Local News

ေတာ္လွန္ေရးအတြက္ ရန္ပုံေငြနဲ႔ပတ္သက္ၿပီး စြတ္စြဲသူကို ျပန္လည္ေျဖရွင္းလိုက္တဲ့ ပန္ဆယ္လို

ေတာ္လွန္ေရးအတြက္ ရန္ပုံေငြ ေဒၚလာဘယ္ႏွသန္းရွာေဖြေပးႏိုင္တယ္ဆိုတဲ့ ရန္ပုံေငြ ရရွိမႈကို တင္တယ္ဆိုတာက ပါဝင္ထားၾကတဲ့ ေတာ္လွန္ျပည္သူေတြအတြက္ Transparency ရွိဖို႔အတြက္ပါ။ အခ်ိဳ႕ကက် ကြၽန္မက ရန္ပုံေငြရွာေဖြေရးကို ေဇာက္ခ်လုပ္ကိုင္ေနတာပဲ ျမင္ရေတာ့ အလႉေငြထဲက စားေသာက္ေနတယ္ဆိုတဲ့သေဘာနဲ႔ စြတ္စြဲခ်င္ၾကတယ္။

ရွင္းျပဖို႔ မလိုအပ္ေပမယ့္ ကြၽန္မရဲ႕ ဘဝရပ္တည္မႈအေၾကာင္းကိုလည္း ပြင့္လင္းျမင္သာစြာ သိထားဖို႔ လိုအပ္တယ္လို႔ ယူဆလို႔ စြတ္စြဲသူကို တုံ႔ျပန္ရင္းနဲ႔ တဆက္တည္းေျဖလိုက္ပါတယ္။

ကြၽန္မ ျမန္မာအစားအစာေလးေတြ တစ္လႏွစ္ခါ ေရာင္းခ်ပါတယ္။ USေရာက္ ျမန္မာေတြက ခ်စ္ခင္စိတ္နဲ႔ အားေပးၾကတာမို႔ တစ္လကို ပါကင္ပုံး ငါးရာေလာက္ ေရာင္းရပါတယ္။ ဝင္ေငြအေနနဲ႔ တစ္လကို USD 10000 ဝန္းက်င္ ရရွိပါတယ္။ US ႏိုင္ငံရဲ႕ တရားဝင္ကုမၸဏီလိုင္စင္နဲ႔ တရားဝင္ အခြန္ေဆာင္ၿပီး အလုပ္လုပ္ပါတယ္။

တစ္လကို အိမ္ငွါးခ ႏွစ္ေထာင္၊ စားစားရိတ္ တစ္ေထာင္၊ မီတာခ ေရဖိုး ငါးရာ၊ ဗာရီရအသုံးစားရိတ္ ေထာင့္ငါးရာနဲ႔ ငါးေထာင္ဝန္းက်င္ ကုန္က်ပါတယ္။ အိမ္က ေလးခန္းပါတာမို႔ မိသားစုအားလုံး စုေနထိုင္ၾကၿပီး ေပါက္ေစ်းက ၂၅၀၀-၃၀၀၀ ၾကားရွိေပမယ့္ အိမ္ရွင္က ေဖးမတဲ့အေနနဲ႔ ျမန္မာလူမ်ိဳးအခ်င္းခ်င္းမို႔ ႏွစ္ေထာင္ပဲ ယူပါတယ္။ ေလးခန္းပါအိမ္မို႔လို႔ ဆိုၿပီး အိမ္အႀကီးႀကီးမဟုတ္ပါဘူး။ သပ္သပ္ရပ္ရပ္ေလးနဲ႔ ေနသာေပမယ့္ 1500 Sqfeet ေလာက္ပဲ ရွိတာမို႔ ျမန္မာျပည္က ကြၽန္မအိမ္ ေျမညီထပ္ အက်ယ္အဝန္းထပ္ ေသးပါတယ္။ ေတာ္ၾကာ US မွာ စပယ္ရွယ္ဇိမ္ခံေနေနတယ္ ယူဆမွာစိုးလို႔ပါ။

