Local News

သင္တန္းဆင္းျပန္လာတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ဒုအရာခံဗိုလ္အပါ ၈ ဦးဖမ္းဆီးခံရ”

သင်တန်းဆင်းပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုအရာခံဗိုလ်အပါ ၈ ဦးဖမ်းဆီးခံရ”

“ရေးမြို့နယ်အတွင်းမှာ သင်တန်းဆင်းပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုအရာခံဗိုလ်အပါ ၈ ဦးဖမ်းဆီးခံရ”
—– —– —–

ဟိန်းစံ၊နိုင်း /ဧရာဝတီတိုင်းမ်

(ရေး)၊ စက်တင်ဘာလ ၄ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး စက်တင်ဘာလ ၃ ရက် မနေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ သံဖြူဇရပ်မြို့နယ် စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ စစ်ကောင်စီတပ်ရဲ့ သံဖြူဇရပ်မြို့နယ်၊ဝဲကလိရွာအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း (တတက ၄) သင်တန်းကျောင်း ကနေ အရာခံ/အကြပ်ကြီး သင်တန်းဆင်းပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ရေးမြို့နယ်နဲ့သံဖြူဇရပ်မြို့နယ်အကြားမှာ ဖမ်းဆီးခံလိုက်ရတာလို့သိရပါတယ်။

” ဒုအရာခံဗိုလ်အပါ ၈ ယောက်လို့သိရတယ်။ သူတို့က သောကြာနေ့က တတက ၄ ကနေ အရာခံ/အကြပ်ကြီးသင်တန်းဆင်းပြီး စနေနေ့က တပ်တွေကိုပြန်တာ။ သူတို့တပ်တွေကိုပြန်ဖို့ စုပြီးကားငှားပြီးပြန်ကြတာ။ ရေးနဲ့သံဖြူဇရပ်အစပ်မှာဖမ်းခံရတာလို့သိရတယ်” လို့ သံဖြူဇရပ်တပ်နယ်အတွင်းက စစ်ဘက်သတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့စစ်ကောင်စီတပ်သားတွေဟာ ဘယ်တပ် ရင်းတွေကဆိုတာတော့ သီးခြားအတည်မပြုနိုင်သေးဘဲ အခြေအနေအသေးစိတ်ကိုဆက်လက်စုံစမ်းနေပါတယ်။

စစ်ကောင်စီတပ်သားတွေဖမ်းဆီးခံရတာမှန်ကန်ပြီး ဘယ်အဖွဲ့ကဖမ်းဆီးတယ်ဆိုတာတော့ သေချာမသိရဘူးလို့ ရေးမြို့နယ်အတွင်းကတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

” ဒီကောင်တွေဖမ်းခံလိုက်ရတယ်ဆိုတာမှန်တယ်။ ကျနော်တို့လည်းသတင်းရတယ်။ ကျနော်တို့အဖွဲ့တော့မဟုတ်ဘူး။ အသေးစိတ်တော့မသိဘူး” လို့ ရေးမြို့နယ်အတွင်းမှာလှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ရေးမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေဘက်ကပါ သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးသလို ဘယ်အဖွဲ့ကဖမ်းဆီးသွားတယ်ဆိုတာမသိရသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ ရေးမြို့အခြေစိုက် ခမရ ၃၄၃ တပ်က ရေးမြို့နယ်အတွင်း အဲ့ဒီစစ်ကောင်စီတပ်သားတွေကိုစစ်ကြောင်းထိုး ရှာဖွေနေတယ်လို့သိရပါတယ်။ဓာတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။(ပုံဟောင်း)

“ေရးၿမိဳ႕နယ္အတြင္းမွာ သင္တန္းဆင္းျပန္လာတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ဒုအရာခံဗိုလ္အပါ ၈ ဦးဖမ္းဆီးခံရ”
—– —– —–

ဟိန္းစံ၊နိုင္း /ဧရာဝတီတိုင္းမ္

(ေရး)၊ စက္တင္ဘာလ ၄ ရက္

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ အတြင္းမွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၈ ဦး စက္တင္ဘာလ ၃ ရက္ မေန႔က ဖမ္းဆီးခံလိုက္ရတယ္လို႔ သံျဖဴဇရပ္ၿမိဳ႕နယ္ စစ္ေကာင္စီတပ္နဲ႔နီးစပ္တဲ့သတင္းရင္းျမစ္ေတြဆီက သိရပါတယ္။

