Local News

တစ္ေဒၚလာ ၄၅၀၀ က်ပ္ ေစ်းေပါက္ခဲ့မႈ ေလပတ္ကားေၾကာင့္ဟု ဒုဝန္ႀကီး ၫြန႔္ေအာင္ အျပစ္ဖို႔

တစ္ေဒၚလာ ၄၅၀၀ က်ပ္ ေစ်းေပါက္ခဲ့မႈ ေလပတ္ကားေၾကာင့္ဟု ဒုဝန္ႀကီး ၫြန႔္ေအာင္ အျပစ္ဖို႔ ၊ ေဒၚလာေစ်း မတက္ေရး ကာကြယ္ၾကရန္ စီးပြား ေရးသမားတိုင္း တာဝန္ရွိဟု ဗိုလ္မႉးခ်ဳပ္ ရန္ေနာင္စိုး ဖိအားေပး

ရန္ကုန္၊ စက္တင္ဘာ ၆

ျမန္မာ့စီးပြားေရးေစ်းကြက္တြင္ အမရိကန္တစ္ေဒၚလာလွ်င္ ၄၅၀၀ က်ပ္ ေရာက္ ရွိမႈသည္ ေလပတ္ကား ေရာင္းဝယ္သူမ်ားေၾကာင့္ျဖစ္ေၾကာင္း စီးပြား ေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဒုဝန္ႀကီ ၫြန႔္ေအာင္က စီးပြားေရးသမားကို ေခၚ ယူ ေတြ႕ဆုံ ဖိအားေပးသည့္ပြဲတြင္ ထုတ္ေဖာ္ေျပာဆိုသည္။

ဩဂုတ္လ ၃၁ ရက္ေန႔ တစ္ေဒၚလာ ၄၅၀၀ က်ပ္ႏွင့္ ေ႐ႊေစ်း ၃၈ သိန္းအထိ အျမင့္ ဆုံးေရာက္ရွိခ်ိန္တြင္ စီးပြား ေရးသမားမ်ားကို ဗဟိုဘဏ္၊ စီးပြား/ကူး သန္း ဒုဝန္ႀကီး၊ ကုန္ေစ်းႏႈန္းထိန္းသိမ္းေရးေကာ္မတီမွ ဗိုလ္မႉးခ်ဳပ္ ရန္ေနာင္စိုးက ေခၚယူေတြ႕ဆုံ ဖိအားေပးမႈမ်ား လုပ္ေဆာင္ခဲ့ၾကၿပီး ယင္းေတြ႕ဆုံပြဲတြင္ ၎တို႔က ေဒၚလာတန္ဖိုးျမင့္တက္မႈသည္ စီးပြားေရးသမားမ်ားႏွင့္ ေလပတ္ကားေရာင္းဝယ္သူမ်ားေၾကာင့္ အဓိက ျဖစ္သည္ဟု ေျပာဆိုၾကျခင္းျဖစ္သည္။

“တစ္ေဒၚလာကို ၄၅၀၀ အထိ ဆြဲတင္တာ ေလပတ္ကားေတြေပါ့။ ဒါေၾကာင့္မို႔လို႔ ဒါက မျဖစ္သင့္ဘူး။ ဒါက မ႐ိုးမသား ႏိုင္ငံေရးတိုက္ကြက္ဆိုတာမ်ိဳး စီးပြား/ကူသန္း ဒုဝန္ႀကီး ေျပာသြားတယ္” ဟု ေတြ႕ဆုံပြဲ တက္ေရာက္ခဲ့သူ စီးပြား ေရးသမားတစ္ဦးက ေျပာသည္။

ယင္းအျပင္ ကုန္ေစ်းႏႈန္းထိန္းသိမ္းေရး ေကာ္မတီမွ တြဲဘက္ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ရန္ေနာင္စိုးကလည္း ေဒၚလာတန္ဖိုးျမင့္တက္ျခင္းသည္ မ႐ိုးမသား လုပ္ေဆာင္မႈဟု ေျပာဆိုၿပီး စီးပြားေရးသမားမ်ားသည္ ႏိုင္ငံ၏ ေဒါက္တိုင္မ်ားျဖစ္ေၾကာင္း၊ ေဒၚလာတန္ဖိုးမတက္ေအာင္ စီးပြားေရးသမားမ်ားက ကာကြယ္ၾကရမည္ျဖစ္ေၾကာင္း ေျပာဆိုျပန္သည္။