အိမ္ရွိ မိသားစုဝင္ ၆ ေယာက္မွာ ၅ေယာက္ အလုပ္လုပ္ႏိုင္တဲ့အ႐ြယ္မို႔ ဝင္ေငြရွိၾကပါတယ္။ က်န္တဲ့လူဝင္ေငြေတြ ဖယ္ရင္ေတာင္ ကြၽန္မေစ်းေရာင္းတာ သီးသန္႔ စားရိတ္ဖယ္ၿပီး ေလးငါးေထာင္ပိုပါေသးတယ္။ Bond, EOD, ေျမကြက္ အကုန္ကိုယ္ပိုင္ေငြနဲ႔ ဝယ္သလို ကိုယ္ပိုင္ေငြထဲက ေထာင္ဝင္စာလစဥ္ပို႔ပါတယ္။

ကြၽန္မဟာ ႏိုင္ငံေရးကို အေၾကာင္းျပဳၿပီး US မွာ အခြင့္အလမ္း လာရွာရေအာင္လည္း အာဏာမသိမ္းခင္က ကြၽန္မရဲ႕ ျမန္မာျပည္က ဝင္ေငြက USမွာ အခုအလုပ္လုပ္လို႔ရတဲ့ ေဒၚလာတစ္ေသာင္းထက္ မ်ားသလို အေႁခြအရံအသင္းအပင္းနဲ႔ ေနရပါတယ္။ US မွာေတာ့ အစစအရာရာ ကိုယ္ေျခကိုယ့္လက္ အကုန္လုပ္ရတာမို႔ ျမန္မာျပည္ထက္ ပိုပင္ပန္းသလို ေတာ္လွန္ေရးအလုပ္အတြက္ အခ်ိန္ေတြ အမ်ားႀကီး ေပးထားတာမို႔ ကြၽန္မမွာ နားရက္၊ နားခ်ိန္ မရွိသေလာက္ပါပဲ။

တဆက္တည္း ေျပာရရင္ ကြၽန္မရဲ႕ Fundraising Project ေတြက ရရွိတဲ့ ေတာ္လွန္ေရး ရန္ပုံေငြေတြဟာ ႏိုင္ငံတကာမွာရွိတဲ့ Fundraiser ေတြကပဲ ေကာက္ခံစီးဆင္းတာမို႔ ဘယ္ပေရာ့ဂ်က္မွာ ဘယ္ေလာက္ရရ ကြၽန္မဆီ တစ္ျပားမွ ေရာက္မလာပါဘူး။ စာရင္းပဲ ကိုင္တြယ္ခြင့္ရွိပါတယ္။ Fundraiser မ်ားနဲ႔ ေတာ္လွန္ေရး ေမာင္ႏွမမ်ားက တာဝန္ယူေကာက္ခံေပးၾကတာမို႔ Check & Balance ျဖစ္တဲ့ ပုံစံအေျခအေနမ်ိဳးနဲ႔ ေဆာင္႐ြက္တာေၾကာင့္ ျပည္သူ႔ယုံၾကည္မႈ ပိုမိုရရွိၿပီး Fundraising Project ေတြ ပိုပိုေအာင္ျမင္လာတာ ျဖစ္ပါတယ္။

ျမန္မာျပည္မွာတည္းက အေျခအေနမဲ့လည္း မဟုတ္ဘူး။ ေျခႏွစ္ေခ်ာင္း လက္ႏွစ္ေခါင္း ေခါင္းတစ္လုံးနဲ႔ ကမာၻ႔ဘယ္ေနရာေရာက္ေရာက္ ထမင္းမငတ္ဘူး။ ခိုးစားဝွက္စားခ်င္ရင္ ေဘာမေနမွာပါ။ ကြၽန္မသာ ေဘာမမယ္ဆို အခုေဘာမေနတဲ့ အေကာင္ေပါင္း တစ္ေထာင္ အေၾကာေပးထားလို႔ရပါတယ္။ ပိုင္ဆိုင္မႈေတြ လုပ္ငန္းေတြ ထားပစ္ခဲ့စရာမွ မလိုတာ။

