Local News

အေကာင့္တုနဲ႔ ခ်ိန္းဆိုသူဆီသြားမိတဲ့ CDM ေက်ာင္းဆရာ

အေကာင့္တုနဲ႔ ခ်ိန္းဆိုသူဆီသြားမိတဲ့ CDM ေက်ာင္းဆရာ ပစ္ခတ္ဖမ္းဆီးခံရ

နတ္တလင္း၊ စက္တင္ဘာ ၃၊ ၂၀၂၂။

ပဲခူးတိုင္းအေနာက္ျခမ္း၊ နတ္တလင္းၿမိဳ႕နယ္၊ တာပြန္ၿမိဳ႕ေတာင္ပိုင္းတေနရာမွာ စက္တင္ဘာလ ၂ ရက္ မေန႔မနက္ပိုင္းက CDM ေက်ာင္းဆရာတဦးကို စစ္ေကာင္စီဘက္က လိမ္လည္ေခၚယူခဲ့ၿပီး ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။

ဇီးကုန္းၿမိဳ႕နယ္၊ ပန္းတင္ႀကီး႐ြာမွာ ေနထိုင္ၿပီး၊ က်ခတ္ဝါး႐ုံ စာသင္ေက်ာင္းကေန CDM လုပ္ထားတဲ့ ေက်ာင္းဆရာ ကိုသန႔္ဇင္ၿဖိဳးဆိုသူျဖစ္ကာ တာပြန္ၿမိဳ႕အထြက္ ေခ်ာက္ခမ္းေက်း႐ြာနားမွာ စစ္ေကာင္စီတပ္သားေတြက ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့တာလို႔ သိရပါတယ္။

“ကိုသန႔္ဇင္ၿဖိဳးတဲ့ သင္တန္းတက္ၿပီးသားလို႔ေျပာတယ္၊ နတ္တလင္းမွာ ခုတာဝန္က်တဲ့ ဗိုလ္မႈးက fb မွာအေကာင့္တုရွိတယ္၊ ေက်ာင္းဆရာနဲ႔ friend ဆိုေတာ့ မက္စင္ဂ်ာကေန သူက သင္တန္းတက္ၿပီးသား ခုျပန္ေရာက္ေနတယ္၊

လက္နက္မရွိလို႔ ဘာမွမလုပ္ႏိုင္ဘူး။ ဗိုလ္မႉး အေကာင့္တုကလည္း ဗုံးယူမလားေပါ့၊ ေက်ာင္းဆရာက ယူမယ္ဆိုၿပီး ခ်ိန္းတာ ဟိုကကားႏွစ္စီးနဲ႔ လာေခၚတာ၊ ကားေပၚေရာက္လို႔ ေသနတ္ေတြ ျမင္လို႔ ဆင္းေျပးရင္း အပစ္ခံရတာ” လို႔ ေဒသခံတဦးက ေျပာပါတယ္။

ဆီးခုံမွာ ေသနတ္ဒဏ္ရာ ရရွိထားတဲ့ ကိုသန႔္ဇင္ၿဖိဳးကို အရပ္ဝတ္ဝတ္ဆင္ထားတဲ့ စစ္ေကာင္စီတပ္ေတြက အိမ္စီးကားနဲ႔ နတ္တလင္းေဆး႐ုံကို ေခၚေဆာင္သြားခဲ့ၿပီး၊ ေဆး႐ုံမွာ ရွိေနစဥ္ကလည္း ေသြးထြက္လြန္ေနတာေၾကာင့္ ေဆး႐ုံဝန္ထမ္းေတြက ပုဆိုးအသစ္အတည္ ဝယ္ၿပီး လွဲလည္ေပးခဲ့ရတယ္လို႔ အထက္ပါေဒသခံက ဆက္ေျပာပါတယ္။

အဲ့ဒီေနာက္ နတ္တလင္းေဆး႐ုံမွာ ကုသမႈအနည္းငယ္ခံယူၿပီး ဒဏ္ရာျပင္းထန္တာေၾကာင့္ ျပည္ၿမိဳ႕အနီးက ကုတင္ ၁၀၀ စစ္ေဆး႐ုံကို ပို႔ေဆာင္လိုက္ရတယ္လို႔လည္း ဆိုပါတယ္။