“ေဒၚလာ တန္ဖိုးတက္တာက ႐ိုး႐ိုးသားသားလား၊ မ႐ိုးမသားလား ေမးခြန္း ထုတ္တယ္။ ရည္႐ြယ္နဲ႔ ေစ်းကစားတာလား ေမးခြန္းထုတ္တယ္။ ေဒၚလာတန္ဖိုးက ျဖစ္သင့္တာထက္ ပိုျမင့္ေနတယ္။ သူတို႔ကေတာ့ တည္ၿငိမ္ေအာင္ ေဆာင္႐ြက္ေနတယ္။ ဒါေပမယ့္ ပူးေပါင္းေဆာင္႐ြက္ဖို႔လိုတယ္။

စီးပြား ေရးသမားက ကိုယ္က်ိဳးစီးပြားအတြက္ လုပ္ေနေပမယ့္ ကိုယ္ပိုင္စီးပြားေရးေပမယ့္ အခုက ႏိုင္ငံအက်ိဳးစီးပြားျဖစ္တယ္။ လက္ရွိ အစိုးရ ေဒါက္တိုင္ျဖစ္တယ္။ စက္သုံးဆီ မျပတ္ေရး လုပ္ရမယ္။ ေဒၚလာတန္ဖိုး မတက္ေအာင္ စီးပြားေရးသမားတိုင္းက ကာကြယ္ဖို႔ တာဝန္ရွိတယ္လို႔ ဗိုလ္မႉးခ်ဳပ္ရန္ေနာင္စိုးက ေျပာတယ္” ဟု စီးပြားေရးသမားက ဆိုသည္။

ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြကမူ ေဒၚလာတန္ဖိုးျမင့္တက္ျခင္းသည္ Khit Thit အပါအဝင္ မီဒီယာမ်ားေၾကာင့္ ျဖစ္ေၾကာင္း ၊ တရားဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူရမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

စက္တင္ဘာလ ၆ ရက္ေန႔တြင္ အေခါက္ေ႐ႊ (အကယ္ဒမီမီးလင္းေ႐ႊ) တစ္က်ပ္သားလွ်င္ ၃၁ သိန္းခြဲ ၊ အေမရိကန္ေဒၚလာ တစ္ေဒၚလွ်င္ ၃၆၀၀ က်ပ္ ေစ်းေပါက္ လ်က္ရွိေၾကာင္း ေစ်းကြက္အတြင္း မွ စုံစမ္းသိရွိရသည္။

ဓာတ္ပုံ- စီးပြား/ကူးသန္းဒုဝန္ႀကီး ၫြန႔္ေအာင္ႏွင့္ ဗိုလ္မႉးခ်ဳပ္ ရန္ေနာင္စိုး။

တစ်ဒေါ်လာ ၄၅၀၀ ကျပ် ဈေးပေါက်ခဲ့မှု လေပတ်ကားကြောင့်ဟု ဒုဝန်ကြီး ညွန့်အောင် အပြစ်ဖို့ ၊ ဒေါ်လာဈေး မတက်ရေး ကာကွယ်ကြရန် စီးပွား ရေးသမားတိုင်း တာဝန်ရှိဟု ဗိုလ်မှူးချုပ် ရန်နောင်စိုး ဖိအားပေး

