မႏၲေလးၿမိဳ႕တြင္ ေနထိုင္သည့္ စစ္ကိုင္းမွတ္ပုံတင္နံပတ္ကိုင္ထားသည့္ မိသားစုလိုက္ ဖမ္းဆီးခံရ
မႏၲေလး၊ စက္တင္ဘာ ၄
လူငယ့္ေခတ္
မႏၲေလးၿမိဳ႕ ၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ဦးဖိုသာဝန္းမွ စစ္ကိုင္းတိုင္း ဇာတိ၊ ၅/ မွတ္ပုံတင္နံပတ္ကိုင္ထားသည့္ မိသားစုတစ္စုကို စစ္ေကာင္စီက ယမန္ေန႔စက္တင္ဘာလ ၃ ရက္ညပိုင္းက ဝင္ေရာက္ ဖမ္းဆီးသြားေၾကာင္း ၿမိဳ႕ခံမ်ားထံက သိရသည္။
၇၆ ႏွင့္၇၇ လမ္း၊ ၃၁ လမ္းႏွင့္ ၃၂ လမ္းၾကားရွိ ေနအိမ္တစ္ခုတြင္ အဲကြန္းျပင္လုပ္ငန္း လုပ္ကိုင္သည့္ မိသားစုဝင္စုစုေပါင္း ၉ ဦးကို ယမန္ေန႔ည ၁၂ နာရီခန္႔က ဧည့္စာရင္း ဝင္စစ္သည္ဟု အေၾကာင္းျပကာ အင္အားသုံး ဖမ္းဆီးလိုက္ျခင္း ျဖစ္သည္။
“သူတို႔က ၅/ေတြ။ ဒီမွာေနတာကၾကာၿပီ။ အကုန္ေအးေအးခ်မ္းခ်မ္းပါပဲ။ ရပ္ကြက္ကလည္းသိတယ္။ ဘာလို႔ဖမ္းတာလည္း မသိဘူး။ CDM ေက်ာင္းဆရာပါလို႔ ဖမ္းတယ္လည္း ၾကားတာပဲ”ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။
မႏၲေလးၿမိဳ႕တြင္ စစ္ေကာင္စီက CDM ဝန္ထမ္းမ်ားကို တေက်ာ့ျပန္ ဖမ္းဆီးေနၿပီး ၾသဂုတ္လအတြင္းက ရတနာပုံတကၠသိုလ္မွ CDM ဝန္ထမ္း ၄ ဦးႏွင့္ မႏၲေလးတကၠသိုလ္မွ CDM မိသားစုဝင္ ၃၀ ေက်ာ္ ဖမ္းဆီးခံထားရေၾကာင္း သိရသည္။
Lungekhit
မန္တလေးမြို့တွင် နေထိုင်သည့် စစ်ကိုင်းမှတ်ပုံတင်နံပတ်ကိုင်ထားသည့် မိသားစုလိုက် ဖမ်းဆီးခံရ
မန္တလေး၊ စက်တင်ဘာ ၄
လူငယ့်ခေတ်
မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ဦးဖိုသာဝန်းမှ စစ်ကိုင်းတိုင်း ဇာတိ၊ ၅/ မှတ်ပုံတင်နံပတ်ကိုင်ထားသည့် မိသားစုတစ်စုကို စစ်ကောင်စီက ယမန်နေ့စက်တင်ဘာလ ၃ ရက်ညပိုင်းက ဝင်ရောက် ဖမ်းဆီးသွားကြောင်း မြို့ခံများထံက သိရသည်။
၇၆ နှင့်၇၇ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ နေအိမ်တစ်ခုတွင် အဲကွန်းပြင်လုပ်ငန်း လုပ်ကိုင်သည့် မိသားစုဝင်စုစုပေါင်း ၉ ဦးကို ယမန်နေ့ည ၁၂ နာရီခန့်က ဧည့်စာရင်း ဝင်စစ်သည်ဟု အကြောင်းပြကာ အင်အားသုံး ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
“သူတို့က ၅/တွေ။ ဒီမှာနေတာကကြာပြီ။ အကုန်အေးအေးချမ်းချမ်းပါပဲ။ ရပ်ကွက်ကလည်းသိတယ်။ ဘာလို့ဖမ်းတာလည်း မသိဘူး။ CDM ကျောင်းဆရာပါလို့ ဖမ်းတယ်လည်း ကြားတာပဲ”ဟု မြို့ခံတစ်ဦးကပြောသည်။
မန္တလေးမြို့တွင် စစ်ကောင်စီက CDM ဝန်ထမ်းများကို တကျော့ပြန် ဖမ်းဆီးနေပြီး သြဂုတ်လအတွင်းက ရတနာပုံတက္ကသိုလ်မှ CDM ဝန်ထမ်း ၄ ဦးနှင့် မန္တလေးတက္ကသိုလ်မှ CDM မိသားစုဝင် ၃၀ ကျော် ဖမ်းဆီးခံထားရကြောင်း သိရသည်။
Lungekhit