Local News

စစ္ေကာင္စီတပ္သားေတြ အေရွ႕ေတာနယ္မွ

စစ္ေကာင္စီတပ္သားေတြ အေရွ႕ေတာနယ္မွာ တိုက္ခိုက္ခံရၿပီး လက္နက္ေတြလည္းသိမ္းဆည္းရမိ

ထားဝယ္-ထီးခီးလမ္းတြင္ အၾကမ္းဖက္စစ္တပ္ႏွင့္ ဆာကေဆာတပ္မဟာ PDF ပူးေပါင္းဖြဲ႕ၾကား တိုက္ပြဲျဖစ္ၿပီး စစ္သား ၁၀ ဦးေက်ာ္ေသဆုံးၿပီး လက္နက္မ်ား ရရွိ

ရန္ကုန္၊ စက္တင္ဘာ ၇

တနသၤာရီတိုင္း၊ ထားဝယ္-ထီးခီး ကားလမ္းတစ္ေနရာတြင္ စစ္ေၾကာင္းထိုးလာေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ ခလရ ၂၇၃ ႏွင့္ ဗိုလ္အယ္ခြီး ဦးေဆာင္ေသာ ဆာကေဆာတပ္မဟာ၊ PDF ပူးေပါင္းတပ္ဖြဲ႕ၾကား စက္တင္ဘာလ ၆ ရက္ ယမန္ေန႔တြင္တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အၾကမ္းဖက္စစ္တပ္ဘက္မွ ၁၀ ဦးထက္မနည္းေသဆုံးကာ လက္နက္မ်ား သိမ္းဆည္းရရွိေၾကာင္း သတင္းရရွိသည္။

တိုက္ပြဲတြင္ စစ္ေကာင္စီဘက္မွ ၁၀ ဦးထက္မနည္းေသဆုံးေၾကာင္း PDF သတင္းရင္းျမစ္မ်ားက ေျပာဆိုၿပီး အၾကမ္းဖက္စစ္တပ္ ခလရ ၂၇၃ တပ္ဖြဲ႕မ်ားကိုင္ေဆာင္ေသာ ပစၥတို ေသနတ္ ၁ လက္၊ MA အမ်ိဳးအစား ေသနတ္ ၄ လက္ႏွင့္ ခဲယမ္းမ်ားကို PDF ပူးေပါင္းအဖြဲ႕က သိမ္းဆည္းရမိခဲ့သည္။

ခလရ ၂၇၃ သည္ ကံေပါက္အေျခစိုက္ျဖစ္ၿပီး ကမ္း႐ိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္ လက္ေအာက္ခံ တပ္ရင္းတစ္ခုျဖစ္သည္။

အဆိုပါ ထားဝယ္-ထီးခီးကားလမ္းပိုင္းကို အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕က နယ္ေျမရွင္းလင္းေရးေခါင္းစဥ္ျဖင့္ စစ္ေၾကာင္းထိုးရန္ ျပင္ဆင္ေနျခင္းေၾကာင့္ ဆာကေဆာတပ္မဟာႏွင့္ ထားဝယ္ခ႐ိုင္ျပည္သူ႔ကာကြယ္ေရးတပ္ဦးက အဆိုပါ လမ္းပိုင္းကို တစ္လပိတ္ထားၿပီး နံနက္ ၆ နာရီမွ ညေန ၆ နာရီၾကား အသုံးမျပဳရန္ ျပည္သူမ်ားကို အသိေပးထုတ္ျပန္ထားသည္။

ဓါတ္ပုံ – သိမ္းဆည္းရမိေသာ အၾကမ္းဖက္စစ္သားမ်ား၏ လက္နက္ခဲယမ္းမ်ား

စစ်ကောင်စီတပ်သားတွေ အရှေ့တောနယ်မှာ တိုက်ခိုက်ခံရပြီး လက်နက်တွေလည်းသိမ်းဆည်းရမိ

ထားဝယ်-ထီးခီးလမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် ဆာကဆောတပ်မဟာ PDF ပူးပေါင်းဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်များ ရရှိ

ရန်ကုန်၊ စက်တင်ဘာ ၇

တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီး ကားလမ်းတစ်နေရာတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၇၃ နှင့် ဗိုလ်အယ်ခွီး ဦးဆောင်သော ဆာကဆောတပ်မဟာ၊ PDF ပူးပေါင်းတပ်ဖွဲ့ကြား စက်တင်ဘာလ ၆ ရက် ယမန်နေ့တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကြောင်း PDF သတင်းရင်းမြစ်များက ပြောဆိုပြီး အကြမ်းဖက်စစ်တပ် ခလရ ၂၇၃ တပ်ဖွဲ့များကိုင်ဆောင်သော ပစ္စတို သေနတ် ၁ လက်၊ MA အမျိုးအစား သေနတ် ၄ လက်နှင့် ခဲယမ်းများကို PDF ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့သည်။

ခလရ ၂၇၃ သည် ကံပေါက်အခြေစိုက်ဖြစ်ပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်သည်။

အဆိုပါ ထားဝယ်-ထီးခီးကားလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းကြောင့် ဆာကဆောတပ်မဟာနှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက အဆိုပါ လမ်းပိုင်းကို တစ်လပိတ်ထားပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီကြား အသုံးမပြုရန် ပြည်သူများကို အသိပေးထုတ်ပြန်ထားသည်။

ဓါတ်ပုံ – သိမ်းဆည်းရမိသော အကြမ်းဖက်စစ်သားများ၏ လက်နက်ခဲယမ်းများ