Local News







MizzimaTV

လွိုင်ကော်မြို့နယ် ဒေါတခြား ရေတံခါးရှိ စစ်ကောင်စီတပ်စခန်း စနိုက်ပါဖြင့် ပစ်ခံရပြီး ၂ဦးေ-သ

ကရင်နီပြည် လွိုင်ကော်မြို့နယ် ဒေါတခြား ရေတံခါးရှိ စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သားများစနိုက်ပါဖြင့် ပစ်ခံရပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း KNDF (B-02) က ယနေ့စက်တင်ဘာလ၇ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တပ်စခန်းအား စနိုက်ဖြင့် ရှစ်ကြိမ် တိတိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသညိ။

စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး အများအပြားကို အချိန်ကြာမြင့်စွာ ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း KNDFဘက်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပိုမိုကောင်းမွန်သောရလဒ်များရရှိနိုင်ရန် ပြည်သူလူထုများထံမှ ‌မေတ္တာ ခွန်အားများသာမက ကျည်ဆန်များလဲ လိုအပ်နေသော‌ကြောင့် တော်လှန်ရေး၏ တစ်ထောင့်တစ်နေရာမှတတ်နိုင်သမျှ ဆက်လက်ပါဝင်ကူညီပေးကြပါရန်လည်း တိုက်တွန်းထားသည်။