Local News

အဖြဲ႕ဝင္ေတြ အဖမ္းခံရၿပီးေနာက္ မန္းတေလးက UG ေနာက္ထပ္တစ္ဖြဲ႕ဖ်က္သိမ္းသြားပါၿပီ

အဖြဲ႕ဝင္ေတြ အဖမ္းခံရၿပီးေနာက္ မန္းတေလးက UG ေနာက္ထပ္တစ္ဖြဲ႕ဖ်က္သိမ္းသြားပါၿပီ

MFP ၊ စက္တင္ဘာ – ၆

စစ္အာဏာရွင္စနစ္ကို တိုက္ခိုက္ရင္း အဖြဲ႕ဝင္ေတြ ဖမ္းဆီးခံရမႈရွိတဲ့အတြက္ လုံၿခဳံေရးအရ အဖြဲ႕ကို ဖ်က္သိမ္းလိုက္ၿပီလို႔ Mandalar Pintagon Combat Troop – MPCT အဖြဲ႕က ထုတ္ျပန္ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလ (၃) ရက္က စစ္ကိုင္းၿမိဳ႕ေပၚက လက္ဖက္ရည္ဆိုင္တစ္ခုမွာ လူငယ္ (၃)ေယာက္ကို စစ္အုပ္စုက အရပ္ဝတ္ အိမ္စီးကားေတြနဲ႔ စီးနင္းဖမ္းဆီးခဲ့သလို

စက္တင္ဘာလ (၄) ရက္မွာလည္း စစ္ကိုင္း – မင္းကြန္းကားလမ္းေပၚ ခိုေတာင္႐ြာက လက္ဖက္ရည္ဆိုင္မွာ ထိုင္ေနတဲ့ လူငယ္ငါးဦးကို စစ္အုပ္စုက အိမ္စီးကား (၁၀)စီး၊ အရပ္ဝတ္ေတြနဲ႔ စီးနင္းဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ စစ္ကိုင္းၿမိဳ႕နယ္ သတင္းမွန္ျပန္ၾကားေရးက ထုတ္ျပန္ထားပါတယ္။

အဲဒီဖမ္းဆီးခံရသူေတြအနက္ ေလးဦးဟာ MPCT အဖြဲ႕ဝင္ေတြျဖစ္တယ္လို႔ စစ္အုပ္စုေလာ္ဘီေတြက သတင္းျဖန႔္ထားၿပီး က်န္တဲ့လူငယ္ေတြအေၾကာင္းကိုေတာ့ ေဖာ္ျပမထားပါဘူး။

ဖမ္းဆီးခံရတဲ့ MPCT အဖြဲ႕ဝင္ေတြအနက္ အဖြဲ႕ေခါင္းေဆာင္ ကိုေက်ာ္လင္းေအာင္၊ အဖြဲ႕ဝင္ ကိုမ်ိဳးေဇာ္ထြန္း၊ ကိုသီဟေက်ာ္(ခ) ကတုံးနဲ႔ ကိုသိန္းသန္းစိုးတို႔ ျဖစ္ၾကတယ္လို႔ စစ္အုပ္စုက သတင္းျဖန႔္ထားပါတယ္။

မႏၲေလးၿမိဳ႕ျပေျပာက္က်ားအဖြဲ႕တစ္ခုျဖစ္တဲ့ King Cobra Guerrilla Force – KCGF ဟာလည္း ဩဂုတ္လအတြင္း မဟာမိတ္အဖြဲ႕ေတြ ၿဖိဳခြင္းခံရၿပီးတဲ့ေနာက္ တစ္လအၾကာ ဩဂုတ္လ (၃၁)ရက္ညေနပိုင္းမွာ အဖြဲ႕ဖ်က္သိမ္းေၾကာင္း ေၾကညာထားပါတယ္။

အဖွဲ့ဝင်တွေ အဖမ်းခံရပြီးနောက် မန်းတလေးက UG နောက်ထပ်တစ်ဖွဲ့ဖျက်သိမ်းသွားပါပြီ

MFP ၊ စက်တင်ဘာ – ၆

စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ရင်း အဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှုရှိတဲ့အတွက် လုံခြုံရေးအရ အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီလို့ Mandalar Pintagon Combat Troop – MPCT အဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၃) ရက်က စစ်ကိုင်းမြို့ပေါ်က လက်ဖက်ရည်ဆိုင်တစ်ခုမှာ လူငယ် (၃)ယောက်ကို စစ်အုပ်စုက အရပ်ဝတ် အိမ်စီးကားတွေနဲ့ စီးနင်းဖမ်းဆီးခဲ့သလို

စက်တင်ဘာလ (၄) ရက်မှာလည်း စစ်ကိုင်း – မင်းကွန်းကားလမ်းပေါ် ခိုတောင်ရွာက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ လူငယ်ငါးဦးကို စစ်အုပ်စုက အိမ်စီးကား (၁၀)စီး၊ အရပ်ဝတ်တွေနဲ့ စီးနင်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေအနက် လေးဦးဟာ MPCT အဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်အုပ်စုလော်ဘီတွေက သတင်းဖြန့်ထားပြီး ကျန်တဲ့လူငယ်တွေအကြောင်းကိုတော့ ဖော်ပြမထားပါဘူး။

ဖမ်းဆီးခံရတဲ့ MPCT အဖွဲ့ဝင်တွေအနက် အဖွဲ့ခေါင်းဆောင် ကိုကျော်လင်းအောင်၊ အဖွဲ့ဝင် ကိုမျိုးဇော်ထွန်း၊ ကိုသီဟကျော်(ခ) ကတုံးနဲ့ ကိုသိန်းသန်းစိုးတို့ ဖြစ်ကြတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ထားပါတယ်။

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ King Cobra Guerrilla Force – KCGF ဟာလည်း ဩဂုတ်လအတွင်း မဟာမိတ်အဖွဲ့တွေ ဖြိုခွင်းခံရပြီးတဲ့နောက် တစ်လအကြာ ဩဂုတ်လ (၃၁)ရက်ညနေပိုင်းမှာ အဖွဲ့ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။