ေတာ္လွန္ေရးကို ရန္ပုံေငြရွာ ေထာက္ပို႔လာတာ တစ္ႏွစ္ေက်ာ္ဝန္းက်င္ရွိလာပါၿပီ။ နယ္လွည့္ Bond ေရာင္းခ်ပြဲေပါင္းမ်ားစြာက ရရွိေငြ ေဒၚလာသန္းခ်ီအတြက္ အရႈပ္အရွင္းရွိမရွိ ဘ႑ာေရးဝန္ႀကီးဌာနကို ေမးျမန္း အတည္ျပဳႏိုင္သလို Project တိုင္းက ရရွိေငြ လႊဲေျပာင္းေပးအပ္ထားတဲ့ မွတ္တမ္းမ်ား၊ Certificate မ်ားနဲ႔ ပုံမွန္ေထာက္ပို႔အတြက္ Certificate ေထာင္ဂဏန္းအား ပြင့္လင္းျမင္သာစြာ Public နဲ႔ တင္ျပခဲ့ပါတယ္။ ေတာ္လွန္ေရး မေအာင္ျမင္ေစလိုေသာ ေဘာမအသိုင္းအဝိုင္းရဲ႕ အခ်က္အလက္မဲ့ တိုက္ခိုက္မႈမ်ားမွအပ ယေန႔ထိ ဘာနာမည္ပ်က္မွ မရွိသလို ေဘာမမ်ားေသာ္မွ ဘာသက္ေသနဲ႔မွ စြတ္စြဲႏိုင္ျခင္း မရွိခဲ့ပါ။

အကယ္၍မွ ခ်က္က်လက္က် စြတ္စြဲစာရင္းစစ္ခ်င္ရင္လည္း ခြင့္ျပဳပါတယ္။ အေကာင့္အစစ္အမွန္ျဖင့္ ကိုယ့္ရဲ႕အခ်က္အလက္အားလုံး ထုတ္ေဖာ္ျပသရမွာ ျဖစ္ၿပီး တဖက္ရပ္ကြက္မွ အတြင္းသတင္းႏႈိက္ျခင္းကို ကာကြယ္ႏိုင္ရန္ ေတာ္လွန္ေရးဘက္ျခမ္းမွလူ အစစ္အမွန္ျဖစ္ေၾကာင္း ေထာက္ခံခ်က္မ်ား ရယူၿပီး စိန္ေခၚစစ္ေဆးႏိုင္ပါတယ္။ ေလာင္းေၾကးအေနနဲ႔ကေတာ့ ႀကီးႀကီးမားမား Deposit တင္ရမွာျဖစ္ၿပီး ကြၽန္မႏိုင္ခဲ့ရင္ ဒီေငြကို ေတာ္လွန္ေရးထံ လႉဒါန္းေပးရမွာ ျဖစ္ပါတယ္။

ကြၽန္မဟာ ေပးဆပ္သူ၊ စြန္႔လႊတ္သူ၊ ျမင့္ျမတ္သူတစ္ေယာက္ မဟုတ္တဲ့ သာမန္မိန္းမတစ္ေယာက္ပါပဲ။ ဒီေတာ္လွန္ေရးမွာ အားသြန္ခြန္စိုက္ ပါဝင္ျဖစ္ေအာင္ တြန္းအားေပးတဲ့ အရာကေတာ့ (လူအထင္ႀကီးေအာင္ ေတာ္လွန္ေရးအလုံးႀကီးေတြ ေျပာလို႔ရေပမယ့္ လိပ္ျပာသန္႔သန္႔ ဒဲ့ေျပာရရင္) မင္းေအာင္လႈိင္တို႔ စစ္အုပ္စု ေသဂ်င္းဆိုးဖို႔ပါပဲ။ ဒီေလာက္ပါပဲ။

အရင္ကလည္း ေစ်းသည္ပါ။ အခုလည္း ေစ်းသည္ပါ။ ေစ်းသည္အရည္အခ်င္းနဲ႔ မာကက္တင္းအေတြ႕အႀကဳံကို ေတာ္လွန္ေရးမွာ ကာယဥာဏအားနဲ႔ ဝင္ရင္းႏွီးတာပါ။ ေတာ္လွန္ေရးၿပီးရင္လည္း ေစ်းသည္ပဲ ဆက္လုပ္မွာပါ။ ဘာရာထူးဂုဏ္ျဒပ္မွ ရယူမွာ မဟုတ္တဲ့အတြက္ စိတ္ခ်လက္ခ် ေနၾကပါ။

