ခလရ ၁ တပ္က တပ္ေရးဗိုလ္ႀကီးမ်ိဳးဝင္းခိုင္ စစ္သည္လစာေငြ သိန္း ၄၀ ေက်ာ္ယူေဆာင္ထြက္ေျပး
မင္းလွ၊ စက္တင္ဘာ ၇၊ ၂၀၂၂။
ပဲခူးတိုင္း(အေနာက္ျခမ္း)၊ သာယာဝတီခ႐ိုင္၊ မင္းလွၿမိဳ႕နယ္၊ စိန္ကန႔္လန္႐ြာအေျခစိုက္ ခလရ ၁ တပ္ရင္းက တပ္ေရးဗိုလ္ႀကီး ဗိုလ္ႀကီးမ်ိဳးဝင္းခိုင္ဟာ စက္တင္ဘာလ ၂ ရက္ေန႔ ညပိုင္းက စစ္ေကာင္စီတပ္ကို စြန႔္ခြာထြက္ေျပးသြားတယ္လို႔ တပ္တြင္းသတင္းရင္းျမစ္ေတြဆီက သိရပါတယ္။
ဗိုလ္ႀကီးမ်ိဳးဝင္းခိုင္ဟာ အဲ့ဒီတပ္ရင္းက စစ္ေကာင္ စီတပ္ဖြဲ႕ဝင္ေတြရဲ႕ လစာေငြ သိန္း ၄၀ ေက်ာ္နဲ႔ တိမ္း ေရွာင္ထြက္ေျပးေနတာျဖစ္ၿပီး တပ္ရင္းက ေနာက္တန္းမႉးေတြ ဒီကေန႔ထိ အထက္ကိုသတင္းမတင္ဘဲ ႀကိတ္ၿပီးရွာေဖြေနတယ္လို႔ သိရပါတယ္။
“၂ ရက္ေန႔ညႀကီး ေတာ္ေတာ္ညဥ့္နက္ေနၿပီးမွ ေပ်ာက္သြားတာ။ လိုက္ရွာေတာ့ မင္းလွ သရက္တပင္တာဆုံမွာ သူစီးလာတဲ့ဆိုင္ကယ္ကိုေတြ႕တယ္။ လူကိုဒီေန႔ထိမေတြ႕ဘူး။ လစာပိုက္ဆံေတြပါသြားေတာ့ ႀကိတ္ရွာေနတာ။ ခုကရက္နည္းနည္းၾကာသြားေတာ့ ပိုက္ဆံေတြနဲ႔ဆိုေတာ့ ေနာက္တန္းမႉးေတြလည္း စိုက္ေလ်ာ္ရမွာစိုးတာေၾကာင့္ ပိုက္ဆံေတြနဲ႔ေပ်ာက္ေနတာကို ဒီေန႔မွ တပ္မ ၆၆ ဌာနခ်ဳပ္ကို စာတင္မယ္လို႔သိရတယ္” လို႔ တပ္တြင္းရင္းျမစ္က ေျမလတ္အသံကိုေျပာပါတယ္။
အဲ့ဒီလစာေငြေတြအျပင္ တပ္ေရးဗိုလ္ႀကီးျဖစ္တဲ့ ဗိုလ္ႀကီးမ်ိဳးဝင္းခိုင္ေၾကာင့္ စာရင္းေပ်ာက္ေနတဲ့ တပ္ရင္းရံပုံေငြ ၂၂ သိန္းေက်ာ္ကို တတပ္တည္းရွိ ဗိုလ္ႀကီးေနမ်ိဳးသူကို ေနာက္တန္းမႉးေတြက စိုက္ေလ်ာ္ခိုင္းထားတယ္လို႔ သူကဆက္လက္ေျပာပါတယ္။
ဗိုလ္ႀကီး ေနမ်ိဳးသူဆိုတဲ့ သူကေတာ့ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလအတြင္းက မင္းလွၿမိဳ႕ သက္ပိုင္မိုဘိုင္းလ္ဖုန္းဆိုင္ပိုင္ရွင္ကို ေသနတ္ဒင္နဲ႔ေခါင္းကို႐ိုက္ခြဲခဲ့လို႔ နာမည္ဆိုးနဲ႔ေက်ာ္ၾကားသူတဦးလို႔ သိရပါတယ္။
လစာေငြေတြယူၿပီး ထြက္ေျပးသြားတဲ့ ဗိုလ္ႀကီးမ်ိဳးဝင္းခိုင္ဟာ ကရင္နီျပည္နယ္အတြင္း ေသဆုံးသြားတဲ့ ခလရ ၁ အရင္တပ္ရင္းမႉး ဒု-ဗိုလ္မႉးႀကီး ေက်ာ္ေဇယ်ရဲ႕ ဇနီးျဖစ္သူ ေဒၚဝါဝါေအာင္နဲ႔ အရင္ထဲက လူမႈေရးေဖာက္ျပန္မႈေတြရွိေနတဲ့သူ ျဖစ္ပါတယ္။
ဗိုလ္ႀကီးမ်ိဳးဝင္းခိုင္မွာလည္း တရားဝင္မိန္းမရွိတာျဖစ္ၿပီး လစာေငြေတြယူေဆာင္ထြက္ေျပးသြားတဲ့ အေပၚ ခလရ ၁ ေနာက္တန္းတပ္အရာရွိေတြက သူ႔ရဲ႕မိန္းမဆီကို ဖုန္းဆက္ၿပီး ပိုက္ဆံေတြျပန္ေလ်ာ္ဖို႔ ေျပာဆိုခဲ့လို႔ ဗိုလ္ႀကီး မ်ိဳးဝင္းခိုင္ရဲ႕ မိန္းမျဖစ္သူက က်ပ္ ၁၀ သိန္းသာ ျပန္လည္ေပးေလ်ာ္ခဲ့တယ္လို႔ တပ္တြင္းသတင္းရင္းျမစ္ကဆိုပါတယ္။
ေျမလတ္အသံ
