Local News

ေ႐ႊဒဂၤါးျပားေဈးႏႈန္း စစ္ေကာင္စီမထိန္းႏိုင္

ေ႐ႊဒဂၤါးျပားေဈးႏႈန္း စစ္ေကာင္စီမထိန္းႏိုင္

ေ႐ႊေဈးကြက္ကို ထိန္းႏိုင္လိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ စစ္ေကာင္စီက ၿပီးခဲ့တဲ့ စက္တင္ဘာလ ၅ ရက္ေန႔ကစလို႔ ေ႐ႊဒဂၤါးျပားေတြကို ထုတ္ေရာင္းခဲ့ေပမယ့္ သူတို႔သတ္မွတ္ထားတဲ့ ေဈးအတိုင္းမဟုတ္ဘဲ ျပင္ပေပါက္ေဈးေတြနဲ႔ပဲ ေရာင္းခ်ေနတာေၾကာင့္ ေမွ်ာ္မွန္းသလို ျဖစ္မလာဘူးလို႔ ေ႐ႊလုပ္ငန္းလုပ္သူေတြက ေျပာပါတယ္။

ျပင္ပေဈးကြက္မွာ က်ပ္သိန္း ၃၀ ေက်ာ္ေနတဲ့ ေ႐ႊေဈးကြက္ကို ထိန္းခ်ဳပ္ဖို႔အတြက္ စစ္ေကာင္စီက ႀကိဳးပမ္းေနေပမယ့္ သိသာတဲ့ အေျပာင္းအလဲ ျဖစ္မလာႏိုင္ဘူးလို႔ ရန္ကုန္ၿမိဳ႕ေန ေ႐ႊလုပ္ငန္းရွင္တစ္ဦးက RFA ကို ဒီေန႔ေျပာပါတယ္။

“ ပထမေၾကညာတာက ေဈးတစ္မ်ိဳး။ အခုေရာင္းတာက ေဈးတစ္မ်ိဳးျဖစ္ေနတာ အားလုံးအသိပဲေလ။ ကိစၥႀကီးတစ္ခုကို ေလ်ာ့ေစခ်င္ရင္ ေျဖရွင္းနည္းက ကုန္သည္ေတြလက္ထဲကထက္ ပိုေရာင္းေပးရမွာ။ သူကဘယ္ေလာက္အထိ ေရာင္းႏိုင္မလဲဆိုတာလည္း မသိဘူး။ ေဆးၿမီးတိုနဲ႔ကုေနတာ။ ဒီပုံစံ ဒီအေျခအေနေတြကို မထိန္းသိမ္းႏိုင္ဘူးဆိုတာကလည္း အားလုံးအသိပဲေလ”

စစ္ေကာင္စီက ေရာင္းခ်တဲ့ ေ႐ႊဒဂၤါးျပားေတြကို ရန္ကုန္တိုင္းေ႐ႊအသင္းရဲ႕ တရားဝင္ဖြင့္လွစ္တဲ့ေဈးနဲ႔ေရာင္းခ်တာမဟုတ္ဘဲ ျပင္ပ ေဈးကြက္ေပါက္ေဈးအတိုင္း ေရာင္းခ်ေနတာျဖစ္ၿပီး တစ္က်ပ္သား ေ႐ႊဒဂၤါးျပား တစ္ျပားကို ေငြက်ပ္ ၂,၉၅၀,၀၀၀ နဲ႔ ေ႐ႊဒဂၤါးျပားထည့္တဲ့ ဘူးတစ္ဘူးကို ေငြက်ပ္ ၄၀,၀၀၀ စုစုေပါင္းေငြက်ပ္ ၂,၉၉၀,၀၀၀ နဲ႔ မေန႔ စက္တင္ဘာ ၅ ရက္ ကစလို႔ ေနျပည္ေတာ္ေက်ာက္မ်က္ရတနာျပတိုက္မွာ ေရာင္းခ်ေနတာပါ။

အခုလိုေ႐ႊဒဂၤါးေတြကို အျပင္ေပါက္ေဈးအတိုင္းေရာင္းခ်တာဟာ ဒီေန႔ေရာင္းရတဲ့ ေငြနဲ႔ ေနာက္ေန႔ေ႐ႊ ကုန္ၾကမ္းျပန္ဝယ္ရတာျဖစ္ၿပီး ျပင္ပမွာအကယ္မီ မီးလင္းေ႐ႊ တစ္က်ပ္သားကို ေငြက်ပ္သိန္း ၃၀ ေက်ာ္ေနတာေၾကာင့္ ရန္ကုန္တိုင္းေ႐ႊအသင္းရဲ႕ သတ္မွတ္ေဈးႏႈန္းအတိုင္း မေရာင္းခ်ႏိုင္တာျဖစ္တယ္လို႔ ရန္ကုန္းေ႐ႊလုပ္ငန္းရွင္အသင္း တာဝန္ရွိသူတစ္ဦးက RFA ကို ေျပာပါတယ္။

