ေဒၚေအာင္ဆန္းစုၾကည္ကို ေတြ႕ခြင့္မရရင္ ျမန္မာျပည္ ေနာက္ထပ္ မသြားေတာ့ဘူးလို႔ ကုလသံတမန္ ဆို
ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ႏိုလင္း ေဟဇာဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ေတြ႕ခြင့္မရရင္ ျမန္မာျပည္ကို ေနာက္တစ္ႀကိမ္ သြားေရာက္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။
စင္ကာပူက အေရွ႕ေတာင္အာရွေလ့လာေရးအင္စတီက်ဳရဲ႕ ယူဆြတ္အီရွက္အင္စတီက်ဳမွာ စက္တင္ဘာလ ၅ ရက္က ျပဳလုပ္တဲ့ သူ႔ရဲ႕ ေဟာေျပာမႈအတြင္း မစၥ ေဟဇာက အဲဒီလို ေျပာတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ လက မစၥ ေဟဇာဟာ ျမန္မာျပည္ကို သြားေရာက္ခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ေတာင္းခဲ့ေပမယ့္ ေတြ႕ခြင့္မရခဲ့ဘဲ စစ္ေကာင္စီေခါင္းေဆာင္နဲ႔သာ ေတြ႕ခဲ့ပါတယ္။source-BBC
သူ႔ခရီးစဥ္ဟာ ျမန္မာအက်ပ္အတည္းကို ေျဖရွင္းႏိုင္ေရးအတြက္ အေထာက္အကူမျပဳဘဲ စစ္ေကာင္စီကိုသာ တရားဝင္မႈ ျဖစ္ေအာင္ လုပ္သလို ျဖစ္ေနတယ္ဆိုၿပီး ျပည္တြင္းျပည္ပမွာ ေဝဖန္မႈေတြလည္း ရွိခဲ့ပါတယ္။
ဒါေပမယ့္ မစၥေဟဇာကေတာ့ သူ႔ခရီးစဥ္က တရားဝင္မႈ ေပးတာ မဟုတ္ဘူးဆိုၿပီး ခရီးစဥ္အၿပီးမွာ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံခြင့္ေတာင္းတာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က ထုတ္ျပန္ရာမွာလည္း ေဒၚေဆာင္ဆန္းစုၾကည္အေပၚ တရားစီရင္မႈေတြ ၿပီးဆုံးၿပီးေနာက္ စစ္ေကာင္စီရဲ႕ လုပ္ေဆာင္ခ်က္အေပၚ တုံ႔ျပန္လာမႈေတြကို မူတည္ၿပီး စဥ္းစားေဆာင္႐ြက္မယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။
သူ႔ခရီးစဥ္အတြင္း ျမန္မာျပည္အတြင္းက အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္တန္႔ဖို႔နဲ႔ ႏိုင္ငံေရးအက်ဥ္းသားေတြ အားလုံးလႊတ္ေပးဖို႔လည္း ေတာင္းဆိုခဲ့တယ္လို႔ ကုလသမဂၢဘက္က ထုတ္ျပန္ခဲ့ပါတယ္။
ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံတကာဘက္က ၾကားဝင္ေဆာင္႐ြက္ဖို႔ ပ်က္ကြက္ရင္ ျမန္မာအက်ပ္အတည္းဟာ ပုံစံမ်ိဳးစံနဲ႔ အဆိုး႐ြားဆုံးအေျခအေနဆိုက္ႏိုင္တယ္လို႔လည္း အခု ေဟာေျပာမႈတြင္း မစၥ ေဟဇာက သတိေပးပါတယ္။
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရရင် မြန်မာပြည် နောက်ထပ် မသွားတော့ဘူးလို့ ကုလသံတမန် ဆို
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရရင် မြန်မာပြည်ကို နောက်တစ်ကြိမ် သွားရောက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
စင်ကာပူက အရှေ့တောင်အာရှလေ့လာရေးအင်စတီကျုရဲ့ ယူဆွတ်အီရှက်အင်စတီကျုမှာ စက်တင်ဘာလ ၅ ရက်က ပြုလုပ်တဲ့ သူ့ရဲ့ ဟောပြောမှုအတွင်း မစ္စ ဟေဇာက အဲဒီလို ပြောတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လက မစ္စ ဟေဇာဟာ မြန်မာပြည်ကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘဲ စစ်ကောင်စီခေါင်းဆောင်နဲ့သာ တွေ့ခဲ့ပါတယ်။source-BBC
သူ့ခရီးစဉ်ဟာ မြန်မာအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အထောက်အကူမပြုဘဲ စစ်ကောင်စီကိုသာ တရားဝင်မှု ဖြစ်အောင် လုပ်သလို ဖြစ်နေတယ်ဆိုပြီး ပြည်တွင်းပြည်ပမှာ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမယ့် မစ္စဟေဇာကတော့ သူ့ခရီးစဉ်က တရားဝင်မှု ပေးတာ မဟုတ်ဘူးဆိုပြီး ခရီးစဉ်အပြီးမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ရာမှာလည်း ဒေါ်ဆောင်ဆန်းစုကြည်အပေါ် တရားစီရင်မှုတွေ ပြီးဆုံးပြီးနောက် စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်အပေါ် တုံ့ပြန်လာမှုတွေကို မူတည်ပြီး စဉ်းစားဆောင်ရွက်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
သူ့ခရီးစဉ်အတွင်း မြန်မာပြည်အတွင်းက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့လည်း တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂဘက်က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာဘက်က ကြားဝင်ဆောင်ရွက်ဖို့ ပျက်ကွက်ရင် မြန်မာအကျပ်အတည်းဟာ ပုံစံမျိုးစံနဲ့ အဆိုးရွားဆုံးအခြေအနေဆိုက်နိုင်တယ်လို့လည်း အခု ဟောပြောမှုတွင်း မစ္စ ဟေဇာက သတိပေးပါတယ်။