Local News



ကော့ကရိတ်၊ စက်တင်ဘာ (၅)

လူငယ့်ခေတ်





Lungekhit

Video-SpecialOperationForce

စစ်ကောင်စီ၏ တောင်ကြာအင်းဂိတ် ပစ်ခတ်ခံရ၍ (၃) ဦးပွဲချင်းပြီးသေ (ရုပ်သံ)

ကော့ကရိတ်၊ စက်တင်ဘာ (၅)

လူငယ့်ခေတ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းတံတားထိပ်ရှိ စစ်ကောင်စီဂိတ်ကို ယမန်နေ့ စက်တင်ဘာ (၄) ရက်နေ့တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသမှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ကြပ်ကြီးအပါအဝင် (၃) ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်လိုက်သည်။

ပြည်သူများကို မတရားဖမ်းဆီးကာ ငွေကြေးတောင်းခံနေသည့်ဂိတ်ကို ယမန်နေ့ နေ့လယ်ပိုင်းတွင် အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကြပ်ကြီးထွန်းနိုင်အပါအဝင် (၃) ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းလည်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီးများ၊ စက်လက်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျေးလက်စစ်ဆင်ရေးတိုက်ပွဲအနေဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသက အသိပေးထားသည်။