မိတၱီလာ ေလတပ္စခန္းမွ တပ္ၾကပ္ႀကီး စာေရး အမ်ိဳးသားက ရည္းစား ျဖစ္သူ စစ္မႈထမ္း အမ်ိဳးသမီးကို ေသနတ္ျဖင့္ ပစ္သတ္ၿပီး ၎ကိုယ္တိုင္လည္း အဆုံးစီရင္၊ ေလတပ္ဌာနခ်ဳပ္မႉး ဗိုလ္ခ်ဳပ္စိုးေအာင္က သတင္းဖုံးထား
ရန္ကုန္၊ စက္တင္ဘာ ၅
မႏၲေလးတိုင္း၊ မိတၱီလာၿမိဳ႕ရွိ ေလေၾကာင္းအတတ္သင္ေလတပ္စခန္း(မိထၱီလာ) ၊ စစ္ဦးစီးဌာနမွ တပ္ၾကပ္ႀကီး စာေရး အမ်ိဳးသမီးစစ္မႈထမ္းကို ရည္းစားျဖစ္သူတပ္ၾကပ္ႀကီး စာေရး အမ်ိဳးသားက ေသနတ္ျဖင့္ ဦးေခါင္းေတ့၍ ပစ္သတ္လိုက္ေၾကာင္း သိရွိရသည္။
“တပ္ၾကပ္ႀကီးစာေရး အမ်ိဳးသမီးက မိထၱီလာ တကၠသိုလ္မွာ ခြင့္နဲ႔ ေက်ာင္းတက္ ေနခ်ိန္ သူ႔ရည္းစားျဖစ္တဲ့ အမ်ိဳး သားက ေသနတ္နဲ႔ ဦးေခါင္းကို ေတ့ၿပီး ပစ္လို႔ ဆုံးသြားတာပါ။ ပစ္တဲ့သူကလည္း စစ္ဦးစီးဌာနက တပ္ၾကပ္ႀကီးစာေရးျဖစ္ပါတယ္။
ပစ္တဲ့သူက ၿမိဳ႕တြင္းလုံၿခဳံေရးတာဝန္က် အရာရွိဆီက ပစၥတို ငွားလာၿပီး သူ႔ရည္စားကို ပစ္သတ္တာပါ။ တပ္ၾကပ္ႀကီးစာေရးပါပဲ။ ပစ္တဲ့ အမ်ိဳး သားကလည္း။ သူကလည္း သူ႔ ကိုယ္သူ ျပန္ၿပီးအဆုံးစီရင္သြားပါတယ္။ ဌာန ခ်ဳပ္မႉး ဗိုလ္ခ်ဳပ္စိုးေအာင္က ဒီကိစၥကိုဖုံးဖို႔ႀကိဳးစားေနပါတယ္။ ဒီမနက္ပိုင္းမွာ ျဖစ္ပါတယ္” ဟု တပ္သတင္းရင္းျမစ္က ေျပာသည္။
ေဒသခံမ်ားကမူ မိတၱီလာၿမိဳ႕၊ မန္က်ည္းကုန္း စကိတ္ကြင္းေရွ႕တြင္ စစ္မႈထမ္း တကၠသိုလ္ ေက်ာင္းသူတစ္ဦး ပစ္သတ္ခံရမႈ မွန္ကန္ေၾကာင္း အတည္ျပဳေျပာဆိုၾကသည္။
“Smile အေဆာင္နား သမီးရည္းစားခ်င္း စကားမ်ားရာကေန ပစ္ခတ္တာ။ ေကာင္ ေလးက ေကာင္မေလး ကိုပစ္တယ္။ ေကာင္မေလးေသေတာ့ ေကာင္ေလးကပါ သူ႔ကိုယ္သူ အဆုံးစီရင္သြားတယ္လို႔ ၾကားတယ္” ဟုေဒသခံတစ္ဦးက ေျပာဆိုသည္။
လတ္တေလာ ၎တို႔ ႏွစ္ဦး၏ နာမည္ႏွင့္အေသးစိတ္အခ်က္အလက္မ်ားကို မသိရွိရေသးေပ။
မိတ္တီလာ လေတပ်စခန်းမှ တပ်ကြပ်ကြီး စာရေး အမျိုးသားက ရည်းစား ဖြစ်သူ စစ်မှုထမ်း အမျိုးသမီးကို သေနတ်ဖြင့် ပစ်သတ်ပြီး ၎င်းကိုယ်တိုင်လည်း အဆုံးစီရင်၊ လေတပ်ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်က သတင်းဖုံးထား
ရန်ကုန်၊ စက်တင်ဘာ ၅
မန္တလေးတိုင်း၊ မိတ္တီလာမြို့ရှိ လေကြောင်းအတတ်သင်လေတပ်စခန်း(မိထ္တီလာ) ၊ စစ်ဦးစီးဌာနမှ တပ်ကြပ်ကြီး စာရေး အမျိုးသမီးစစ်မှုထမ်းကို ရည်းစားဖြစ်သူတပ်ကြပ်ကြီး စာရေး အမျိုးသားက သေနတ်ဖြင့် ဦးခေါင်းတေ့၍ ပစ်သတ်လိုက်ကြောင်း သိရှိရသည်။
“တပ်ကြပ်ကြီးစာရေး အမျိုးသမီးက မိထ္တီလာ တက္ကသိုလ်မှာ ခွင့်နဲ့ ကျောင်းတက် နေချိန် သူ့ရည်းစားဖြစ်တဲ့ အမျိုး သားက သေနတ်နဲ့ ဦးခေါင်းကို တေ့ပြီး ပစ်လို့ ဆုံးသွားတာပါ။ ပစ်တဲ့သူကလည်း စစ်ဦးစီးဌာနက တပ်ကြပ်ကြီးစာရေးဖြစ်ပါတယ်။
ပစ်တဲ့သူက မြို့တွင်းလုံခြုံရေးတာဝန်ကျ အရာရှိဆီက ပစ္စတို ငှားလာပြီး သူ့ရည်စားကို ပစ်သတ်တာပါ။ တပ်ကြပ်ကြီးစာရေးပါပဲ။ ပစ်တဲ့ အမျိုး သားကလည်း။ သူကလည်း သူ့ ကိုယ်သူ ပြန်ပြီးအဆုံးစီရင်သွားပါတယ်။ ဌာန ချုပ်မှူး ဗိုလ်ချုပ်စိုးအောင်က ဒီကိစ္စကိုဖုံးဖို့ကြိုးစားနေပါတယ်။ ဒီမနက်ပိုင်းမှာ ဖြစ်ပါတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။
ဒေသခံများကမူ မိတ္တီလာမြို့၊ မန်ကျည်းကုန်း စကိတ်ကွင်းရှေ့တွင် စစ်မှုထမ်း တက္ကသိုလ် ကျောင်းသူတစ်ဦး ပစ်သတ်ခံရမှု မှန်ကန်ကြောင်း အတည်ပြုပြောဆိုကြသည်။
“Smile အဆောင်နား သမီးရည်းစားချင်း စကားများရာကနေ ပစ်ခတ်တာ။ ကောင် လေးက ကောင်မလေး ကိုပစ်တယ်။ ကောင်မလေးသေတော့ ကောင်လေးကပါ သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ ကြားတယ်” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။
လတ်တလော ၎င်းတို့ နှစ်ဦး၏ နာမည်နှင့်အသေးစိတ်အချက်အလက်များကို မသိရှိရသေးပေ။