ရန်ကုန်၊ စက်တင်ဘာ ၆

မြန်မာ့စီးပွားရေးဈေးကွက်တွင် အမရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ် ရောက် ရှိမှုသည် လေပတ်ကား ရောင်းဝယ်သူများကြောင့်ဖြစ်ကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီ ညွန့်အောင်က စီးပွားရေးသမားကို ခေါ် ယူ တွေ့ဆုံ ဖိအားပေးသည့်ပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့ တစ်ဒေါ်လာ ၄၅၀၀ ကျပ်နှင့် ရွှေဈေး ၃၈ သိန်းအထိ အမြင့် ဆုံးရောက်ရှိချိန်တွင် စီးပွား ရေးသမားများကို ဗဟိုဘဏ်၊ စီးပွား/ကူး သန်း ဒုဝန်ကြီး၊ ကုန်ဈေးနှုန်းထိန်းသိမ်းရေးကော်မတီမှ ဗိုလ်မှူးချုပ် ရန်နောင်စိုးက ခေါ်ယူတွေ့ဆုံ ဖိအားပေးမှုများ လုပ်ဆောင်ခဲ့ကြပြီး ယင်းတွေ့ဆုံပွဲတွင် ၎င်းတို့က ဒေါ်လာတန်ဖိုးမြင့်တက်မှုသည် စီးပွားရေးသမားများနှင့် လေပတ်ကားရောင်းဝယ်သူများကြောင့် အဓိက ဖြစ်သည်ဟု ပြောဆိုကြခြင်းဖြစ်သည်။

“တစ်ဒေါ်လာကို ၄၅၀၀ အထိ ဆွဲတင်တာ လေပတ်ကားတွေပေါ့။ ဒါကြောင့်မို့လို့ ဒါက မဖြစ်သင့်ဘူး။ ဒါက မရိုးမသား နိုင်ငံရေးတိုက်ကွက်ဆိုတာမျိုး စီးပွား/ကူသန်း ဒုဝန်ကြီး ပြောသွားတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ စီးပွား ရေးသမားတစ်ဦးက ပြောသည်။

ယင်းအပြင် ကုန်ဈေးနှုန်းထိန်းသိမ်းရေး ကော်မတီမှ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုးကလည်း ဒေါ်လာတန်ဖိုးမြင့်တက်ခြင်းသည် မရိုးမသား လုပ်ဆောင်မှုဟု ပြောဆိုပြီး စီးပွားရေးသမားများသည် နိုင်ငံ၏ ဒေါက်တိုင်များဖြစ်ကြောင်း၊ ဒေါ်လာတန်ဖိုးမတက်အောင် စီးပွားရေးသမားများက ကာကွယ်ကြရမည်ဖြစ်ကြောင်း ပြောဆိုပြန်သည်။

“ဒေါ်လာ တန်ဖိုးတက်တာက ရိုးရိုးသားသားလား၊ မရိုးမသားလား မေးခွန်း ထုတ်တယ်။ ရည်ရွယ်နဲ့ ဈေးကစားတာလား မေးခွန်းထုတ်တယ်။ ဒေါ်လာတန်ဖိုးက ဖြစ်သင့်တာထက် ပိုမြင့်နေတယ်။ သူတို့ကတော့ တည်ငြိမ်အောင် ဆောင်ရွက်နေတယ်။ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။

စီးပွား ရေးသမားက ကိုယ်ကျိုးစီးပွားအတွက် လုပ်နေပေမယ့် ကိုယ်ပိုင်စီးပွားရေးပေမယ့် အခုက နိုင်ငံအကျိုးစီးပွားဖြစ်တယ်။ လက်ရှိ အစိုးရ ဒေါက်တိုင်ဖြစ်တယ်။ စက်သုံးဆီ မပြတ်ရေး လုပ်ရမယ်။ ဒေါ်လာတန်ဖိုး မတက်အောင် စီးပွားရေးသမားတိုင်းက ကာကွယ်ဖို့ တာဝန်ရှိတယ်လို့ ဗိုလ်မှူးချုပ်ရန်နောင်စိုးက ပြောတယ်” ဟု စီးပွားရေးသမားက ဆိုသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကမူ ဒေါ်လာတန်ဖိုးမြင့်တက်ခြင်းသည် Khit Thit အပါအဝင် မီဒီယာများကြောင့် ဖြစ်ကြောင်း ၊ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် အခေါက်ရွှေ (အကယ်ဒမီမီးလင်းရွှေ) တစ်ကျပ်သားလျှင် ၃၁ သိန်းခွဲ ၊ အမေရိကန်ဒေါ်လာ တစ်ဒေါ်လျှင် ၃၆၀၀ ကျပ် ဈေးပေါက် လျက်ရှိကြောင်း ဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- စီးပွား/ကူးသန်းဒုဝန်ကြီး ညွန့်အောင်နှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုး။