Local News

ေအာက္ေျခစစ္သားမ်ား၏ ဆန႔္က်င္မႈက

ေအာက္ေျခစစ္သားမ်ား၏ ဆန႔္က်င္မႈက ကိုယ့္လက္ နက္စက္႐ုံကိုယ္မီးျပန္ရႈိ႕တဲ့အထိေရာက္ေနၿပီလား”(သတင္းေဆာင္းပါး)

ဟိန္းစံ/ဧရာဝတီတိုင္းမ္

စက္တင္ဘာ ၆ ရက္

စစ္ေကာင္စီတပ္၏ အမွတ္ – ၂၁ ကာကြယ္ေရးပစၥည္း ထုတ္လုပ္ေရးစက္႐ုံမွာ မေကြးတိုင္း၊ ဆိပ္ျဖဴၿမိဳ႕နယ္၊ ေရွာက္ပင္အင္း႐ြာတြင္ တည္ရွိသည္။ အဆိုပါစက္႐ုံသည္ စစ္ေကာင္စီအတြက္ ေလယာဥ္ဗုံးသီးမ်ားႏွင့္ လက္နက္ႀကီးဗုံးသီးမ်ား အဓိကထုတ္လုပ္သည့္စက္႐ုံျဖစ္သည္။

ၿပီးခဲ့သည္ ၾသဂုတ္လ ၁၄ ရက္ေန႔က ည ၉ နာရီခန႔္တြင္ အဆိုပါ ကပစ ၂၁ တပ္အတြင္းရွိ လက္နက္ထ ထုတ္လုပ္ေရးစက္႐ုံတခု ေပါက္ကြဲခဲ့ၿပီး မီးေလာင္မႈျဖစ္ပြားခဲ့သည္ ။အဆိုပါတပ္မွစက္႐ုံမႉးသည္ ဗိုလ္မႉးႀကီး တင္ေမာင္သြင္ျဖစ္ၿပီး ယင္းေပါက္ကြဲမႈအား ျပည္သူ႔ကာကြယ္ေရးတပ္ – PDF မ်ားက ဒ႐ုန္းျဖင့္ ဗုံးလာႀကဲသည္ဟု ေနျပည္ေတာ္ရွိ စစ္႐ုံးခ်ဳပ္အပါအဝင္ အထက္ဌာနမ်ားကို တင္ျပခဲ့ေၾကာင္း စစ္ဘက္ သတင္းရင္းမ်ားထံက သိရသည္။

သို႔ေသာ္ ယင္းလက္နက္စက္႐ုံ ေပါက္ကြဲမႈႏွင့္မီးေလာင္မႈသည္ PDF မ်ားလက္ခ်က္ေၾကာင့္ မဟုတ္ဘဲ တပ္တြင္းရွိ ေအာက္ေျခစစ္သည္မ်ားကို အနားမေပးဘဲ ဖိအားေပးခိုင္းေစမႈမ်ားအေပၚ မေက်နပ္သည့္အတြက္ ကပစ ၂၁ ရွိ ေအာက္ေျခစစ္သားမ်ားက မေတာ္တဆပုံစံျဖင့္ ၎တို႔ကိုယ္တိုင္ ေဖာက္ခြဲခဲ့ျခင္း ျဖစ္သည္ဟု ကပစတပ္တြင္းသတင္းရင္းျမစ္မ်ားက ေျပာသည္။

”စက္႐ုံမႉးက ေအာက္ေျခက အဲ့ဒီလိုလုပ္တယ္ဆိုရင္ သူ႔ကို ႀကီးၾကပ္ကြပ္ကဲမႈညံ့တယ္ဆိုၿပီး အမႈလာပတ္မွာ စိုးလို႔ PDF က ဒ႐ုန္းနဲ႔ဗုံးႀကဲတယ္ဆိုၿပီး တင္ျပတာ။ တကယ္က က်ေနာ္တို႔တပ္ဖြဲ႕အခ်င္းခ်င္းသိတာက ခိုင္းတာေတြက ေန႔ေရာညပါျဖစ္ေနေတာ့ ဆႏၵျပတဲ့ပုံစံနဲ႔ မေတာ္တဆကြဲတာလိုလိုလုပ္ၿပီး ေဖာက္ခြဲတာ”ဟု ကပစ ၂၁ တပ္ႏွင့္နီးစပ္သည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

အာဏာသိမ္း စစ္ေကာင္စီတပ္သည္ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ ကခ်င္ျပည္နယ္၊ ကရင္နီ (ကယား) ျပည္နယ္ႏွင့္ ကရင္ ျပည္နယ္တို႔တြင္ ေျမျပင္တိုက္ပြဲမ်ား၌ ၂၀၂၁ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွစ၍ ၿပီးခဲ့သည့္ ၾသဂုတ္လအထိ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သလို ရဟတ္ယာဥ္မ်ား၊ တိုက္ေလယာဥ္မ်ားျဖင့္ ဗုံးႀကဲတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္။

ထိုသို႔ တိုက္ပြဲမ်ားတြင္ အသုံးျပဳေနသည့္ တိုက္ေလယာဥ္ဗုံးသီးမ်ားႏွင့္ လက္နက္ႀကီးဗုံးသီးမ်ားကို ကာကြယ္ေရးပစၥည္း ထုတ္ုလပ္ေရးစက္႐ုံ (ကပစ) တပ္မ်ားျဖစ္သည့္ မေကြးတိုင္း၊့ အထက္မင္းလွအေျခစိုက္ ကပစ ၁၀၊ ငဖဲၿမိဳ႕နယ္အေျခစိုက္ ကပစ ၁၄၊ ဆိပ္ျဖဴၿမိဳ႕နယ္အေျခစိုက္ ကပစ ၂၁၊ ေက်ာၿမိဳ႕အေျခစိုက္ ကပစ ၂၃ စသည့္တပ္မ်ားမွ အဓိကထုတ္လုပ္ေပးေနျခင္း ျဖစ္သည္။

