Local News














MDYRevolution

ပိုဆိုးလာတဲ့ စခခိုင်းဖက် မော်တော်ပီကယ်နဲ့ စည်ပင်တွေ”

အစစအရာရာဈေးတက်တယ် သူခိုးရန်ကြောက်ရတယ် ဘယ်ချိန်ဓားနဲ့ထိုးလုခံရမလဲတွေးရတယ်

အဲ့ဒါတွေကြားကနေ ရိုးရိုးသားသားဈေးရောင်းစားကြတယ် အဲ့တော့ဘာလုပ်လဲ

ဈေးကောက်ကောက်တယ် ပြီးရင်ဖမ်းတယ်…ဖမ်းတာတစ်ဖွဲ့ ကောက်တာတစ်ဖွဲ့…စည်ပင်ကဖမ်းတယ် ပစ္စည်းသိမ်းတယ်

မော်တော်ပီကယ်က စစ်တယ်ဆေးတယ် ပြီးရင် နည်းလမ်းပေါင်းစုံသုံးငွေတောင်းတယ် သောင်းချီပေးရတယ်

၁လမှ အခြေခံလစာ ၁သိန်းကျော်၂သိန်းရဖို့တောင် မလွယ်တဲ့ခေတ်ကြီးမှာ ၁ရက်တည်းနဲ့ သောင်းဂဏန်းပေးလိုက်ရတဲ့လူတစ်ယောက်ရဲ့ အခက်ခဲတွေဘယ်လောက်ပူလောင်လိုက်မလဲ

တချို့ဆိုနယ်ကတက်ပြီးအလုပ်လာလုပ်ကြတဲ့မိန်းကလေးတွေ မိဘလဲပြန်မပြောရက်ကြိတ်ခံ ကြိတ်ငတ်..ဒါတောင်ပုံမှန် လခစားတစ်ယောက်ရဲ့အခြေနေ

တချို့ပန်းရံ၊ကျောက်သယ်နေ့စားသမားလေးတွေ မနက်ခင်းအစောထ ညနေမိုးချုပ်မှပြန်ရ

တစ်နေကုန်နေပူကြီးထဲလုပ်မှထောင်ဂဏန်းသာရကြတဲ့သူတွေ ဖမ်းခံရရင် ပေးရတာပဲ ရှိတာလေးထုတ်ပြီး

အဲ့တော့ စခ ရခရဲ့ အခိုင်းစေ မော်တော်ပီကယ်နဲ့စည်ပင်တွေဟာဒီရက်ပိုင်းပိုဆိုးလာတယ်

သူတို့မိသားစုသာယာဖို့သူတို့ဘီယာဝိုင်းတွေစိုပြေဖို့အတွက် ပြည်သူတွေရဲ့ချွေးနည်းစာတွေကို စားရက်သောက်ရက်နေကြတယ်

ပြည်သူကိုသေ-နတ်နဲ့ပ-စ်သ-တ်မှ သ-တ်တယ်ခေါ်တာမဟုတ်ဘူးခုလိုလုပ်ရပ်တွေကလဲအနုနည်းနဲ့အေ-သသ-တ်နေတာပဲဆိုတာမင်းတို့မမေ့ပါနဲ့

MDYRevolution