“ေ႐ႊအသင္းက သတ္မွတ္ထားတဲ့ ေဈးအတိုင္းေရာင္းရင္ ေဈးကြက္မွာ တန္းစီတိုးၿပီး ေဈးကစားတဲ့အေျခအေနတစ္ခုေပၚလာမွာ။ ဒီအတိုင္းပဲေရာင္းေပးရင္ ေဈးကြက္က ႏွစ္ခု ျဖစ္လာမွာေပါ့။ တန္းစီတိုးၿပီး အျပင္မွာ ျပန္ေရာင္းစားၾကမွာပဲ။ အရင္တုန္းကလည္း အဲဒီလိုျဖစ္ခဲ့တာပဲ။ ေ႐ႊဒဂၤါးေရာင္းတဲ့ေနရာတင္ တစ္ေသာင္းေလာက္ေဈးပိုေပးၿပီး ျပန္ဝယ္တဲ့ ေဈးကြက္ရွိခဲ့တာ”

ေ႐ႊအဓိကလုပ္ကိုင္ေနတဲ့ ကခ်င္ျပည္နယ္၊ တႏိုင္း ၿမိဳ႕နယ္ထဲမွာ စက္သုံးဆီ တစ္ ပီပါ ကို ေငြက်ပ္ ၁၀ သိန္းေက်ာ္ေနတာေၾကာင့္ ထုတ္လုပ္စရိတ္ မ်ားျပားေနၿပီး ေ႐ႊေဈးလည္း ေလွ်ာ့ခ်လို႔ မရေသးဘဲ ႐ုရွားက စက္သုံးဆီေတြေရာက္ၿပီးရင္ ေ႐ႊေဈးက ျပန္က်လာႏိုင္တယ္လို႔ သူကဆက္ေျပာပါတယ္။

စစ္ေကာင္စီရဲ႕ သယံဇာတနဲ႔ သဘဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနကေတာ့ တစ္က်ပ္သား ၊ ငါးမူးသားနဲ႔ တစ္မတ္သား အေလးခ်ိန္ရွိတဲ့ ေ႐ႊဒဂၤါးျပားေတြကို လြတ္လပ္စြာေရာင္းခ်မယ္လို႔ စက္တင္ဘာ ၂ ရက္က ေၾကညာခဲ့တာပါ။ ဒါေပမဲ့ ဘယ္ေလာက္အထိ ေရာင္းခ်မယ္ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း ေျပာၾကားထားတာမ်ိဳး မရွိပါဘူး။

ဒီကေန႔ စက္တင္ဘာ ၆ ရက္ အကယ္ဒမီ မီးလင္းေ႐ႊေဈးႏႈန္းဟာ တစ္က်ပ္သားကို ေရာင္းေဈး က်ပ္ ၂,၈၅၀,၀၀၀ နဲ႔ ဝယ္ေဈး က်ပ္သိန္း ၃၀ ရွိတယ္လို႔ ေ႐ႊလုပ္ငန္းလုပ္ကိုင္ေနသူေတြက ေျပာပါတယ္။source-RFA

ရွှေဒင်္ဂါးပြားဈေးနှုန်း စစ်ကောင်စီမထိန်းနိုင်

ရွှေဈေးကွက်ကို ထိန်းနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကစလို့ ရွှေဒင်္ဂါးပြားတွေကို ထုတ်ရောင်းခဲ့ပေမယ့် သူတို့သတ်မှတ်ထားတဲ့ ဈေးအတိုင်းမဟုတ်ဘဲ ပြင်ပပေါက်ဈေးတွေနဲ့ပဲ ရောင်းချနေတာကြောင့် မျှော်မှန်းသလို ဖြစ်မလာဘူးလို့ ရွှေလုပ်ငန်းလုပ်သူတွေက ပြောပါတယ်။

ပြင်ပဈေးကွက်မှာ ကျပ်သိန်း ၃၀ ကျော်နေတဲ့ ရွှေဈေးကွက်ကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီက ကြိုးပမ်းနေပေမယ့် သိသာတဲ့ အပြောင်းအလဲ ဖြစ်မလာနိုင်ဘူးလို့ ရန်ကုန်မြို့နေ ရွှေလုပ်ငန်းရှင်တစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