အဆိုပါ ကပစ တပ္ ၄ ခုသည္ ကာကြယ္ေရးပစၥည္း ထုတ္ လုပ္ေရးအရာရွိခ်ဳပ္႐ုံး (ကကထုတ္)၊ ဒုံးလက္နက္ဌာနႀကီး (ကကထုတ္ အမွတ္ ၆ ဌာနႀကီး) မွ ကိုင္တြယ္ႀကီး ၾကပ္ကြပ္ကဲသည့္ ကပစ တပ္မ်ားျဖစ္သည္။

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္သည့္ အာဏာသိမ္းစစ္တပ္ကို ကခ်င္၊ ကရင္၊ ကရင္နီ (ကယား)၊ မေကြး၊ စစ္ကိုင္းႏွင့္ ခ်င္းျပည္နယ္တို႔အပါ အဝင္ ေဒသအႏွံ႔အျပားမွ ျပည္သူမ်ားက လက္နက္ ကိုင္ကာ ခုခံတိုက္ခိုက္ခဲ့ၾကသည္။

ေဒသအသီးသီးမွ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ – PDF မ်ား၏ခုခံတိုက္ခိုက္မႈေၾကာင့္ အာဏာသိမ္း စစ္တပ္အေနျဖင့္ အထိအခိုက္၊ အက်အဆုံးမ်ားခဲ့သလို စစ္သည္အင္အား လိုအပ္ခ်က္လည္း ယခင္ထက္ ပိုမ်ားလာခဲ့သည္။

စစ္တပ္ထဲ ဝင္ေရာက္သူ မရွိသေလာက္နည္းပါးေနခ်ိန္တြင္ ေနရာအႏွံ႔အျပား၌ တိုက္ခိုက္မႈမ်ား ရင္ဆိုင္ေနရသျဖင့္ စစ္တပ္ေခါင္းေဆာင္မ်ားက တိုက္ခိုက္ေရးတပ္မ်ားသာမက ကပစကဲ့သို႔ လက္႐ုံးတပ္မ်ားမွ စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးစစ္သည္မ်ားကိုပါ ထုတ္ႏႈတ္၍ ေရွ႕တန္းသို႔ ပို႔ေဆာင္ျခင္း၊ ၿမိဳ႕မ်ား၌ လုံၿခဳံေရးတာဝန္ခိုင္းေစျခင္းမ်ား ျပဳလုပ္ခဲ့သည္။

စစ္ေကာင္စီတပ္၏ ကပစတပ္အားလုံးတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂ သာင္း ၆ ေထာင္ ဝန္းက်င္ရွိၿပီး စစ္ေခါင္းေဆာင္မ်ားက အဆိုပါအေရအတြက္၏ ၄ ပုံ ၁ ပုံခန႔္ျဖစ္ေသာ စစ္သည္အင္အား ၆ ေထာင္ေက်ာ္ကို ကပစတပ္မ်ားမွ ဆြဲထုတ္၍ စစ္ဆင္ေရးႏွင့္ နယ္ေျမလုံၿခဳံေရးတာဝန္မ်ား ခိုင္းေစ အသုံးျပဳခဲ့ေၾကာင္း စစ္ဘက္သတင္းရင္းျမစ္မ်ားထံက သိရသည္။

”လက္နက္ခဲယမ္းနဲ႔ဆက္စပ္ပစၥည္းထုတ္တဲ့ ကပစတပ္အားလုံးဆို တပ္ေပါင္း ၃၀ ေက်ာ္ ရွိတယ္။ တပ္တခုနဲ႔ တခုက ဖြဲ႕စည္းပုံနဲ႔ အင္အားေတာ့ မတူဘူး။ ကပစတပ္အားလုံးဆိုရင္ အရာရွိ ၆၀၀၀ နဲ႔ အျခားအဆင့္ ၂၀၀၀၀ ေလာက္ ရွိတယ္။ အဲ့ဒီထဲကမွ ထုတ္လုပ္ေရးစစ္သား ၄ ပုံ ၁ ပုံေလာက္ကို ထုတ္လုပ္ေရး မခိုင္းႏိုင္ေတာ့ဘူး။ တျခား လုံၿခဳံေရးနဲ႔စစ္ဆင္ေရးေတြမွာ ထုတ္ႏႈတ္သုံးစြဲေနရတယ္’ ဟု ကပစတပ္တြင္ တာဝန္ထမ္းေဆာင္ ဖူးသည့္ CDM တပ္မေတာ္အရာရွိတဦးက ရွင္းျပသည္။

အာဏာသိမ္း စစ္ေကာင္စီတပ္မ်ားသည္ တိုက္ပြဲမ်ား၌ လက္နက္ႀကီး အေျမႇာက္ဆံဗုံးသီးႏွင့္ တိုက္ေလယာဥ္ ဗုံးသီး အေျမာက္အမ်ားအသုံးျပဳ၍ တိုက္ခိုက္ေနသည့္အတြက္ စစ္ဆင္ေရးမ်ားတြင္ ဗုံးသီးလိုအပ္ခ်က္က ပိုမ်ားလာခဲ့သည္။

