Local News

ပခုကၠဴတံတားအနီးက စစ္ေဆးေရးဂိတ္ကို

ပခုက္ကူတံတားအနီးက စစ်ဆေးရေးဂိတ်ကို ဝင်ပစ်ခံရလို့ ရဲ သုံးဦး ထိခိုက်သေဆုံး

စက်တင်ဘာ ၅ ၊ The Nation Voice

မကွေးတိုင်း၊ ပခုက္ကူမြို့အဝင် ပခုက္ကူ(ဧရာဝတီ)တံတားတောင်ဘက်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဝင်ရောက်ပစ်ခတ်သွားတာကြောင့် ရဲ (၃)ဦးထိခိုက်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို မနေ့က စက်တင်ဘာ (၄) ရက်၊ နေ့လယ် (၁၂) နာရီလောက်က ဝင်ရောက်ပစ်ခတ်သွားတာဖြစ်ပြီး ဝင်ရောက်ပစ်ခတ်သူတွေက သေနတ်နှစ်လက်ပါရသွားတယ်လို့ ဒေသခံတွေကပြောပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီပစ်ခတ်မှုကြောင့် ပခုက္ကူ(ဧရာဝတီ)တံတားကို ပိတ်ဆို့ပြီး စစ်ကောင်စီတပ်ဘက်က စစ်ဆေးရေးတွေလုပ်တဲ့အပြင် တံတားအနီးဝန်းကျင်က ကျေးရွာတွေမှာ ကင်းပုန်းတွေချထားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၃) ရက် ညနေပိုင်းကလည်း ပခုက္ကူမြို့ အမှတ် (၃)ရပ်ကွက် ကမ္မစျေးထဲမှာရှိတဲ့ စစ်အုပ်စုထောက်ခံသူလို့ဆိုသူ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။

အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပခုကၠဴတံတားအနီးက စစ္ေဆးေရးဂိတ္ကို ဝင္ပစ္ခံရလို႔ ရဲ သုံးဦး ထိခိုက္ေသဆုံး

စက္တင္ဘာ ၅ ၊ The Nation Voice

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕အဝင္ ပခုကၠဴ(ဧရာဝတီ)တံတားေတာင္ဘက္ရွိ စစ္ေကာင္စီတပ္စစ္ေဆးေရးဂိတ္တစ္ခုကို လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုက ဝင္ေရာက္ပစ္ခတ္သြားတာေၾကာင့္ ရဲ (၃)ဦးထိခိုက္ေသဆုံးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အဲဒီစစ္ေဆးေရးဂိတ္ကို မေန႔က စက္တင္ဘာ (၄) ရက္၊ ေန႔လယ္ (၁၂) နာရီေလာက္က ဝင္ေရာက္ပစ္ခတ္သြားတာျဖစ္ၿပီး ဝင္ေရာက္ပစ္ခတ္သူေတြက ေသနတ္ႏွစ္လက္ပါရသြားတယ္လို႔ ေဒသခံေတြကေျပာေပမယ့္ သီးျခားအတည္ျပဳနိုင္ျခင္း မရွိေသးပါဘူး။

အဲဒီပစ္ခတ္မႈေၾကာင့္ ပခုကၠဴ(ဧရာဝတီ)တံတားကို ပိတ္ဆို႔ၿပီး စစ္ေကာင္စီတပ္ဘက္က စစ္ေဆးေရးေတြလုပ္တဲ့အျပင္ တံတားအနီးဝန္းက်င္က ေက်းရြာေတြမွာ ကင္းပုန္းေတြခ်ထားတယ္လို႔လည္း ဆိုပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ (၃) ရက္ ညေနပိုင္းကလည္း ပခုကၠဴၿမိဳ႕ အမွတ္ (၃)ရပ္ကြက္ ကမၼေစ်းထဲမွာရွိတဲ့ စစ္အုပ္စုေထာက္ခံသူလို႔ဆိုသူ ေရႊဆိုင္ပိုင္ရွင္အမ်ိဳးသမီးတစ္ဦး ပစ္ခတ္ရွင္းလင္းခံခဲ့ရပါတယ္။

အထက္ပါ ပစ္ခတ္တိုက္ခိုက္မႈေတြနဲ႔ပတ္သက္လို႔ ဘယ္အဖြဲ႕အစည္းက လုပ္ေဆာင္တယ္ဆိုတာ ထုတ္ျပန္ထားတာ မရွိေသးပါဘူး။