ကိုသန႔္ဇင္ၿဖိဳးနဲ႔ မက္ဆင္ဂ်ာကေန ဆက္သြယ္ခဲ့သူဟာ နတ္တလင္းၿမိဳ႕စစ္ေကာင္စီက ဗိုလ္မႉးထြန္းလင္းေအာင္ ဆိုသူျဖစ္ၿပီး သူ႔ရဲ႕အေကာင့္အတု အမည္ကိုေတာ့ မသိရေသးပါဘူး။

ေျမလတ္အသံ

အကောင့်တုနဲ့ ချိန်းဆိုသူဆီသွားမိတဲ့ CDM ကျောင်းဆရာ ပစ်ခတ်ဖမ်းဆီးခံရ

နတ်တလင်း၊ စက်တင်ဘာ ၃၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့တောင်ပိုင်းတနေရာမှာ စက်တင်ဘာလ ၂ ရက် မနေ့မနက်ပိုင်းက CDM ကျောင်းဆရာတဦးကို စစ်ကောင်စီဘက်က လိမ်လည်ခေါ်ယူခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဇီးကုန်းမြို့နယ်၊ ပန်းတင်ကြီးရွာမှာ နေထိုင်ပြီး၊ ကျခတ်ဝါးရုံ စာသင်ကျောင်းကနေ CDM လုပ်ထားတဲ့ ကျောင်းဆရာ ကိုသန့်ဇင်ဖြိုးဆိုသူဖြစ်ကာ တာပွန်မြို့အထွက် ချောက်ခမ်းကျေးရွာနားမှာ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

“ကိုသန့်ဇင်ဖြိုးတဲ့ သင်တန်းတက်ပြီးသားလို့ပြောတယ်၊ နတ်တလင်းမှာ ခုတာဝန်ကျတဲ့ ဗိုလ်မှုးက fb မှာအကောင့်တုရှိတယ်၊ ကျောင်းဆရာနဲ့ friend ဆိုတော့ မက်စင်ဂျာကနေ သူက သင်တန်းတက်ပြီးသား ခုပြန်ရောက်နေတယ်၊

လက်နက်မရှိလို့ ဘာမှမလုပ်နိုင်ဘူး။ ဗိုလ်မှူး အကောင့်တုကလည်း ဗုံးယူမလားပေါ့၊ ကျောင်းဆရာက ယူမယ်ဆိုပြီး ချိန်းတာ ဟိုကကားနှစ်စီးနဲ့ လာခေါ်တာ၊ ကားပေါ်ရောက်လို့ သေနတ်တွေ မြင်လို့ ဆင်းပြေးရင်း အပစ်ခံရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဆီးခုံမှာ သေနတ်ဒဏ်ရာ ရရှိထားတဲ့ ကိုသန့်ဇင်ဖြိုးကို အရပ်ဝတ်ဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်တွေက အိမ်စီးကားနဲ့ နတ်တလင်းဆေးရုံကို ခေါ်ဆောင်သွားခဲ့ပြီး၊ ဆေးရုံမှာ ရှိနေစဉ်ကလည်း သွေးထွက်လွန်နေတာကြောင့် ဆေးရုံဝန်ထမ်းတွေက ပုဆိုးအသစ်အတည် ဝယ်ပြီး လှဲလည်ပေးခဲ့ရတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

အဲ့ဒီနောက် နတ်တလင်းဆေးရုံမှာ ကုသမှုအနည်းငယ်ခံယူပြီး ဒဏ်ရာပြင်းထန်တာကြောင့် ပြည်မြို့အနီးက ကုတင် ၁၀၀ စစ်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့လည်း ဆိုပါတယ်။

ကိုသန့်ဇင်ဖြိုးနဲ့ မက်ဆင်ဂျာကနေ ဆက်သွယ်ခဲ့သူဟာ နတ်တလင်းမြို့စစ်ကောင်စီက ဗိုလ်မှူးထွန်းလင်းအောင် ဆိုသူဖြစ်ပြီး သူ့ရဲ့အကောင့်အတု အမည်ကိုတော့ မသိရသေးပါဘူး။

မြေလတ်အသံ