Local News

အဖြားအိုတဦး ရထားတိုက္ခံရလို႔ ပြဲခ်င္းၿပီးေ-သဆုံးရွာ

အဖြားအိုတဦး ရထားတိုက္ခံရလို႔ ပြဲခ်င္းၿပီးေသဆုံး

ျပည္၊ စက္တင္ဘာ ၇၊ ၂၀၂၂။

ပဲခူးတိုင္းအေနာက္ျခမ္း၊ ျပည္ၿမိဳ႕နယ္၊ မဂၤလာဦးရပ္ကြက္မွာ အသက္ ၇၀ ဝန္းက်င္ အဖြားအိုတဦး ရထားတိုက္ခံရၿပီး ေသဆုံးခဲ့တယ္လို႔ ပရဟိတပါရမီ လူမႈကယ္‌ဆယ္ေရးအဖြဲ႕ကတဆင့္ သိရပါတယ္။

စက္တင္ဘာ ၇ ရက္ ဒီကေန႔ ေန႔လည္ ၃ နာရီခြဲေလာက္က မဂၤလာဦးရပ္ကြက္ထဲက ကိုးေသာင္းဘုရားအနီးမွာ ရထားတိုက္ခံခဲ့ရတာျဖစ္ၿပီး ပြဲခ်င္းၿပီးေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

“အနီးနားပတ္ဝန္းက်င္က ရထားက်ိတ္ခံရလို႔ အေရးေပၚလာကူညီေပးပါဆိုၿပီး အေၾကာင္းၾကားလာတာ၊ က်ေနာ္တို႔ေရာက္ေတာ့ dead body ျဖစ္သြားေတာ့ နာေရးအသင္းယာဥ္ကိုေခၚၿပီး ‌ရင္ခြဲ႐ုံကိုပို႔ေဆာင္ေပးခဲ့တယ္”လို႔ ပရဟိတပါရမီလူမႈကယ္ဆယ္ေရးအသင္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

အနီးပတ္ဝန္းက်င္က အေနာက္မွာရထားလာေနေၾကာင္း ေအာ္ေျပာခဲ့ၾကေပမယ့္ အဖြားက နားမေကာင္းတဲ့အတြက္ မၾကားဘဲ ခုလိုျဖစ္သြားတာလို႔လည္း သိရပါတယ္။

ခုလက္ရွိ ျပည္ကုတင္ ၅၀၀ ေဆး႐ုံ ရင္ခြဲ႐ုံကို ပို႔ေဆာင္ထားၿပီး ဘယ္သူဘယ္ဝါျဖစ္ေၾကာင္းကိုေတာ့ ဆက္လက္စုံစမ္းေနဆဲျဖစ္ပါတယ္။

ေျမလတ္အသံ

အဖွားအိုတဦး ရထားတိုက်ခံရလို့ ပွဲချင်းပြီးသေဆုံး

ပြည်၊ စက်တင်ဘာ ၇၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ မင်္ဂလာဦးရပ်ကွက်မှာ အသက် ၇၀ ဝန်းကျင် အဖွားအိုတဦး ရထားတိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ပရဟိတပါရမီ လူမှုကယ်‌ဆယ်ရေးအဖွဲ့ကတဆင့် သိရပါတယ်။

စက်တင်ဘာ ၇ ရက် ဒီကနေ့ နေ့လည် ၃ နာရီခွဲလောက်က မင်္ဂလာဦးရပ်ကွက်ထဲက ကိုးသောင်းဘုရားအနီးမှာ ရထားတိုက်ခံခဲ့ရတာဖြစ်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အနီးနားပတ်ဝန်းကျင်က ရထားကျိတ်ခံရလို့ အရေးပေါ်လာကူညီပေးပါဆိုပြီး အကြောင်းကြားလာတာ၊ ကျနော်တို့ရောက်တော့ dead body ဖြစ်သွားတော့ နာရေးအသင်းယာဉ်ကိုခေါ်ပြီး ‌ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တယ်”လို့ ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အနီးပတ်ဝန်းကျင်က အနောက်မှာရထားလာနေကြောင်း အော်ပြောခဲ့ကြပေမယ့် အဖွားက နားမကောင်းတဲ့အတွက် မကြားဘဲ ခုလိုဖြစ်သွားတာလို့လည်း သိရပါတယ်။

ခုလက်ရှိ ပြည်ကုတင် ၅၀၀ ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

မြေလတ်အသံ