ကပစတပ္တြင္းသတင္းရင္းျမစ္မ်ားအဆိုအရ တိုက္ေလယာဥ္ဗုံးသီးႏွင့္လက္နက္ႀကီးဗုံးသီးမ်ား လိုအပ္ခ်က္မွာ ယခင္ထက္ ၂ ဆမ်ားျပားခဲ့ၿပီး အဆိုပါ ဗုံးသီးမ်ားကိုထုတ္လုပ္ေပးေနသည့္ ကပစ တပ္မ်ားကိုလည္း စစ္ေခါင္းေဆာင္မ်ားက ယခင္သတ္မွတ္အေရ အတြက္ထက္ ၂ ဆခန႔္ ပိုမိုေတာင္းခံခဲ့ေၾကာင္း သိရသည္။

”အဓိကေတာ့ 120 mm၊ 122 mm ဗုံးသီးထုတ္တဲ့ ကပစ ၁၀ ပါမယ္၊ ေလယာဥ္ဗုံးအႀကီးစားထုတ္တဲ့ ကပစ ၂၁ ေပါ့။ ဒါေတြအမ်ားဆုံးသုံးေနရတာဆိုေတာ့။ ေနာက္ ကပစ ၁၄ ၊ ၂၃ ဒီတပ္ေတြကို ဗုံးသီးလိုအပ္ခ်က္မ်ားလို႔ ဆိုၿပီး အရင္ထက္ကို ၂ ဆေလာက္ အထက္က ေတာင္းခံေနတာေတြရွိတယ္။ ေအာက္က လူႀကီးေတြကလည္း သူတို႔ကိုယ္တိုင္လုပ္ရတာမွ မဟုတ္တာ ။

ေအာက္ေျခကိုဘဲ ျပန္ခိုင္းတာဆိုေတာ့ ေအာက္ေျခက ၂ ဆေလာက္ လုပ္ရတာေပါ့၊ ေန႔ေတြေရာ ညေတြေရာ စက္႐ုံဆင္းေနရတာေတြ ရွိတယ္။ အရင္ထက္ ၂ ဆေလာက္လုပ္ရတာ ကေတာ့ တပ္အားလုံးနီးပါးပဲ”ဟု လုံၿခဳံေရးအရ တပ္အမည္မေဖာ္လိုသူ မေကြးတိုင္းရွိ ကပစတပ္တခု၏ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တစ္ဦးက ရွင္းျပသည္။

ကပစ စက္႐ုံမ်ား၌ စစ္လက္နက္ပစၥည္း ထုတ္လုပ္သည့္စစ္သည္အင္အား ၄ ပုံ ၁ ပုံခန႔္ ေလ်ာ့နည္းေနခ်ိန္တြင္တိုက္ေလယာဥ္ဗုံးသီးႏွင့္လက္နက္ႀကီးဗုံးသီးမ်ားကို စစ္ေခါင္းေဆာင္မ်ားက ၂ ဆ ေတာင္းသျဖင့္ စပစတပ္မွ စက္႐ုံမႉး စစ္အရာရွိႀကီးမ်ားမွာ ေအာက္ေျခစစ္သားမ်ားကို နားရက္မေပးဘဲ ဖိအားေပးခိုင္းေစကာ စစ္လက္နက္မ်ား ထုတ္လုပ္ေစခဲ့သည္။

“ေလယာဥ္ဗုံးေတြကို အရင္ ဘတ္ဂ်က္လ်ာထား ခ်က္ေတြထက္ အလုံးေရ ၂ ဆ ေလာက္ ထုတ္ေပးဖို႔ ေတာင္းေနေတာ့ ေအာက္ကဘယ္ခံႏိုင္ေတာ့မလဲ။ အရင္ထက္ေတာင္ လူေတြက ခြဲေပးေနရတဲ့ အေျခအေနမွာ က်န္တဲ့လူနဲ႔ ၂ ဆလုပ္ဖို႔ဆိုတာမလြယ္ဘူးေလ။ စက္႐ုံမႉးေတြကလည္း အထက္က ၂ဆဆိုတာနဲ႔လိုက္ၿပီး ၂ ဆ ထုတ္ခိုင္းေနၾကတာ။ ေအာက္ကေကာင္ေတြကေသေတာ့မွာ”ဟု ကပစ ၂၁ တပ္ႏွင့္နီးစပ္သည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တစ္ဦးက ဆိုသည္။

ကပစ ၂၁ တပ္သည္ လက္ရွိစစ္ေကာင္စီေလတပ္မွ ဗုံးႀကဲတိုက္ခိုက္ေနသည့္ အႀကီးစားဗုံးသီး (Air Craft) မ်ားကိုအဓိကထားထုတ္လုပ္ေပးေနၿပီး 250 Kg၊ 260 Kg၊ 268 Kg၊ 500 Kg စသည့္ ဗုံးသီးမ်ားကိုထုတ္လုပ္ ေပးေနေသာတပ္ျဖစ္ေၾကာင္း တပ္တြင္းသတင္းရင္းျမစ္မ်ားက ေျပာသည္။

စစ္လက္နက္ဗုံးသီးမ်ား ၂ ဆေတာင္းခံမႈေၾကာင့္ လက္နက္ထုတ္လုပ္ေရးစစ္သည္မ်ား နားရက္မရွိ အလုပ္ဆင္း ခဲ့ရသည့္ေနာက္ ၾသဂုတ္လ ၁၄ ရက္ေန႔တြင္ ကပစ ၂၁ တပ္ရွိ လက္နက္စက္႐ုံ ေပါက္ကြဲမီးေလာင္မႈ ေပၚေပါက္ခဲ့သည္။