ဒါႀကီးၿပီးရင္ အရင္လိုပဲ ေစာက္ေဖာင္းထု၊ ေစာက္ဆဲခံဘဝကိုပဲ တန္းတန္းႀကီး ျပန္သြားမယ့္ေကာင္မို႔ ဘယ္လိုခ်ီးက်ဴးသံ ရႈံ႕ခ်သံကိုမွ လိုက္လံခံစားေနမွာ မဟုတ္ပါဘူး။

ရွင္သန္ခဲ့တဲ့ ဘဝေတာက္ေလ်ာက္မွာ ေကာင္းဆိုးေလာကဓံ ႏွစ္သြယ္လုံးကို ခိုင္က်ည္ႏိုင္သူ ျဖစ္ခ်င္႐ုံပါပဲ။

ဘဝဆိုတာ ၿပီးေတာ့လည္း ၿပီးသြားတာပဲ မဟုတ္လား။

တော်လှန်ရေးအတွက် ရန်ပုံငွေ ဒေါ်လာဘယ်နှသန်းရှာဖွေပေးနိုင်တယ်ဆိုတဲ့ ရန်ပုံငွေ ရရှိမှုကို တင်တယ်ဆိုတာက ပါဝင်ထားကြတဲ့ တော်လှန်ပြည်သူတွေအတွက် Transparency ရှိဖို့အတွက်ပါ။ အချို့ကကျ ကျွန်မက ရန်ပုံငွေရှာဖွေရေးကို ဇောက်ချလုပ်ကိုင်နေတာပဲ မြင်ရတော့ အလှူငွေထဲက စားသောက်နေတယ်ဆိုတဲ့သဘောနဲ့ စွတ်စွဲချင်ကြတယ်။

ရှင်းပြဖို့ မလိုအပ်ပေမယ့် ကျွန်မရဲ့ ဘဝရပ်တည်မှုအကြောင်းကိုလည်း ပွင့်လင်းမြင်သာစွာ သိထားဖို့ လိုအပ်တယ်လို့ ယူဆလို့ စွတ်စွဲသူကို တုံ့ပြန်ရင်းနဲ့ တဆက်တည်းဖြေလိုက်ပါတယ်။

ကျွန်မ မြန်မာအစားအစာလေးတွေ တစ်လနှစ်ခါ ရောင်းချပါတယ်။ USရောက် မြန်မာတွေက ချစ်ခင်စိတ်နဲ့ အားပေးကြတာမို့ တစ်လကို ပါကင်ပုံး ငါးရာလောက် ရောင်းရပါတယ်။ ဝင်ငွေအနေနဲ့ တစ်လကို USD 10000 ဝန်းကျင် ရရှိပါတယ်။ US နိုင်ငံရဲ့ တရားဝင်ကုမ္ပဏီလိုင်စင်နဲ့ တရားဝင် အခွန်ဆောင်ပြီး အလုပ်လုပ်ပါတယ်။

တစ်လကို အိမ်ငှါးခ နှစ်ထောင်၊ စားစားရိတ် တစ်ထောင်၊ မီတာခ ရေဖိုး ငါးရာ၊ ဗာရီရအသုံးစားရိတ် ထောင့်ငါးရာနဲ့ ငါးထောင်ဝန်းကျင် ကုန်ကျပါတယ်။ အိမ်က လေးခန်းပါတာမို့ မိသားစုအားလုံး စုနေထိုင်ကြပြီး ပေါက်ဈေးက ၂၅၀၀-၃၀၀၀ ကြားရှိပေမယ့် အိမ်ရှင်က ဖေးမတဲ့အနေနဲ့ မြန်မာလူမျိုးအချင်းချင်းမို့ နှစ်ထောင်ပဲ ယူပါတယ်။ လေးခန်းပါအိမ်မို့လို့ ဆိုပြီး အိမ်အကြီးကြီးမဟုတ်ပါဘူး။ သပ်သပ်ရပ်ရပ်လေးနဲ့ နေသာပေမယ့် 1500 Sqfeet လောက်ပဲ ရှိတာမို့ မြန်မာပြည်က ကျွန်မအိမ် မြေညီထပ် အကျယ်အဝန်းထပ် သေးပါတယ်။ တော်ကြာ US မှာ စပယ်ရှယ်ဇိမ်ခံနေနေတယ် ယူဆမှာစိုးလို့ပါ။

