Local News





သူတို့သာ သူတို့အရည်အချင်းကိုယုံရင်သူတို့သ-တ်မှတ်တဲ့ ရွှေဈေးအတိုင်း ဘာလို့ မရောင်းတာလဲ ဒါကအဖြေပါပဲ





ဒါကိုမှ ရွှေဈေးကို ထိန်းနိုင်ဖို့အတွက် ရွှေဒင်္ဂါးကို အပြင်ပေါက်ဈေးအတိုင်းထုတ်ရောင်းတာ ရွှေဈေးကျမယ်ပျော်နေတာ

ကမ္ဘာ့သေ-ာက်ပိ-န်းဆုံး ဂြိုလ်သားပါဒီတိုင်းဆိုရင် ခဏငြိမ်သွားတဲ့ ဒေါ်လာဈေးရွှေဈေးဟာ ရှေ့ထိုးမယ့်ဆင် နောက်တလှမ်းဆုတ်တယ်လို့တောင် မြင်လာနေမိတယ်



ရဲဘော်ချေ

ရွေဒင်္ဂါးတကျပ်သား သိန်း ၃၀ နဲ့အပြင်ပေါက်ဈေးအတိုင်းသာရောင်းတာမှာ ဘာမြင်မိလဲဆိုရင်

စစ်အုပ်စုဟာ ပြိုကျနေတဲ့ ဒေါ်လာဈေးရွှေဈေးကို ထိန်းမှာမဟုတ်တော့ဘူး

ထိန်းနိုင်တဲ့အရည်အချင်းလည်းမရှိဘူးဒါအပြင် ရွှေဈေးဟာ ဘယ်နည်းနဲ့မှဒီထက်ထပ်မကျနိုင်တော့ဘူးဆိုတာသူတို့ကိုယ်တိုင် လက်ခံလိုက်တာကိုထင်ထင်ရှားရှား မြင်လိုက်ရတာပါပဲ

သူတို့သာ သူတိ့ုအရည်အချင်းကိုယုံရင်သူတို့သ-တ်မှတ်တဲ့ ရွှေဈေးအတိုင်း ဘာလို့ မရောင်းတာလဲ ဒါကအဖြေပါပဲ

ဒေါ်လာဈေး ရွှေဈေး လေပတ်ကားနဲ့ပြန်ထိန်းဖို့ ကြိုးစားနေတာကလွဲရင်ဘယ်လိုဗျူဟာမှရှိမနေဘူး မြင်ရတယ်

ဈေးကွက်ထဲကို ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့တာ ဆိ-တ်ပါးစပ် နှမ်းပ-က်သလိုအာသာပြေယုံသာ ရှိစေမှာဖြစ်သလို ဘယ်သူတွေ ရမှန်းတောင် မသိရပါဘူး

နိုင်ငံရေးမတည်ငြိမ်မှု စစ်ရေးပြင်းထန်မှုတိုင်းပြည်မတည်ငြိမ်မှု စေ-ာက်တလွဲအမိန့်တွေ ထုတ်ပြန်ချက်တွေကြောင့်

ကျပ်ငွေပေါ် ယုံကြည်မှု ကျဆင်းလာပြီးဒေါ်လာဈေးမြင့်တက်လာလို့ ရွှေဈေးမြင့်လာတယ်ဆိုတာ အရပ်သားတောင်အလွယ်တကူ သိနေ မြင်နေတာပဲလေ

ဒါကိုမှ ရွှေဈေးကို ထိန်းနိုင်ဖု့ိအတွက် ရွှေဒင်္ဂါးကို အပြင်ပေါက်ဈေးအတိုင်းထုတ်ရောင်းတာ ရွှေဈေးကျမယ်ပျော်နေတာ

ကမ္ဘာ့သေ-ာက်ပိ-န်းဆုံး ဂြိုလ်သားပါဒီတိုင်းဆိုရင် ခဏငြိမ်သွားတဲ့ ဒေါ်လာဈေးရွှေဈေးဟာ ေ့ရှထိုးမယ့်ဆင် နောက်တလှမ်းဆုတ်တယ်လို့တောင် မြင်လာနေမိတယ်

ေ-သချာတာ ရုရှားသွားတယ် လ-က်နက်နဲ့ကုန်သွယ်မှု များလာလေ ပြည်တွင်းထဲမှာစစ်တပ်ရဲ့ ဒေါ်လာလိုအပ်ချက် မြင့်လာလေမိုးပြိုတာကို ထန်းရွက်နဲ့ ကာလို့မရပါဘူး

ဘာအရည်အချင်းမှ မရှိတဲ့သူတွေလက်ထက်ဒီတိုင်းပြည် ဘာမဆို ဆက်ဖြစ်အုံးမှာပါ စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဒီအခြေအနေလက်ခံထားတယ်ဆိုတာ သူတို့ရောင်းတဲ့ရွှေဒင်္ဂါးတကျပ်ဈေး ကြည့်တာနဲ့ သိနိုင်နေပြီ

ရဲဘော်ချေ