“ ပထမကြေညာတာက ဈေးတစ်မျိုး။ အခုရောင်းတာက ဈေးတစ်မျိုးဖြစ်နေတာ အားလုံးအသိပဲလေ။ ကိစ္စကြီးတစ်ခုကို လျော့စေချင်ရင် ဖြေရှင်းနည်းက ကုန်သည်တွေလက်ထဲကထက် ပိုရောင်းပေးရမှာ။ သူကဘယ်လောက်အထိ ရောင်းနိုင်မလဲဆိုတာလည်း မသိဘူး။ ဆေးမြီးတိုနဲ့ကုနေတာ။ ဒီပုံစံ ဒီအခြေအနေတွေကို မထိန်းသိမ်းနိုင်ဘူးဆိုတာကလည်း အားလုံးအသိပဲလေ”

စစ်ကောင်စီက ရောင်းချတဲ့ ရွှေဒင်္ဂါးပြားတွေကို ရန်ကုန်တိုင်းရွှေအသင်းရဲ့ တရားဝင်ဖွင့်လှစ်တဲ့ဈေးနဲ့ရောင်းချတာမဟုတ်ဘဲ ပြင်ပ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချနေတာဖြစ်ပြီး တစ်ကျပ်သား ရွှေဒင်္ဂါးပြား တစ်ပြားကို ငွေကျပ် ၂,၉၅၀,၀၀၀ နဲ့ ရွှေဒင်္ဂါးပြားထည့်တဲ့ ဘူးတစ်ဘူးကို ငွေကျပ် ၄၀,၀၀၀ စုစုပေါင်းငွေကျပ် ၂,၉၉၀,၀၀၀ နဲ့ မနေ့ စက်တင်ဘာ ၅ ရက် ကစလို့ နေပြည်တော်ကျောက်မျက်ရတနာပြတိုက်မှာ ရောင်းချနေတာပါ။

အခုလိုရွှေဒင်္ဂါးတွေကို အပြင်ပေါက်ဈေးအတိုင်းရောင်းချတာဟာ ဒီနေ့ရောင်းရတဲ့ ငွေနဲ့ နောက်နေ့ရွှေ ကုန်ကြမ်းပြန်ဝယ်ရတာဖြစ်ပြီး ပြင်ပမှာအကယ်မီ မီးလင်းရွှေ တစ်ကျပ်သားကို ငွေကျပ်သိန်း ၃၀ ကျော်နေတာကြောင့် ရန်ကုန်တိုင်းရွှေအသင်းရဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းချနိုင်တာဖြစ်တယ်လို့ ရန်ကုန်းရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ရွှေအသင်းက သတ်မှတ်ထားတဲ့ ဈေးအတိုင်းရောင်းရင် ဈေးကွက်မှာ တန်းစီတိုးပြီး ဈေးကစားတဲ့အခြေအနေတစ်ခုပေါ်လာမှာ။ ဒီအတိုင်းပဲရောင်းပေးရင် ဈေးကွက်က နှစ်ခု ဖြစ်လာမှာပေါ့။ တန်းစီတိုးပြီး အပြင်မှာ ပြန်ရောင်းစားကြမှာပဲ။ အရင်တုန်းကလည်း အဲဒီလိုဖြစ်ခဲ့တာပဲ။ ရွှေဒင်္ဂါးရောင်းတဲ့နေရာတင် တစ်သောင်းလောက်ဈေးပိုပေးပြီး ပြန်ဝယ်တဲ့ ဈေးကွက်ရှိခဲ့တာ”

ရွှေအဓိကလုပ်ကိုင်နေတဲ့ ကချင်ပြည်နယ်၊ တနိုင်း မြို့နယ်ထဲမှာ စက်သုံးဆီ တစ် ပီပါ ကို ငွေကျပ် ၁၀ သိန်းကျော်နေတာကြောင့် ထုတ်လုပ်စရိတ် များပြားနေပြီး ရွှေဈေးလည်း လျှော့ချလို့ မရသေးဘဲ ရုရှားက စက်သုံးဆီတွေရောက်ပြီးရင် ရွှေဈေးက ပြန်ကျလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကတော့ တစ်ကျပ်သား ၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို လွတ်လပ်စွာရောင်းချမယ်လို့ စက်တင်ဘာ ၂ ရက်က ကြေညာခဲ့တာပါ။ ဒါပေမဲ့ ဘယ်လောက်အထိ ရောင်းချမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း ပြောကြားထားတာမျိုး မရှိပါဘူး။

ဒီကနေ့ စက်တင်ဘာ ၆ ရက် အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ရောင်းဈေး ကျပ် ၂,၈၅၀,၀၀၀ နဲ့ ဝယ်ဈေး ကျပ်သိန်း ၃၀ ရှိတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။source-RFA