Local News

ပခုကၠဴတံတား စစ္ေဆးေရးဂိတ္အား အမ်ိဳးသမီးရဲေဘာ္ပါဝင္သည့္ PDFသုံးဦးဝင္တိုက္

ေမာင္းျပန္ေသနတ္ဝယ္ယူရန္ ေငြမတတ္ႏိုင္သျဖင့္ စစ္ေကာင္စီဂိတ္ကို အသက္စြန႔္ ဝင္တိုက္ၿပီး ေမာင္းျပန္ႏွစ္လက္ရယူႏိုင္ခဲ့

ပခုကၠဴ၊ စက္တင္ဘာ ၅

လူငယ့္ေခတ္

ေမာင္းျပန္ေသနတ္ဝယ္ယူရန္ ေငြေၾကးမတတ္ႏိုင္သည့္အတြက္ ပခုကၠဴဧရာ၀တီတံတားရွိ စစ္ေကာင္စီဂိတ္စခန္းကို အသက္စြန႔္၍ တိုက္ခိုက္ခဲ့ရာ ေမာင္းျပန္ ၂ လက္ရရွိခဲ့သည္ဟု ပခုကၠဴၿမိဳ႕ျပေျပာက္က်ားတပ္ ဖြဲ႕ – တပ္ဖြဲ႕ ၂ တာ၀န္ရွိသူ ရဲေဘာ္ရန္ေနာင္က ေျပာသည္။

စက္တင္ဘာလ ၄ ရက္ ေန႔လည္ပိုင္းတြင္ ေမာင္းျပန္ပိုင္ဆိုင္ေရး မစ္ရွင္ကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါမစ္ရွင္အတြက္ ေတာ္လွန္ေရးရဲေဘာ္ အမ်ိဳးသား ၂ ဦးႏွင့္ အမ်ိဳးသမီး တစ္ဦးက တစ္လအၾကာႀကိဳတင္ျပင္ဆင္ခဲ့ရသည္ဟု ၎ကေျပာသည္။

” စစ္သားေတြ ေသေစခ်င္တာထက္ေမာင္းျပန္ ပိုင္ခ်င္တာဗ်။ ေမာင္းျပန္ေတြက က်ပ္ သိန္း ၁၆၀ ေလာက္ျဖစ္ေနေတာ့ ကြၽန္ ေတာ္တို႔ မဝယ္ႏိုင္ဘူး” ဟုရဲေဘာ္ရန္ေနာင္က ေျပာသည္။

ပခုကၠဴၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ – တပ္ဖြဲ႕ ၂ မွ ရဲေဘာ္ ၂ ဦးသည္ အေစာင့္ ၇ ေယာက္ရွိသည့္ စစ္ေကာင္စီဂိတ္စခန္းကို ပစၥတိုႏွစ္လက္ျဖင့္ ပစ္ခတ္ခဲ့ၿပီး ရဲေဘာ္တစ္ဦးသည္ ေသဆုံးသူ စစ္ေကာင္စီတပ္ဖြဲ႕ဝင္လက္မွ ေသနက္ကို အသက္စြန႔္၍ ေကာက္ယူခဲ့ျခင္းျဖစ္သည္။

” စကစ ဘက္က ျပန္ပစ္တာေတြ ရွိပါတယ္။ ရဲေဘာ္ေတြ ေဘးကင္းခဲ့ေပမဲ့ မစ္ရွင္ မွာ SIG ပစၥတိုတစ္လက္၊ လက္ပစ္ဗုံးတစ္လုံးနဲ႔ ဆိုင္ကယ္ ႏွစ္စီးဆုံးရႈံးခဲ့ပါတယ္ဗ်” ဟု ၎ကေျပာသည္။

အဆိုပါ မစ္ရွင္တြင္ ပစ္ခတ္သည့္ ပစၥတို ၂ လက္လုံး က်ည္ညႇပ္သြားခဲ့ေသာ္လည္း ေတာ္လွန္ေရးရဲေဘာ္သည္ အစီအစဥ္အတိုင္း ေမာင္းျပန္ေသနတ္ကို အရယူႏိုင္ခဲ့သည္။

ေမာင္းျပန္ေသနတ္ရရွိေရး မစ္ရွင္တြင္ စစ္ေကာင္စီတပ္ဖြဲ႕၀င္ တစ္ဦး ေသဆုံးခဲ့ၿပီး တစ္ဦး ဒဏ္ရာရရွိခဲ့သည္။

Lungekhit

မောင်းပြန်သေနတ်ဝယ်ယူရန် ငွေမတတ်နိုင်သဖြင့် စစ်ကောင်စီဂိတ်ကို အသက်စွန့် ဝင်တိုက်ပြီး မောင်းပြန်နှစ်လက်ရယူနိုင်ခဲ့

ပခုက္ကူ၊ စက်တင်ဘာ ၅

လူငယ့်ခေတ်

မောင်းပြန်သေနတ်ဝယ်ယူရန် ငွေကြေးမတတ်နိုင်သည့်အတွက် ပခုက္ကူဧရာဝတီတံတားရှိ စစ်ကောင်စီဂိတ်စခန်းကို အသက်စွန့်၍ တိုက်ခိုက်ခဲ့ရာ မောင်းပြန် ၂ လက်ရရှိခဲ့သည်ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ် ဖွဲ့ – တပ်ဖွဲ့ ၂ တာဝန်ရှိသူ ရဲဘော်ရန်နောင်က ပြောသည်။

စက်တင်ဘာလ ၄ ရက် နေ့လည်ပိုင်းတွင် မောင်းပြန်ပိုင်ဆိုင်ရေး မစ်ရှင်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမစ်ရှင်အတွက် တော်လှန်ရေးရဲဘော် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး တစ်ဦးက တစ်လအကြာကြိုတင်ပြင်ဆင်ခဲ့ရသည်ဟု ၎င်းကပြောသည်။

” စစ်သားတွေ သေစေချင်တာထက်မောင်းပြန် ပိုင်ချင်တာဗျ။ မောင်းပြန်တွေက ကျပ် သိန်း ၁၆၀ လောက်ဖြစ်နေတော့ ကျွန် တော်တို့ မဝယ်နိုင်ဘူး” ဟုရဲဘော်ရန်နောင်က ပြောသည်။

ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ – တပ်ဖွဲ့ ၂ မှ ရဲဘော် ၂ ဦးသည် အစောင့် ၇ ယောက်ရှိသည့် စစ်ကောင်စီဂိတ်စခန်းကို ပစ္စတိုနှစ်လက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရဲဘော်တစ်ဦးသည် သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင်လက်မှ သေနက်ကို အသက်စွန့်၍ ကောက်ယူခဲ့ခြင်းဖြစ်သည်။

” စကစ ဘက်က ပြန်ပစ်တာတွေ ရှိပါတယ်။ ရဲဘော်တွေ ဘေးကင်းခဲ့ပေမဲ့ မစ်ရှင် မှာ SIG ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံးတစ်လုံးနဲ့ ဆိုင်ကယ် နှစ်စီးဆုံးရှုံးခဲ့ပါတယ်ဗျ” ဟု ၎င်းကပြောသည်။

အဆိုပါ မစ်ရှင်တွင် ပစ်ခတ်သည့် ပစ္စတို ၂ လက်လုံး ကျည်ညှပ်သွားခဲ့သော်လည်း တော်လှန်ရေးရဲဘော်သည် အစီအစဉ်အတိုင်း မောင်းပြန်သေနတ်ကို အရယူနိုင်ခဲ့သည်။

မောင်းပြန်သေနတ်ရရှိရေး မစ်ရှင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Lungekhit