အဆိုပါ ေပါက္ကြဲမႈကို ေအာက္ေျခရွိ ကပစ ၂၁ စက္႐ုံမႉး ဗိုလ္မႉးႀကီး တင္ေမာင္သြင္က PDF မ်ားက စက္႐ုံကို ဒ႐ုန္းျဖင့္လာေရာက္ ဗုံးႀကဲခဲ့သည့္အတြက္ မီးေလာင္ပ်က္ စီးခဲ့သည္ဟု တပ္မေတာ္ ကာကြယ္ေရးပစၥည္း ထုတ္လုပ္ေရးအရာရွိခ်ဳပ္႐ုံး (ကကထုတ္) အပါအဝင္ ေနျပည္ေတာ္ရွိ စစ္ေခါင္းေဆာင္မ်ားထံ တင္ျပခဲ့သည္။

ေနျပည္ေတာ္ရွိ ကကထုတ္ဌာနသည္ ကပစ ၂၁ တပ္ရင္းမႉး၏တင္ျပခ်က္အေပၚ သံသယရွိသည့္အတြက္စစ္လက္နက္ထုတ္လုပ္ေရးတြင္ နံပါတ္ ၂ ေခါင္းေဆာင္ျဖစ္သည့္ ဒုတိယ ကာကြယ္ေရးပစၥည္းထုတ္လုပ္ေရး အရာရွိခ်ဳပ္ ဗိုလ္ခ်ဳပ္ မ်ိဳးေအာင္ကိုယ္တိုင္ ယင္းကိစၥကို လာေရာက္စစ္ေဆးခဲ့သည္။

ကပစ ၂၁ စက္႐ုံအား တပ္တြင္းဖရဲသီး၊ ေအာက္ေျခတပ္သားႏွင့္ ဝန္ထမ္းမ်ားမွ ပူးေပါင္းလုပ္ေဆာင္သည္ဟု စစ္ေခါင္းေဆာင္မ်ားက ယူဆေနၿပီး သံသယရွိသူ စစ္ေကာင္စီတပ္သားမ်ားႏွင့္ အမ်ိဳးသမီးဝန္ထမ္းမ်ားအား စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သတပ္တြင္းသတင္းရင္းျမစ္မ်ားထံက သိရသည္။

“ကပစ ၂၁ စက္႐ုံ မီးေလာင္ေပါက္ကြဲတဲ့ျဖစ္စဥ္က ကိုယ့္လူပဲ ျပန္လုပ္တာလား၊ မေတာ္တဆလား၊ PDF လက္ခ်က္လားဆိုတာ စုံခုံဖြဲ႕စစ္တယ္။ စစ္တာမွ ဒုထုတ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မ်ိဳးေအာင္ကိုယ္တိုင္ လာစစ္တာ”ဟု ကပစ ၂၁ တပ္ႏွင့္နီးစပ္သည့္ စစ္ေကာင္စီတပ္သားတစ္ဦးက ဆိုသည္။

မေကြးတိုင္းရွိ ကပစတပ္မ်ားကို ဒ႐ုန္းျဖင့္ ဗုံးႀကဲတိုက္ ခိုက္မႈမ်ား လုပ္ေဆာင္ျခင္းမရွိေသးေၾကာင္း စစ္ေကာင္စီတပ္ကို ဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္ေနသည့္ Federal Wings PDF တပ္ဖြဲ႕ ဦးေဆာင္သူတစ္ဦးက ေျပာသည္။

“က်ေနာ္တို႔ ဒ႐ုန္းမွာတပ္ၿပီးႀကဲတဲ့ဗုံးေတြက ထိတာနဲ႔ကြဲေအာင္လုပ္ထားတာ။ ကပစ စက္႐ုံေတြကို ဗုံးႀကဲမယ္ ဆိုရင္ေတာင္ စက္႐ုံေခါင္မိုးထိတာနဲ႔ ေပါက္ကြဲမွာ။ ေအာက္က စက္႐ုံထဲကပစၥည္းေတြ ေပါက္ကြဲစရာ မရွိပါဘူး။ ၿပီးေတာ့ မေကြးဘက္မွာက ဒီလိုမ်ိဳး ကပစစက္႐ုံေတြ ဒ႐ုန္းနဲ႔ဗုံးႀကဲတဲ့မစ္ရွင္ေတြ လုပ္ေဆာင္တာ မရွိေသး ပါဘူး။ သူတို႔စစ္ေခါင္းေဆာင္ေတြ မတရားခိုင္းတာကို ေအာက္ေျခစစ္သားေတြက မေက်နပ္လို႔ သူတို႔ဘာသာ စက္႐ုံကို ေဖာက္ခြဲတာပဲ ျဖစ္မွာပါ”ဟု သူက ေျပာသည္။

ကပစ တပ္မ်ားတြင္ ဖိအားေပးေစခိုင္းမႈအေပၚ ေအာက္ ေျခစစ္သားမ်ားက ရည္႐ြယ္ခ်က္ရွိရွိ ေဖာက္ခြဲမႈမ်ား ျပဳလုပ္ကာ ဆႏၵျပမႈမ်ားရွိခဲ့ေသာ္လည္း စက္႐ုံမႉးမ်ားက မေတာ္တဆမႈမ်ားအျဖစ္သာ အထက္ကို တင္ျပခဲ့သည့္ျဖစ္စဥ္မ်ားရွိခဲ့သည္ဟု ကပစတပ္၌ ၁၀ ႏွစ္ေက်ာ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ CDM ဗိုလ္ႀကီး ဇင္ေယာ္က ေျပာသည္။

