Cele
ယုန်လေး မလည်ရှုပ်လုပ်သွားတဲ့အကြောင်း အသည်းအသန်ဖြေရှင်းနေကြသူများ
Rap သီချင်းကောင်းများစွာကို အထာကျကျသီဆိုတတ်တဲ့ နာမည်ကြီး Hip Hop အဆိုတော် ကျော်ထွဋ်ဆွေ ကိုတော့ လူငယ်ပရိသတ်တွေ မှတ်မိကြအုန်းမယ် ထင်ပါတယ်။
ကျော်ထွဋ်ဆွေ ဟာ အဆိုတော် ဂျောက်ဂျက် နဲ့ သီချင်းကောင်းများစွာကို အတူဖန်တီးခဲ့ပြီး လူငယ်ပရိသတ်တွေကြား အတော်လေးရေပန်းစားခဲ့တာပါ။
ဒါအပြင် ကျော်ထွဋ်ဆွေ ဟာ ရဲ့ One Way Hair Style ဟာ ယောက်ကျားလေးပရိသတ်တွေ လိုက်ညှပ်ရတဲ့အထိ နာမည်ကြီးခဲ့ပါတယ်။
အဆိုတော် ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာ ဟာ ချစ်သူတွေအဖြစ် တွဲလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။
အဆိုတော် နန်းသူဇာ တို့စုံတွဲကတော့ ယုန်လေး ရဲ့ အလှူမှာပါဝင်လှူဒါန်းခဲ့တဲ့ စာရင်းမှာပါဝင်ခဲ့တာကြောင့် ပရိသတ်တွေနားလည်မှု့မလွဲစေဖို့ ရှင်းပြလိုက်ပါတယ်။
အလှူငွေစာရင်း နာမည်ပါလာတဲ့ ကိစ္စရှင်းပြပါရစေ.. ကိုကျော်ကို ကိုယုန်လေး အရင်ထဲက ရှင်းပေးရမယ့် အနုပညာကြေးလေးတွေရှိခဲ့ပါတယ်အဲငွေလေးတွေကို သူရှင်းပေးဖို့ပြောထားခဲ့တာ ကြာခဲ့ပါပြီ
နောက်တော့ဒီလို နိုင်ငံရေး ကိစ္စတွေဖြစ်လာခဲ့တဲ့အတွက် အဲကိစ္စဆက်မပြောဖြစ်ခဲ့ကြပါဘူး ( အနုပညာကြေးဆိုလို့ အများကြီးလဲမထင်ပါနဲ့နော် တော်တော်ကိုနည်းပါတယ်)
အခု ဒီအပါတ်တွင်း ကိုကျော့်ကို messenger ကနေသူအလှူလာခံပါတယ် “ချို့တဲ့ပြည်သူတွေအတွက်လှူဖို့ အလှူမှာ ပါဝင်ပေးဖို့ပါ.. “ တဲ့
အဲ့ဒီအချိန်တုန်းက နန်းတို့၂ယောက်လုံးခရီးရောက်နေတဲ့တွက် သူ့ကို ဘာ Reply မှ မလုပ်ဖြစ်ခဲ့ပါဘူးသူ ဘာကိုနားလည်မှု လွဲသွားလဲ မသိပါဘူးနန်းတို့လဲ သူရေးတာကို Screenshot မြင်တော့မှပဲသိရတာပါ
ဖြေရှင်းမှရတော့မယ်ထင်လို့ ဒီစာရေးရပါတယ် ကျေးဇူးပါ လို့ နန်းသူဇာ ကတော့ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ဖြေရှင်းထားတာကို တွေ့ရပါတယ်။credit