Local News
ဘာဖစ်လို့လဲ မမမြနှင်းရေ ….အစစအရာရာဂရုစိုက်ပါ …
ကံမကုန်ရင်ပြန်ဆုံကြတာပေါ့လို့ ထူးထူးဆန်းဆန်း စကားတွေပြောလိုက်တဲ့ မြနှင်းရည်လွင်
တည်ငြိမ်ရင့်ကျက်တဲ့အလှပိုင်ရှင်တစ်ဦးဖြစ်ပြီး မြန်မာဝတ်စုံတွေကိုသာ အများဆုံးဝတ်ဆင်လေ့ရှိတဲ့ မြန်မာမော်ဒယ်နဲ့သရုပ်ဆောင် မြနှင်းရည်လွင် ကတော့
ဇာတ်လမ်းတွဲတွေရိုက်ကူးရင်း ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။
ဒါအပြင် ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ကြခဲ့တာကြောင့် ပရိသတ်တွေက ပိုမိုချစ်ခင်ရပြန်ပါတယ်။
သူမကိုတော့ စစ်ကောင်စီမှ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားတာကြောင့် လက်ရှိမှာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။
လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ပြည်သူ့အချစ်တော် မြနှင်းရည်လွင် ကတော့ စစ်ကောင်စီကို တွန်းလှန်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။
တောထဲမှာ နေထိုင်၊ စားသောက်ရတာ ခက်ခဲပင်ပန်းလွန်းပေမယ့် ” ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘူး …
သွေးကြွေးမှာဆွေးနွေးစရာမလိုဘူး” လို့ သူမရဲ့ ရဲရင့်တဲ့စိတ်ဓာတ်ကို သူမရဲ့လှုမှု့ကွန်ယက်ပေါ်မှတစ်ဆင့် ပြတ်ပြတ်သားသား ဖော်ပြခဲ့ပါသေးတယ်။
Cele Only ပရိသတ်ကြီးရေ … မြနှင်းရည်လွင် ကတော့ လတ်တလောမှာ လွတ်မြောက်နယ်မြေမှာ ဆုံးဖြတ်ချက်၊ ခံယူချက် ခိုင်မာစွာနဲ့ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတာဆိုလည်း မမှားပါဘူး..။
ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ယုံချက်ကြည်တွေနဲ့ အနာဂတ်တွေအတွက် တော်လှန်ရေးတိုက်ပွဲ ကြီး မှာ ကြိုးစားပါဝင်နေတဲ့
မြနှင်းရည်လွင် ရဲ့ ခိုင်မာပြတ်သားတဲ့စိတ်ထားကို ပရိသတ်တွေ အားလုံးကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်..။
အခုတစ်ခါမှာလဲ ” ကံမကုန်ရင်ပြန်ဆုံကြတာပေါ့”ဆိုပြီး ပရိသတ်တွေကို ထူးထူးဆန်းဆန်း နှုတ်ဆက်စကားတွေ ပြောလိုက်ပါတယ်။
အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။credit