”ဒီျဖစ္စဥ္ေတြက အရင္ထဲကရွိတယ္။ ေအာက္က ကိုယ့္ဘာသာကို ျပန္လုပ္တာေတြလည္း ရွိတယ္။ မေတာ္တဆ ျဖစ္တာေတြလည္း ရွိတယ္။ ၂၀၀၀ ခုႏွစ္ေလာက္က ကပစ ၅ မွာ ယမ္းခ်က္စက္႐ုံတစ္႐ုံ မီးေလာင္ၿပီးေတာ့ ႐ုံတ႐ုံလုံး ေပ်ာက္သြားတဲ့ျဖစ္စဥ္မ်ိဳးေတြ ျဖစ္ခဲ့တယ္။ အဲဒီတုန္းကလည္း ဒီလိုဘဲ ေအာက္ကရဲေဘာ္က မေက်နပ္လို႔လုပ္တာလိုလို၊ မေတာ္တဆလိုလိုနဲ႔။

စုံခုံဖြဲ႕အစစ္ခံရေတာ့ စစ္႐ုံမႉးကမိုး/ဇလဌာနနဲ႔သြားညႇိတယ္။ ညႇိၿပီးေတာ့မွ အဲ့ဒီစက္႐ုံရဲ႕ေအာက္တည့္တည့္မွာ အင္အားဘယ္ေလာက္ရွိတဲ့ ငလ်င္တစ္ခု လႈပ္သြားပါတယ္၊ အဲဒါေၾကာင့္ေပါက္ကြဲတာပါဆိုၿပီး ထြက္ဆိုခ်က္ေပးၿပီး စုံခုံကို ပိတ္လိုက္ရတယ္။ DI(ကပစ) ကေကာင္ေတြက အေပၚက စြတ္ခိုင္းလာၿပီးဆို အဲ့ဒီလိုျပန္လုပ္တတ္တဲ့အက်င့္ ရွိတယ္”ဟု ဗိုလ္ႀကီး ဇင္ေယာ္က ရွင္းျပသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏အာဏာသိမ္းစစ္တပ္သည္ ဘက္ေပါင္းစုံမွ အၾကပ္အတည္းမ်ားေၾကာင့္ ေအာက္ေျခစစ္သည္မ်ား တပ္ကိုစြန႔္ခြာထြက္ေျပးမႈ၊ အမိန႔္မနာခံမႈမ်ား ျဖစ္ေပၚေနသလို ေနာက္တန္းမွ လက္နက္ ထုတ္လုပ္ေရးစစ္သည္မ်ား၏ဆန႔္က်င္မႈမ်ားကိုလည္း ရင္ဆိုင္ေနရၿပီျဖစ္သည္။

Ayeyarwaddy_Times

အောက်ခြေစစ်သားများ၏ ဆန့်ကျင်မှုက ကိုယ့်လက် နက်စက်ရုံကိုယ်မီးပြန်ရှို့တဲ့အထိရောက်နေပြီလား”(သတင်းဆောင်းပါး)

ဟိန်းစံ/ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၆ ရက်

စစ်ကောင်စီတပ်၏ အမှတ် – ၂၁ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှာ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်းရွာတွင် တည်ရှိသည်။ အဆိုပါစက်ရုံသည် စစ်ကောင်စီအတွက် လေယာဉ်ဗုံးသီးများနှင့် လက်နက်ကြီးဗုံးသီးများ အဓိကထုတ်လုပ်သည့်စက်ရုံဖြစ်သည်။

ပြီးခဲ့သည် သြဂုတ်လ ၁၄ ရက်နေ့က ည ၉ နာရီခန့်တွင် အဆိုပါ ကပစ ၂၁ တပ်အတွင်းရှိ လက်နက်ထ ထုတ်လုပ်ရေးစက်ရုံတခု ပေါက်ကွဲခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည် ။အဆိုပါတပ်မှစက်ရုံမှူးသည် ဗိုလ်မှူးကြီး တင်မောင်သွင်ဖြစ်ပြီး ယင်းပေါက်ကွဲမှုအား ပြည်သူ့ကာကွယ်ရေးတပ် – PDF များက ဒရုန်းဖြင့် ဗုံးလာကြဲသည်ဟု နေပြည်တော်ရှိ စစ်ရုံးချုပ်အပါအဝင် အထက်ဌာနများကို တင်ပြခဲ့ကြောင်း စစ်ဘက် သတင်းရင်းများထံက သိရသည်။

သို့သော် ယင်းလက်နက်စက်ရုံ ပေါက်ကွဲမှုနှင့်မီးလောင်မှုသည် PDF များလက်ချက်ကြောင့် မဟုတ်ဘဲ တပ်တွင်းရှိ အောက်ခြေစစ်သည်များကို အနားမပေးဘဲ ဖိအားပေးခိုင်းစေမှုများအပေါ် မကျေနပ်သည့်အတွက် ကပစ ၂၁ ရှိ အောက်ခြေစစ်သားများက မတော်တဆပုံစံဖြင့် ၎င်းတို့ကိုယ်တိုင် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ကပစတပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။