ခလရ ၁ တပ်က တပ်ရေးဗိုလ်ကြီးမျိုးဝင်းခိုင် စစ်သည်လစာငွေ သိန်း ၄၀ ကျော်ယူဆောင်ထွက်ပြေး
မင်းလှ၊ စက်တင်ဘာ ၇၊ ၂၀၂၂။
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန်ရွာအခြေစိုက် ခလရ ၁ တပ်ရင်းက တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီးမျိုးဝင်းခိုင်ဟာ စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ကို စွန့်ခွာထွက်ပြေးသွားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဗိုလ်ကြီးမျိုးဝင်းခိုင်ဟာ အဲ့ဒီတပ်ရင်းက စစ်ကောင် စီတပ်ဖွဲ့ဝင်တွေရဲ့ လစာငွေ သိန်း ၄၀ ကျော်နဲ့ တိမ်း ရှောင်ထွက်ပြေးနေတာဖြစ်ပြီး တပ်ရင်းက နောက်တန်းမှူးတွေ ဒီကနေ့ထိ အထက်ကိုသတင်းမတင်ဘဲ ကြိတ်ပြီးရှာဖွေနေတယ်လို့ သိရပါတယ်။
“၂ ရက်နေ့ညကြီး တော်တော်ညဉ့်နက်နေပြီးမှ ပျောက်သွားတာ။ လိုက်ရှာတော့ မင်းလှ သရက်တပင်တာဆုံမှာ သူစီးလာတဲ့ဆိုင်ကယ်ကိုတွေ့တယ်။ လူကိုဒီနေ့ထိမတွေ့ဘူး။ လစာပိုက်ဆံတွေပါသွားတော့ ကြိတ်ရှာနေတာ။ ခုကရက်နည်းနည်းကြာသွားတော့ ပိုက်ဆံတွေနဲ့ဆိုတော့ နောက်တန်းမှူးတွေလည်း စိုက်လျော်ရမှာစိုးတာကြောင့် ပိုက်ဆံတွေနဲ့ပျောက်နေတာကို ဒီနေ့မှ တပ်မ ၆၆ ဌာနချုပ်ကို စာတင်မယ်လို့သိရတယ်” လို့ တပ်တွင်းရင်းမြစ်က မြေလတ်အသံကိုပြောပါတယ်။
အဲ့ဒီလစာငွေတွေအပြင် တပ်ရေးဗိုလ်ကြီးဖြစ်တဲ့ ဗိုလ်ကြီးမျိုးဝင်းခိုင်ကြောင့် စာရင်းပျောက်နေတဲ့ တပ်ရင်းရံပုံငွေ ၂၂ သိန်းကျော်ကို တတပ်တည်းရှိ ဗိုလ်ကြီးနေမျိုးသူကို နောက်တန်းမှူးတွေက စိုက်လျော်ခိုင်းထားတယ်လို့ သူကဆက်လက်ပြောပါတယ်။
ဗိုလ်ကြီး နေမျိုးသူဆိုတဲ့ သူကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက မင်းလှမြို့ သက်ပိုင်မိုဘိုင်းလ်ဖုန်းဆိုင်ပိုင်ရှင်ကို သေနတ်ဒင်နဲ့ခေါင်းကိုရိုက်ခွဲခဲ့လို့ နာမည်ဆိုးနဲ့ကျော်ကြားသူတဦးလို့ သိရပါတယ်။
လစာငွေတွေယူပြီး ထွက်ပြေးသွားတဲ့ ဗိုလ်ကြီးမျိုးဝင်းခိုင်ဟာ ကရင်နီပြည်နယ်အတွင်း သေဆုံးသွားတဲ့ ခလရ ၁ အရင်တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်ဇေယျရဲ့ ဇနီးဖြစ်သူ ဒေါ်ဝါဝါအောင်နဲ့ အရင်ထဲက လူမှုရေးဖောက်ပြန်မှုတွေရှိနေတဲ့သူ ဖြစ်ပါတယ်။
ဗိုလ်ကြီးမျိုးဝင်းခိုင်မှာလည်း တရားဝင်မိန်းမရှိတာဖြစ်ပြီး လစာငွေတွေယူဆောင်ထွက်ပြေးသွားတဲ့ အပေါ် ခလရ ၁ နောက်တန်းတပ်အရာရှိတွေက သူ့ရဲ့မိန်းမဆီကို ဖုန်းဆက်ပြီး ပိုက်ဆံတွေပြန်လျော်ဖို့ ပြောဆိုခဲ့လို့ ဗိုလ်ကြီး မျိုးဝင်းခိုင်ရဲ့ မိန်းမဖြစ်သူက ကျပ် ၁၀ သိန်းသာ ပြန်လည်ပေးလျော်ခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်ကဆိုပါတယ်။
မြေလတ်အသံ