Local News

ေ႐ႊျပည္သာ (၉)ရပ္ကြက္အုပ္ႀကီး႐ုံးကို

ေ႐ႊျပည္သာ (၉)ရပ္ကြက္အုပ္ႀကီး႐ုံးကို ဝင္ေရာက္ပစ္ခတ္၊ ရာအိမ္မႉးတစ္ဦးေသၿပီး ေလးဦးဒဏ္ရာရဟုဆို

ေက်ာ္ေဇာ၊ရဲေခါင္/People’s Spring

ရန္ကုန္ၿမိဳ႕ ေ႐ႊျပည္သာၿမိဳ႕နယ္ အမွတ္(၉)ရပ္ကြက္ရွိ စစ္ေကာင္စီခန္႔အုပ္ခ်ဳပ္ေရးမႉး႐ုံး ယေန႔ညပိုင္းတြင္ ဝင္ေရာက္ပစ္ခတ္ခံရၿပီး ရာအိမ္မႉးတစ္ဦးေသဆုံးသြားေၾကာင္း ေျမေအာက္ေတာ္လွန္ေရးတပ္ဖြဲ႕တစ္ဖြဲ႕က လူထုေႏြဦးသို႔ ေျပာသည္။

ယေန႔(စက္တင္ဘာ ၆)ည ၇ နာရီ ၄၅မိနစ္ခန္႔က (၉)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေတာ္လွန္ေရးရဲေဘာ္မ်ားက ဝင္ေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ပစ္ခတ္မႈေၾကာင့္ ရာအိမ္မႉး ေအာင္ထူးဆိုသူေသဆုံးၿပီး ေလးဦးဒဏ္ရာရသြားသည္ဟု ဆိုသည္။

“အတည္ျပဳ ေနတုန္းပါဗ်။ ေအာင္ထူးကေတာ့ေသတယ္။ ေလးေယာက္လဲက်သြားတယ္။ ကြၽန္ ေတာ္တို႔လုပ္ဖို႔ရာထားတဲ့ သူပါပဲ။

ဒါေပမဲ့ ကြၽန္ ေတာ္တို႔အဖြဲ႕ေတြကို ဆက္သြယ္မရေသးလို႔ အတိအက်မေျပာႏိုင္ေသးပါဘူး”ဟု ေ႐ႊျပည္သာ ေျမေအာက္ေတာ္လွန္ေရးအဖြဲ႕ SPTUG မွ ရဲေဘာ္တစ္ဦးက ေျပာသည္။

“ေသတာက ရာအိမ္မႉးေအာင္ထူးလို႔ သိရတယ္။ ေသနတ္သံေတြက ၁၀ ခ်က္ေလာက္ၾကားခဲ့ရတာ”ဟု အမွတ္(၉)ရပ္ကြက္ေနသူတစ္ဦးက လူထုေႏြဦးသို႔ ေျပာသည္။

အခင္းျဖစ္ပြားရာ ေနရာအနီးရွိ ေတြ႕ရွိသူမွန္သမွ်ကို အၾကမ္းဖက္စစ္ေကာင္စီက ဖမ္းဆီးေနေၾကာင္း ေ႐ႊျပည္သာၿမိဳ႕နယ္ သတင္းျပန္ၾကားေရးအဖြဲ႕ Spt Information က အသိေပးသည္။

အုပ္ခ်ဳပ္ေရးပစ္မွတ္ျဖစ္သည့္ (၉)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေ႐ႊျပည္သာၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ႏွင့္ YUGA MO 7 Eagles တို႔ ပူးေပါင္းပစ္ခတ္ခဲ့ၿပီး စစ္ေကာင္စီလက္ပါး ေစ ရာအိမ္မႉးတစ္ဦးေသဆုံးကာ အျခား႐ုံးအဖြဲ႕ဝင္မ်ား ျပင္းထန္ဒဏ္ရာရရွိခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ျပ ေျပာက္က်ားတပ္ဖြဲ႕ YUGA က ဆိုသည္။

ရဲေဘာ္မ်ားအားလုံးေဘးကင္းၿပီျဖစ္ကာ က်န္ရွိေနေသာ စစ္ေကာင္စီလက္ပါးေစမ်ားအားလုံး အလ်င္အျမန္ႏႈတ္ထြက္ရန္လည္း သတိေပးသည္။