”စက်ရုံမှူးက အောက်ခြေက အဲ့ဒီလိုလုပ်တယ်ဆိုရင် သူ့ကို ကြီးကြပ်ကွပ်ကဲမှုညံ့တယ်ဆိုပြီး အမှုလာပတ်မှာ စိုးလို့ PDF က ဒရုန်းနဲ့ဗုံးကြဲတယ်ဆိုပြီး တင်ပြတာ။ တကယ်က ကျနော်တို့တပ်ဖွဲ့အချင်းချင်းသိတာက ခိုင်းတာတွေက နေ့ရောညပါဖြစ်နေတော့ ဆန္ဒပြတဲ့ပုံစံနဲ့ မတော်တဆကွဲတာလိုလိုလုပ်ပြီး ဖောက်ခွဲတာ”ဟု ကပစ ၂၁ တပ်နှင့်နီးစပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် မြေပြင်တိုက်ပွဲများ၌ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ပြီးခဲ့သည့် သြဂုတ်လအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ တိုက်ပွဲများတွင် အသုံးပြုနေသည့် တိုက်လေယာဉ်ဗုံးသီးများနှင့် လက်နက်ကြီးဗုံးသီးများကို ကာကွယ်ရေးပစ္စည်း ထုတ်ုလပ်ရေးစက်ရုံ (ကပစ) တပ်များဖြစ်သည့် မကွေးတိုင်း၊့ အထက်မင်းလှအခြေစိုက် ကပစ ၁၀၊ ငဖဲမြို့နယ်အခြေစိုက် ကပစ ၁၄၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၁၊ ကျောမြို့အခြေစိုက် ကပစ ၂၃ စသည့်တပ်များမှ အဓိကထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။

အဆိုပါ ကပစ တပ် ၄ ခုသည် ကာကွယ်ရေးပစ္စည်း ထုတ် လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်)၊ ဒုံးလက်နက်ဌာနကြီး (ကကထုတ် အမှတ် ၆ ဌာနကြီး) မှ ကိုင်တွယ်ကြီး ကြပ်ကွပ်ကဲသည့် ကပစ တပ်များဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်ကို ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ မကွေး၊ စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့အပါ အဝင် ဒေသအနှံ့အပြားမှ ပြည်သူများက လက်နက် ကိုင်ကာ ခုခံတိုက်ခိုက်ခဲ့ကြသည်။

ဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များ၏ခုခံတိုက်ခိုက်မှုကြောင့် အာဏာသိမ်း စစ်တပ်အနေဖြင့် အထိအခိုက်၊ အကျအဆုံးများခဲ့သလို စစ်သည်အင်အား လိုအပ်ချက်လည်း ယခင်ထက် ပိုများလာခဲ့သည်။

စစ်တပ်ထဲ ဝင်ရောက်သူ မရှိသလောက်နည်းပါးနေချိန်တွင် နေရာအနှံ့အပြား၌ တိုက်ခိုက်မှုများ ရင်ဆိုင်နေရသဖြင့် စစ်တပ်ခေါင်းဆောင်များက တိုက်ခိုက်ရေးတပ်များသာမက ကပစကဲ့သို့ လက်ရုံးတပ်များမှ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစစ်သည်များကိုပါ ထုတ်နှုတ်၍ ရှေ့တန်းသို့ ပို့ဆောင်ခြင်း၊ မြို့များ၌ လုံခြုံရေးတာဝန်ခိုင်းစေခြင်းများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်၏ ကပစတပ်အားလုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ သာင်း ၆ ထောင် ဝန်းကျင်ရှိပြီး စစ်ခေါင်းဆောင်များက အဆိုပါအရေအတွက်၏ ၄ ပုံ ၁ ပုံခန့်ဖြစ်သော စစ်သည်အင်အား ၆ ထောင်ကျော်ကို ကပစတပ်များမှ ဆွဲထုတ်၍ စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များ ခိုင်းစေ အသုံးပြုခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံက သိရသည်။

”လက်နက်ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းထုတ်တဲ့ ကပစတပ်အားလုံးဆို တပ်ပေါင်း ၃၀ ကျော် ရှိတယ်။ တပ်တခုနဲ့ တခုက ဖွဲ့စည်းပုံနဲ့ အင်အားတော့ မတူဘူး။ ကပစတပ်အားလုံးဆိုရင် အရာရှိ ၆၀၀၀ နဲ့ အခြားအဆင့် ၂၀၀၀၀ လောက် ရှိတယ်။ အဲ့ဒီထဲကမှ ထုတ်လုပ်ရေးစစ်သား ၄ ပုံ ၁ ပုံလောက်ကို ထုတ်လုပ်ရေး မခိုင်းနိုင်တော့ဘူး။ တခြား လုံခြုံရေးနဲ့စစ်ဆင်ရေးတွေမှာ ထုတ်နှုတ်သုံးစွဲနေရတယ်’ ဟု ကပစတပ်တွင် တာဝန်ထမ်းဆောင် ဖူးသည့် CDM တပ်မတော်အရာရှိတဦးက ရှင်းပြသည်။

အာဏာသိမ်း စစ်ကောင်စီတပ်များသည် တိုက်ပွဲများ၌ လက်နက်ကြီး အမြှောက်ဆံဗုံးသီးနှင့် တိုက်လေယာဉ် ဗုံးသီး အမြောက်အများအသုံးပြု၍ တိုက်ခိုက်နေသည့်အတွက် စစ်ဆင်ရေးများတွင် ဗုံးသီးလိုအပ်ချက်က ပိုများလာခဲ့သည်။

