Local News

အရပ္ဝတ္အိမ္စီးကားျဖင့္ ဝင္ေရာက္လာသည့္ စစ္ေကာင္စီတပ္ ဒုအရာခံဗိုလ္ႏွင့္ တပ္သားမ်ားကို ဖမ္းဆီးရမိ

အရပ္ဝတ္အိမ္စီးကားျဖင့္ ဝင္ေရာက္လာသည့္ စစ္ေကာင္စီတပ္ ဒုအရာခံဗိုလ္ႏွင့္ တပ္သားမ်ားကို ဖမ္းဆီးရမိ

သံျဖဴဇရပ္၊ စက္တင္ဘာ ၅

လူငယ့္ေခတ္

အရပ္ဝတ္အိမ္စီးကားျဖင့္ ခရီးသြားလာသည့္ စစ္ေကာင္စီတပ္မွ ဒုအရာခံဗိုလ္တစ္ဦးအပါအဝင္ စုစုေပါင္း (၈) ဦးကို မြန္ျပည္နယ္၊ သံျဖဴဇရပ္ႏွင့္ ေရးလမ္း လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (KNLA) ႏွင့္ ေတာင္ညိဳစစ္ေၾကာင္းတို႔မွ စစ္ေဆးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

လူငယ့္ေခတ္မွ ရရွိထားသည့္ ဓာတ္ပုံမွတ္တမ္းမ်ားအရ ဒုအရာခံဗိုလ္ ဦးလွတင္ႏွင့္ စစ္ေကာင္စီတပ္သား ၇ ဦးကို ၎တို႔၏ အသုံးအေဆာင္ပစၥည္မ်ားႏွင့္အတူ ေတြ႕ျမင္ရသည္။

သင္တန္းဆင္းစစ္ေကာင္စီတပ္မ်ား လမ္းခရီးတြင္ဖမ္းဆီးခံရေၾကာင္းကိုလည္း Ayeyarwaddy Times သတင္းဌာန က တပ္တြင္းသတင္း‌ရင္းျမစ္မ်ားကို ကိုးကားၿပီး ယမန႔္ေန႔က ေရးသားထားသည္။

မသကၤာသည့္ ေမာ္ေတာ္ယာဥ္မ်ားကို စစ္ေဆးရာမွ ေတြ႕ရွိဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး အေသးစိတ္အခ်က္အလက္မ်ား ထုတ္ျပန္ရန္ မရွိေသးေၾကာင္း လူငယ့္ေခတ္ သတင္းရင္းျမစ္ တာဝန္ရွိသူက ဆိုသည္။

“ျပည္သူမ်ားအေနျဖင့္ စကစ တပ္သားေတြရဲ႕ အရပ္သားပုံစံျဖင့္ သြားလာလႈပ္ရွားေနတာေတြကို သတိထားေရွာင္ရွားရန္နဲ႔ အခုလို သတင္းေပးၾကရန္ တိုက္တြန္းလိုပါတယ္” ဟု ၎က တိုက္တြန္းသည္ ။

ဖမ္းဆီးခံရသည့္ စစ္ေကာင္စီတပ္သားမ်ားသည္သံျဖဴဇရပ္ၿမိဳ႕နယ္၊ဝဲကလိ႐ြာအေျခစိုက္ အမွတ္ (၄) တပ္မေတာ္တန္းျမႇင့္ေလ့က်င့္ေရးေက်ာင္း (တတက ၄) သင္တန္းေက်ာင္း၏ အရာခံ/အၾကပ္ႀကီး သင္တန္းဆင္းျပန္လာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားျဖစ္ၿပီး ေရးၿမိဳ႕နယ္ႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္အၾကားတြင္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္းAyeyarwaddy Times သတင္းဌာနက ေရးသားထားသည္။

Lungekhit

အရပ်ဝတ်အိမ်စီးကားဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ် ဒုအရာခံဗိုလ်နှင့် တပ်သားများကို ဖမ်းဆီးရမိ

သံဖြူဇရပ်၊ စက်တင်ဘာ ၅

လူငယ့်ခေတ်

အရပ်ဝတ်အိမ်စီးကားဖြင့် ခရီးသွားလာသည့် စစ်ကောင်စီတပ်မှ ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် စုစုပေါင်း (၈) ဦးကို မွန်ပြည်နယ်၊ သံဖြူဇရပ်နှင့် ရေးလမ်း လုံခြုံရေးဆောင်ရွက်နေသည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တောင်ညိုစစ်ကြောင်းတို့မှ စစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လူငယ့်ခေတ်မှ ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းများအရ ဒုအရာခံဗိုလ် ဦးလှတင်နှင့် စစ်ကောင်စီတပ်သား ၇ ဦးကို ၎င်းတို့၏ အသုံးအဆောင်ပစ္စည်များနှင့်အတူ တွေ့မြင်ရသည်။

သင်တန်းဆင်းစစ်ကောင်စီတပ်များ လမ်းခရီးတွင်ဖမ်းဆီးခံရကြောင်းကိုလည်း Ayeyarwaddy Times သတင်းဌာန က တပ်တွင်းသတင်း‌ရင်းမြစ်များကို ကိုးကားပြီး ယမန့်နေ့က ရေးသားထားသည်။

မသင်္ကာသည့် မော်တော်ယာဉ်များကို စစ်ဆေးရာမှ တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အသေးစိတ်အချက်အလက်များ ထုတ်ပြန်ရန် မရှိသေးကြောင်း လူငယ့်ခေတ် သတင်းရင်းမြစ် တာဝန်ရှိသူက ဆိုသည်။

“ပြည်သူများအနေဖြင့် စကစ တပ်သားတွေရဲ့ အရပ်သားပုံစံဖြင့် သွားလာလှုပ်ရှားနေတာတွေကို သတိထားရှောင်ရှားရန်နဲ့ အခုလို သတင်းပေးကြရန် တိုက်တွန်းလိုပါတယ်” ဟု ၎င်းက တိုက်တွန်းသည် ။

ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သားများသည်သံဖြူဇရပ်မြို့နယ်၊ဝဲကလိရွာအခြေစိုက် အမှတ် (၄) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း (တတက ၄) သင်တန်းကျောင်း၏ အရာခံ/အကြပ်ကြီး သင်တန်းဆင်းပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ပြီး ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အကြားတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းAyeyarwaddy Times သတင်းဌာနက ရေးသားထားသည်။

Lungekhit