အိမ်ရှိ မိသားစုဝင် ၆ ယောက်မှာ ၅ယောက် အလုပ်လုပ်နိုင်တဲ့အရွယ်မို့ ဝင်ငွေရှိကြပါတယ်။ ကျန်တဲ့လူဝင်ငွေတွေ ဖယ်ရင်တောင် ကျွန်မဈေးရောင်းတာ သီးသန့် စားရိတ်ဖယ်ပြီး လေးငါးထောင်ပိုပါသေးတယ်။ Bond, EOD, မြေကွက် အကုန်ကိုယ်ပိုင်ငွေနဲ့ ဝယ်သလို ကိုယ်ပိုင်ငွေထဲက ထောင်ဝင်စာလစဉ်ပို့ပါတယ်။

ကျွန်မဟာ နိုင်ငံရေးကို အကြောင်းပြုပြီး US မှာ အခွင့်အလမ်း လာရှာရအောင်လည်း အာဏာမသိမ်းခင်က ကျွန်မရဲ့ မြန်မာပြည်က ဝင်ငွေက USမှာ အခုအလုပ်လုပ်လို့ရတဲ့ ဒေါ်လာတစ်သောင်းထက် များသလို အခြွေအရံအသင်းအပင်းနဲ့ နေရပါတယ်။ US မှာတော့ အစစအရာရာ ကိုယ်ခြေကိုယ့်လက် အကုန်လုပ်ရတာမို့ မြန်မာပြည်ထက် ပိုပင်ပန်းသလို တော်လှန်ရေးအလုပ်အတွက် အချိန်တွေ အများကြီး ပေးထားတာမို့ ကျွန်မမှာ နားရက်၊ နားချိန် မရှိသလောက်ပါပဲ။

တဆက်တည်း ပြောရရင် ကျွန်မရဲ့ Fundraising Project တွေက ရရှိတဲ့ တော်လှန်ရေး ရန်ပုံငွေတွေဟာ နိုင်ငံတကာမှာရှိတဲ့ Fundraiser တွေကပဲ ကောက်ခံစီးဆင်းတာမို့ ဘယ်ပရော့ဂျက်မှာ ဘယ်လောက်ရရ ကျွန်မဆီ တစ်ပြားမှ ရောက်မလာပါဘူး။ စာရင်းပဲ ကိုင်တွယ်ခွင့်ရှိပါတယ်။ Fundraiser များနဲ့ တော်လှန်ရေး မောင်နှမများက တာဝန်ယူကောက်ခံပေးကြတာမို့ Check & Balance ဖြစ်တဲ့ ပုံစံအခြေအနေမျိုးနဲ့ ဆောင်ရွက်တာကြောင့် ပြည်သူ့ယုံကြည်မှု ပိုမိုရရှိပြီး Fundraising Project တွေ ပိုပိုအောင်မြင်လာတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာတည်းက အခြေအနေမဲ့လည်း မဟုတ်ဘူး။ ခြေနှစ်ချောင်း လက်နှစ်ခေါင်း ခေါင်းတစ်လုံးနဲ့ ကမ္ဘာ့ဘယ်နေရာရောက်ရောက် ထမင်းမငတ်ဘူး။ ခိုးစားဝှက်စားချင်ရင် ဘောမနေမှာပါ။ ကျွန်မသာ ဘောမမယ်ဆို အခုဘောမနေတဲ့ အကောင်ပေါင်း တစ်ထောင် အကြောပေးထားလို့ရပါတယ်။ ပိုင်ဆိုင်မှုတွေ လုပ်ငန်းတွေ ထားပစ်ခဲ့စရာမှ မလိုတာ။