ကပစတပ်တွင်းသတင်းရင်းမြစ်များအဆိုအရ တိုက်လေယာဉ်ဗုံးသီးနှင့်လက်နက်ကြီးဗုံးသီးများ လိုအပ်ချက်မှာ ယခင်ထက် ၂ ဆများပြားခဲ့ပြီး အဆိုပါ ဗုံးသီးများကိုထုတ်လုပ်ပေးနေသည့် ကပစ တပ်များကိုလည်း စစ်ခေါင်းဆောင်များက ယခင်သတ်မှတ်အရေ အတွက်ထက် ၂ ဆခန့် ပိုမိုတောင်းခံခဲ့ကြောင်း သိရသည်။

”အဓိကတော့ 120 mm၊ 122 mm ဗုံးသီးထုတ်တဲ့ ကပစ ၁၀ ပါမယ်၊ လေယာဉ်ဗုံးအကြီးစားထုတ်တဲ့ ကပစ ၂၁ ပေါ့။ ဒါတွေအများဆုံးသုံးနေရတာဆိုတော့။ နောက် ကပစ ၁၄ ၊ ၂၃ ဒီတပ်တွေကို ဗုံးသီးလိုအပ်ချက်များလို့ ဆိုပြီး အရင်ထက်ကို ၂ ဆလောက် အထက်က တောင်းခံနေတာတွေရှိတယ်။ အောက်က လူကြီးတွေကလည်း သူတို့ကိုယ်တိုင်လုပ်ရတာမှ မဟုတ်တာ ။

အောက်ခြေကိုဘဲ ပြန်ခိုင်းတာဆိုတော့ အောက်ခြေက ၂ ဆလောက် လုပ်ရတာပေါ့၊ နေ့တွေရော ညတွေရော စက်ရုံဆင်းနေရတာတွေ ရှိတယ်။ အရင်ထက် ၂ ဆလောက်လုပ်ရတာ ကတော့ တပ်အားလုံးနီးပါးပဲ”ဟု လုံခြုံရေးအရ တပ်အမည်မဖော်လိုသူ မကွေးတိုင်းရှိ ကပစတပ်တခု၏ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ကပစ စက်ရုံများ၌ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့်စစ်သည်အင်အား ၄ ပုံ ၁ ပုံခန့် လျော့နည်းနေချိန်တွင်တိုက်လေယာဉ်ဗုံးသီးနှင့်လက်နက်ကြီးဗုံးသီးများကို စစ်ခေါင်းဆောင်များက ၂ ဆ တောင်းသဖြင့် စပစတပ်မှ စက်ရုံမှူး စစ်အရာရှိကြီးများမှာ အောက်ခြေစစ်သားများကို နားရက်မပေးဘဲ ဖိအားပေးခိုင်းစေကာ စစ်လက်နက်များ ထုတ်လုပ်စေခဲ့သည်။

“လေယာဉ်ဗုံးတွေကို အရင် ဘတ်ဂျက်လျာထား ချက်တွေထက် အလုံးရေ ၂ ဆ လောက် ထုတ်ပေးဖို့ တောင်းနေတော့ အောက်ကဘယ်ခံနိုင်တော့မလဲ။ အရင်ထက်တောင် လူတွေက ခွဲပေးနေရတဲ့ အခြေအနေမှာ ကျန်တဲ့လူနဲ့ ၂ ဆလုပ်ဖို့ဆိုတာမလွယ်ဘူးလေ။ စက်ရုံမှူးတွေကလည်း အထက်က ၂ဆဆိုတာနဲ့လိုက်ပြီး ၂ ဆ ထုတ်ခိုင်းနေကြတာ။ အောက်ကကောင်တွေကသေတော့မှာ”ဟု ကပစ ၂၁ တပ်နှင့်နီးစပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကပစ ၂၁ တပ်သည် လက်ရှိစစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်နေသည့် အကြီးစားဗုံးသီး (Air Craft) များကိုအဓိကထားထုတ်လုပ်ပေးနေပြီး 250 Kg၊ 260 Kg၊ 268 Kg၊ 500 Kg စသည့် ဗုံးသီးများကိုထုတ်လုပ် ပေးနေသောတပ်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်လက်နက်ဗုံးသီးများ ၂ ဆတောင်းခံမှုကြောင့် လက်နက်ထုတ်လုပ်ရေးစစ်သည်များ နားရက်မရှိ အလုပ်ဆင်း ခဲ့ရသည့်နောက် သြဂုတ်လ ၁၄ ရက်နေ့တွင် ကပစ ၂၁ တပ်ရှိ လက်နက်စက်ရုံ ပေါက်ကွဲမီးလောင်မှု ပေါ်ပေါက်ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုကို အောက်ခြေရှိ ကပစ ၂၁ စက်ရုံမှူး ဗိုလ်မှူးကြီး တင်မောင်သွင်က PDF များက စက်ရုံကို ဒရုန်းဖြင့်လာရောက် ဗုံးကြဲခဲ့သည့်အတွက် မီးလောင်ပျက် စီးခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) အပါအဝင် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များထံ တင်ပြခဲ့သည်။

နေပြည်တော်ရှိ ကကထုတ်ဌာနသည် ကပစ ၂၁ တပ်ရင်းမှူး၏တင်ပြချက်အပေါ် သံသယရှိသည့်အတွက်စစ်လက်နက်ထုတ်လုပ်ရေးတွင် နံပါတ် ၂ ခေါင်းဆောင်ဖြစ်သည့် ဒုတိယ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဗိုလ်ချုပ် မျိုးအောင်ကိုယ်တိုင် ယင်းကိစ္စကို လာရောက်စစ်ဆေးခဲ့သည်။

