နက္ႀကီးပစ္ခတ္မႈ၊ ေလေၾကာင္းတိုက္ခိုက္မႈမ်ား သုံးေနသျဖင့္ အရပ္သားအမ်ားအျပား ေသဆုံး ထိခိုက္ေနသည္။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းကို စစ်သား ၂၀၀ နီးပါး မိုးမလင်းမီ သွားရောက်စီးနင်း ပစ်ခတ်ခဲ့သော်လည်း ထောင်ထားသည့်မိုင်းများကိုသာ ရင်ဆိုင်ရ

မကွေးတိုင်း၊ မင်းလှမြို့နယ်တောင်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အား ၂၀၀ နီးပါးဖြင့် ဝင်ရောက်စီးနင်းခဲ့သောကြောင့် ကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

မကွေးတိုင်းတောင်ပိုင်း ပကဖ နှင့် မင်းလှမြို့ ပကဖတို့ အခြေစိုက်ထားသော ထိုစခန်းကို ဩဂုတ် ၃၀ ရက် နံနက် ၄ နာရီခွဲအချိန်တွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

မင်းလှမြို့အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ ၃ ခုမှ စစ်သားများ၊ တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ ၈၃) နှင့် ထောက်ပို့တပ် ၉၄၉ တပ်တို့မှ အင်အား ၂၀၀ ဝန်းကျင်က ကား ၈ စီးဖြင့် လာရောက် စီးနင်းခြင်းဖြစ်ကြောင်း မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိရသည်။

စစ်ကြောင်းက လာရောက်စီးနင်းရာတွင် နာရီဝက်ခန့် သတင်းကြိုရ၍ တိုက်မိုင်းများ၊ နင်းမိုင်းများ ထောင်နိုင်ခဲ့သည့်အတွက် စခန်းလာရောက်စီးနင်းသည့် စစ်ကောင်စီတပ်များ မိုင်းထိပြီး ထိခိုက်သေဆုံးဒဏ်ရာရမှုများ ရှိသည်ဟု ကာကွယ်ရေးအဖွဲ့က ဆိုသည်။

“တိုက်မိုင်းတွေ၊ နင်းမိုင်းတွေ ထောင်ခဲ့တယ်။ ဓာတ်ဆီပုံးကိုလည်း သွားထိတော့ သူတို့ဘက်က သေနှုန်း နည်းနည်း များသွားတာ။..အဲဒီတော့ စခန်းမှာ မိုင်းမိပြီးတော့ ရပ်သွားတယ်။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ စက်သေနတ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်တယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ မင်းလှမြို့မှ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

စစ်ကောင်စီအဖွဲ့ဘက်က သေဆုံးသူနှင့် ဒဏ်ရာရသူများကို ကောက်ယူပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ်၏ စီးနင်းမှုအတွင်း စားနပ်ရိက္ခာ၊ စက်သုံးဆီနှင့် အိုးခွက်ပန်းကန်အချို့ ဆုံးရှုံးခဲ့ရသော်လည်း ကာကွယ်ရေးအဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဧရာဝတီမြစ် အနောက်ဘက်ကမ်းနဖူးရှိ အထက်မင်းလှမြို့သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ရခိုင် ပြည်နယ်၊ အမ်းမြို့နယ်နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည်။

မကွေးတိုင်းမြောက်ပိုင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ယော၊ ဆော၊ ရေစကြိုတို့တွင် ပြီးခဲ့သည့်နှစ်ကတည်းက လက်နက်ကိုင်ခုခံမှုများ အရှိန်မြင့် အားကောင်းခဲ့ပြီး မကွေးတိုင်းအလယ်ပိုင်းရှိ မြို့နယ်အချို့တွင် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ စစ်ရေးလှုပ်ရှားမှုများ ထွက်ပေါ်လာသည်။

အာဏာသိမ်းမှုကို လက်မခံကြောင်း ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုများအပြီး ဒေသအနှံ့မှ လူငယ်အများအပြားက လက်လုပ်သေနတ်များ ကိုင်ပြီး ခုခံစစ် စတင်ခဲ့ကြသည်။

ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ ချင်းပြည်နယ်နှင့် ဗမာအများစုနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်လည်း လက်နက်ကိုင်တော်လှန်မှုများ အရှိန်မြင့် အားကောင်းနေဆဲဖြစ်သည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာသည်အထိ စစ်တပ်က တစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။

လူနေရပ်ကွက် ကျေးရွာများအတွင်း ပြုလုပ်သော စစ်ကောင်စီတပ်၏ စစ်ဆင်ရေးများတွင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ သုံးနေသဖြင့် အရပ်သားအများအပြား သေဆုံး ထိခိုက်နေသည်။