တော်လှန်ရေးကို ရန်ပုံငွေရှာ ထောက်ပို့လာတာ တစ်နှစ်ကျော်ဝန်းကျင်ရှိလာပါပြီ။ နယ်လှည့် Bond ရောင်းချပွဲပေါင်းများစွာက ရရှိငွေ ဒေါ်လာသန်းချီအတွက် အရှုပ်အရှင်းရှိမရှိ ဘဏ္ဍာရေးဝန်ကြီးဌာနကို မေးမြန်း အတည်ပြုနိုင်သလို Project တိုင်းက ရရှိငွေ လွှဲပြောင်းပေးအပ်ထားတဲ့ မှတ်တမ်းများ၊ Certificate များနဲ့ ပုံမှန်ထောက်ပို့အတွက် Certificate ထောင်ဂဏန်းအား ပွင့်လင်းမြင်သာစွာ Public နဲ့ တင်ပြခဲ့ပါတယ်။ တော်လှန်ရေး မအောင်မြင်စေလိုသော ဘောမအသိုင်းအဝိုင်းရဲ့ အချက်အလက်မဲ့ တိုက်ခိုက်မှုများမှအပ ယနေ့ထိ ဘာနာမည်ပျက်မှ မရှိသလို ဘောမများသော်မှ ဘာသက်သေနဲ့မှ စွတ်စွဲနိုင်ခြင်း မရှိခဲ့ပါ။

အကယ်၍မှ ချက်ကျလက်ကျ စွတ်စွဲစာရင်းစစ်ချင်ရင်လည်း ခွင့်ပြုပါတယ်။ အကောင့်အစစ်အမှန်ဖြင့် ကိုယ့်ရဲ့အချက်အလက်အားလုံး ထုတ်ဖော်ပြသရမှာ ဖြစ်ပြီး တဖက်ရပ်ကွက်မှ အတွင်းသတင်းနှိုက်ခြင်းကို ကာကွယ်နိုင်ရန် တော်လှန်ရေးဘက်ခြမ်းမှလူ အစစ်အမှန်ဖြစ်ကြောင်း ထောက်ခံချက်များ ရယူပြီး စိန်ခေါ်စစ်ဆေးနိုင်ပါတယ်။ လောင်းကြေးအနေနဲ့ကတော့ ကြီးကြီးမားမား Deposit တင်ရမှာဖြစ်ပြီး ကျွန်မနိုင်ခဲ့ရင် ဒီငွေကို တော်လှန်ရေးထံ လှူဒါန်းပေးရမှာ ဖြစ်ပါတယ်။

ကျွန်မဟာ ပေးဆပ်သူ၊ စွန့်လွှတ်သူ၊ မြင့်မြတ်သူတစ်ယောက် မဟုတ်တဲ့ သာမန်မိန်းမတစ်ယောက်ပါပဲ။ ဒီတော်လှန်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်ဖြစ်အောင် တွန်းအားပေးတဲ့ အရာကတော့ (လူအထင်ကြီးအောင် တော်လှန်ရေးအလုံးကြီးတွေ ပြောလို့ရပေမယ့် လိပ်ပြာသန့်သန့် ဒဲ့ပြောရရင်) မင်းအောင်လှိုင်တို့ စစ်အုပ်စု သေဂျင်းဆိုးဖို့ပါပဲ။ ဒီလောက်ပါပဲ။

အရင်ကလည်း ဈေးသည်ပါ။ အခုလည်း ဈေးသည်ပါ။ ဈေးသည်အရည်အချင်းနဲ့ မာကက်တင်းအတွေ့အကြုံကို တော်လှန်ရေးမှာ ကာယဉာဏအားနဲ့ ဝင်ရင်းနှီးတာပါ။ တော်လှန်ရေးပြီးရင်လည်း ဈေးသည်ပဲ ဆက်လုပ်မှာပါ။ ဘာရာထူးဂုဏ်ဒြပ်မှ ရယူမှာ မဟုတ်တဲ့အတွက် စိတ်ချလက်ချ နေကြပါ။

ဒါကြီးပြီးရင် အရင်လိုပဲ စောက်ဖောင်းထု၊ စောက်ဆဲခံဘဝကိုပဲ တန်းတန်းကြီး ပြန်သွားမယ့်ကောင်မို့ ဘယ်လိုချီးကျူးသံ ရှုံ့ချသံကိုမှ လိုက်လံခံစားနေမှာ မဟုတ်ပါဘူး။

ရှင်သန်ခဲ့တဲ့ ဘဝတောက်လျောက်မှာ ကောင်းဆိုးလောကဓံ နှစ်သွယ်လုံးကို ခိုင်ကျည်နိုင်သူ ဖြစ်ချင်ရုံပါပဲ။

ဘဝဆိုတာ ပြီးတော့လည်း ပြီးသွားတာပဲ မဟုတ်လား။