ကပစ ၂၁ စက်ရုံအား တပ်တွင်းဖရဲသီး၊ အောက်ခြေတပ်သားနှင့် ဝန်ထမ်းများမှ ပူးပေါင်းလုပ်ဆောင်သည်ဟု စစ်ခေါင်းဆောင်များက ယူဆနေပြီး သံသယရှိသူ စစ်ကောင်စီတပ်သားများနှင့် အမျိုးသမီးဝန်ထမ်းများအား စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သတပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

“ကပစ ၂၁ စက်ရုံ မီးလောင်ပေါက်ကွဲတဲ့ဖြစ်စဉ်က ကိုယ့်လူပဲ ပြန်လုပ်တာလား၊ မတော်တဆလား၊ PDF လက်ချက်လားဆိုတာ စုံခုံဖွဲ့စစ်တယ်။ စစ်တာမှ ဒုထုတ်ချုပ် ဗိုလ်ချုပ်မျိုးအောင်ကိုယ်တိုင် လာစစ်တာ”ဟု ကပစ ၂၁ တပ်နှင့်နီးစပ်သည့် စစ်ကောင်စီတပ်သားတစ်ဦးက ဆိုသည်။

မကွေးတိုင်းရှိ ကပစတပ်များကို ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်မှုများ လုပ်ဆောင်ခြင်းမရှိသေးကြောင်း စစ်ကောင်စီတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်နေသည့် Federal Wings PDF တပ်ဖွဲ့ ဦးဆောင်သူတစ်ဦးက ပြောသည်။

“ကျနော်တို့ ဒရုန်းမှာတပ်ပြီးကြဲတဲ့ဗုံးတွေက ထိတာနဲ့ကွဲအောင်လုပ်ထားတာ။ ကပစ စက်ရုံတွေကို ဗုံးကြဲမယ် ဆိုရင်တောင် စက်ရုံခေါင်မိုးထိတာနဲ့ ပေါက်ကွဲမှာ။ အောက်က စက်ရုံထဲကပစ္စည်းတွေ ပေါက်ကွဲစရာ မရှိပါဘူး။ ပြီးတော့ မကွေးဘက်မှာက ဒီလိုမျိုး ကပစစက်ရုံတွေ ဒရုန်းနဲ့ဗုံးကြဲတဲ့မစ်ရှင်တွေ လုပ်ဆောင်တာ မရှိသေး ပါဘူး။ သူတို့စစ်ခေါင်းဆောင်တွေ မတရားခိုင်းတာကို အောက်ခြေစစ်သားတွေက မကျေနပ်လို့ သူတို့ဘာသာ စက်ရုံကို ဖောက်ခွဲတာပဲ ဖြစ်မှာပါ”ဟု သူက ပြောသည်။

ကပစ တပ်များတွင် ဖိအားပေးစေခိုင်းမှုအပေါ် အောက် ခြေစစ်သားများက ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲမှုများ ပြုလုပ်ကာ ဆန္ဒပြမှုများရှိခဲ့သော်လည်း စက်ရုံမှူးများက မတော်တဆမှုများအဖြစ်သာ အထက်ကို တင်ပြခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်ဟု ကပစတပ်၌ ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

”ဒီဖြစ်စဉ်တွေက အရင်ထဲကရှိတယ်။ အောက်က ကိုယ့်ဘာသာကို ပြန်လုပ်တာတွေလည်း ရှိတယ်။ မတော်တဆ ဖြစ်တာတွေလည်း ရှိတယ်။ ၂၀၀၀ ခုနှစ်လောက်က ကပစ ၅ မှာ ယမ်းချက်စက်ရုံတစ်ရုံ မီးလောင်ပြီးတော့ ရုံတရုံလုံး ပျောက်သွားတဲ့ဖြစ်စဉ်မျိုးတွေ ဖြစ်ခဲ့တယ်။ အဲဒီတုန်းကလည်း ဒီလိုဘဲ အောက်ကရဲဘော်က မကျေနပ်လို့လုပ်တာလိုလို၊ မတော်တဆလိုလိုနဲ့။

စုံခုံဖွဲ့အစစ်ခံရတော့ စစ်ရုံမှူးကမိုး/ဇလဌာနနဲ့သွားညှိတယ်။ ညှိပြီးတော့မှ အဲ့ဒီစက်ရုံရဲ့အောက်တည့်တည့်မှာ အင်အားဘယ်လောက်ရှိတဲ့ ငလျင်တစ်ခု လှုပ်သွားပါတယ်၊ အဲဒါကြောင့်ပေါက်ကွဲတာပါဆိုပြီး ထွက်ဆိုချက်ပေးပြီး စုံခုံကို ပိတ်လိုက်ရတယ်။ DI(ကပစ) ကကောင်တွေက အပေါ်က စွတ်ခိုင်းလာပြီးဆို အဲ့ဒီလိုပြန်လုပ်တတ်တဲ့အကျင့် ရှိတယ်”ဟု ဗိုလ်ကြီး ဇင်ယော်က ရှင်းပြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏အာဏာသိမ်းစစ်တပ်သည် ဘက်ပေါင်းစုံမှ အကြပ်အတည်းများကြောင့် အောက်ခြေစစ်သည်များ တပ်ကိုစွန့်ခွာထွက်ပြေးမှု၊ အမိန့်မနာခံမှုများ ဖြစ်ပေါ်နေသလို နောက်တန်းမှ လက်နက် ထုတ်လုပ်ရေးစစ်သည်များ၏ဆန့်ကျင်မှုများကိုလည်း ရင်ဆိုင်နေရပြီဖြစ်သည်။

Ayeyarwaddy_Times