Local News



လူငယ့်ခေတ်

စက်တင်ဘာ ၎





လူငယ့်ခေတ်

အာဏာသိမ်းစစ်တပ်စခန်းကို ဒရုန်းနဲ့ဗုံး(၁၅)လုံးကြဲပြီးတိုက်ခိုက် (ရုပ်သံ)

လူငယ့်ခေတ်

စက်တင်ဘာ ၄

မကွေးတိုင်း ထီးလင်းမြို့ပေါ်က အာဏာသိမ်းစစ်ကောင်စီတပ်စွဲထားတဲ့ စခန်းတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ၂၈ နဲ့ ၂၉ရက်တွေမှာ ဒရုန်းနဲ့ ဗုံးသီး ၁၅လုံး ကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ညောင်ဦးခရိုင် အမှတ်၂တပ်ရင်း (ညောင်ရမ်း ဒရုန်းတပ်ခွဲ)က လူငယ့်ခေတ်ကို ပြောပါတယ်။

ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်း၊လက်နက်ကြီးထားရာ မီးသတ်ကုန်းနဲ့ စစ်ကြောင်းမှူးနေအိမ်တွေကို ဗုံးသီး ၁၅လုံး ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား(၆)ဦးအပြင်းအထန်ဒဏ်ရာရကာ ရဟတ်ယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားရတယ်လို့ ညောင်ရမ်း ဒရုန်းတပ်ခွဲက လူငယ့်ခေတ်ကို ပြောပါတယ်။

ဒရုန်းတွေကို လက်နက်ကြီး၊လက်နက်ငယ်တွေအပြင် ဒရုန်းပစ်လက်နက်တွေနဲ့ပါ စစ်ကောင်စီဖက်က ပြန်ပစ်ခဲ့တာကြောင့် ညောင်ရမ်းဒရုန်းတပ်ခွဲက ဒရုန်းသုံးစီး ပစ်ချခံခဲ့ရပြီး တစီးပြန်လည်ရရှိခဲ့တယ်လို့လဲ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လဲ ညောင်ရမ်း ဒရုန်းတပ်ခွဲထံကနေ သိရပါတယ်။