ထို႔အျပင္ ယေန႔ည ၉ နာရီ ၁၀ မိနစ္ခန္႔တြင္ အမွတ္ ၉ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ပစ္ မွတ္ထားသည့္ ေပါက္ကြဲမႈ တစ္ခုျဖစ္ပြားခဲ့ၿပီး ထိခိုက္မႈအေျခအေနကို မသိရေသးေပ။

ေ႐ႊျပည္သာၿမိဳ႕နယ္မွ အင္းစိန္ၿမိဳ႕နယ္ဘက္သို႔ ထြက္ေပါက္ျဖစ္ေသာ တညင္းကုန္းလမ္းဆုံ၊ ရထားသံလမ္းအနီးတြင္လည္းစစ္ေကာင္စီအဖြဲ႕ကဆိုင္ကယ္မ်ားကို ဦးတည္၍ ပိတ္ဆို႔စစ္ေဆးေနေၾကာင္း မ်က္ျမင္ေတြ႕ရွိသူမ်ားက အတည္ျပဳသည္။

လူထုေႏြဦး

ရွှေပြည်သာ (၉)ရပ်ကွက်အုပ်ကြီးရုံးကို ဝင်ရောက်ပစ်ခတ်၊ ရာအိမ်မှူးတစ်ဦးသေပြီး လေးဦးဒဏ်ရာရဟုဆို

ကျော်ဇော၊ရဲခေါင်/People’s Spring

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံး ယနေ့ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခံရပြီး ရာအိမ်မှူးတစ်ဦးသေဆုံးသွားကြောင်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က လူထုနွေဦးသို့ ပြောသည်။

ယနေ့(စက်တင်ဘာ ၆)ည ၇ နာရီ ၄၅မိနစ်ခန့်က (၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ရာအိမ်မှူး အောင်ထူးဆိုသူသေဆုံးပြီး လေးဦးဒဏ်ရာရသွားသည်ဟု ဆိုသည်။

“အတည်ပြု နေတုန်းပါဗျ။ အောင်ထူးကတော့သေတယ်။ လေးယောက်လဲကျသွားတယ်။ ကျွန် တော်တို့လုပ်ဖို့ရာထားတဲ့ သူပါပဲ။

ဒါပေမဲ့ ကျွန် တော်တို့အဖွဲ့တွေကို ဆက်သွယ်မရသေးလို့ အတိအကျမပြောနိုင်သေးပါဘူး”ဟု ရွှေပြည်သာ မြေအောက်တော်လှန်ရေးအဖွဲ့ SPTUG မှ ရဲဘော်တစ်ဦးက ပြောသည်။

“သေတာက ရာအိမ်မှူးအောင်ထူးလို့ သိရတယ်။ သေနတ်သံတွေက ၁၀ ချက်လောက်ကြားခဲ့ရတာ”ဟု အမှတ်(၉)ရပ်ကွက်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အခင်းဖြစ်ပွားရာ နေရာအနီးရှိ တွေ့ရှိသူမှန်သမျှကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးနေကြောင်း ရွှေပြည်သာမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့ Spt Information က အသိပေးသည်။

အုပ်ချုပ်ရေးပစ်မှတ်ဖြစ်သည့် (၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရွှေပြည်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် YUGA MO 7 Eagles တို့ ပူးပေါင်းပစ်ခတ်ခဲ့ပြီး စစ်ကောင်စီလက်ပါး စေ ရာအိမ်မှူးတစ်ဦးသေဆုံးကာ အခြားရုံးအဖွဲ့ဝင်များ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ YUGA က ဆိုသည်။

ရဲဘော်များအားလုံးဘေးကင်းပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီလက်ပါးစေများအားလုံး အလျင်အမြန်နှုတ်ထွက်ရန်လည်း သတိပေးသည်။

ထို့အပြင် ယနေ့ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပစ် မှတ်ထားသည့် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

ရွှေပြည်သာမြို့နယ်မှ အင်းစိန်မြို့နယ်ဘက်သို့ ထွက်ပေါက်ဖြစ်သော တညင်းကုန်းလမ်းဆုံ၊ ရထားသံလမ်းအနီးတွင်လည်းစစ်ကောင်စီအဖွဲ့ကဆိုင်ကယ်များကို ဦးတည်၍ ပိတ်ဆို့စစ်ဆေးနေကြောင်း မျက်မြင်တွေ့ရှိသူများက အတည်ပြုသည်။

လူထုနွေဦး