ဖမ္းဆီးခံရတဲ့သူေတြဟာ စစ္ေကာင္စီတပ္ရဲ့ သံျဖဴဇရပ္ၿမိဳ႕နယ္၊ဝဲကလိရြာအေျခစိုက္ အမွတ္ ၄ တပ္မေတာ္တန္းျမႇင့္ေလ့က်င့္ေရးေက်ာင္း (တတက ၄) သင္တန္းေက်ာင္း ကေန အရာခံ/အၾကပ္ႀကီး သင္တန္းဆင္းၿပီးျပန္လာတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြျဖစ္ၿပီး ေရးၿမိဳ႕နယ္နဲ႔သံျဖဴဇရပ္ၿမိဳ႕နယ္အၾကားမွာ ဖမ္းဆီးခံလိုက္ရတာလို႔သိရပါတယ္။

” ဒုအရာခံဗိုလ္အပါ ၈ ေယာက္လို႔သိရတယ္။ သူတို႔က ေသာၾကာေန႔က တတက ၄ ကေန အရာခံ/အၾကပ္ႀကီးသင္တန္းဆင္းၿပီး စေနေန႔က တပ္ေတြကိုျပန္တာ။ သူတို႔တပ္ေတြကိုျပန္ဖို႔ စုၿပီးကားငွားၿပီးျပန္ၾကတာ။ ေရးနဲ႔သံျဖဴဇရပ္အစပ္မွာဖမ္းခံရတာလို႔သိရတယ္” လို႔ သံျဖဴဇရပ္တပ္နယ္အတြင္းက စစ္ဘက္သတင္းရင္းျမစ္တဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္။

ဖမ္းဆီးခံရတဲ့စစ္ေကာင္စီတပ္သားေတြဟာ ဘယ္တပ္ ရင္းေတြကဆိုတာေတာ့ သီးျခားအတည္မျပဳနိုင္ေသးဘဲ အေျခအေနအေသးစိတ္ကိုဆက္လက္စုံစမ္းေနပါတယ္။

စစ္ေကာင္စီတပ္သားေတြဖမ္းဆီးခံရတာမွန္ကန္ၿပီး ဘယ္အဖြဲ႕ကဖမ္းဆီးတယ္ဆိုတာေတာ့ ေသခ်ာမသိရဘူးလို႔ ေရးၿမိဳ႕နယ္အတြင္းကေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ေတြကေျပာပါတယ္။

” ဒီေကာင္ေတြဖမ္းခံလိုက္ရတယ္ဆိုတာမွန္တယ္။ က်ေနာ္တို႔လည္းသတင္းရတယ္။ က်ေနာ္တို႔အဖြဲ႕ေတာ့မဟုတ္ဘူး။ အေသးစိတ္ေတာ့မသိဘူး” လို႔ ေရးၿမိဳ႕နယ္အတြင္းမွာလႈပ္ရွားေနတဲ့ PDF တပ္ဖြဲ႕ဝင္တဦးကေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေရာ ေရးၿမိဳ႕နယ္အတြင္းက ေတာ္လွန္ေရးအင္အားစုေတြဘက္ကပါ သတင္းထုတ္ျပန္တာမ်ိဳးမေတြ႕ရေသးသလို ဘယ္အဖြဲ႕ကဖမ္းဆီးသြားတယ္ဆိုတာမသိရေသးပါဘူး။

လက္ရွိမွာ စစ္ေကာင္စီတပ္ရဲ့ ေရးၿမိဳ႕အေျခစိုက္ ခမရ ၃၄၃ တပ္က ေရးၿမိဳ႕နယ္အတြင္း အဲ့ဒီစစ္ေကာင္စီတပ္သားေတြကိုစစ္ေၾကာင္းထိုး ရွာေဖြေနတယ္လို႔သိရပါတယ္။ဓာတ္ပုံ – စစ္ေကာင္စီတပ္ဖြဲ႕ဝင္တခ်ိဳ႕။(ပုံေဟာင္း)