Local News

နမခဗိုလ္တဦးနဲ႔ တပ္သားတဦး အစစ္ေဆးမခံလို႔

နမခဗိုလ္တဦးနဲ႔ တပ္သားတဦး အစစ္ေဆးမခံလို႔ ပစ္ခတ္မႈျဖစ္ၿပီး ၂ဦးလုံးေသဆုံး
ေျမာင္ ၊ စက္တင္ဘာ ၈ ၊ ၂၀၂၂ ။

စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္ ေက်ာက္ရစ္ရဲစခန္းမွာ အထိုင္ခ်ေနတဲ့ နမခ ဗိုလ္တဦးနဲ႔ တပ္သားတဦး စက္တင္ဘာ ၇ရက္ မေန႔က မနက္ပိုင္း ဆိုင္ကယ္နဲ႔ ထြက္လာလို႔ PDF က စစ္ေဆးခ်ိန္မွာ ခုခံဖို႔ လုပ္လို႔ ပစ္ခတ္မႈျဖစ္ခဲ့တယ္လို႔ TTA ေျပာက္က်ားတပ္ ဆီကသိရပါတယ္။

အရပ္ဝတ္နဲ႔ ထြက္လာတဲ့ ဗိုလ္နဲ႔ တပ္သား၂ဦးကို သနပ္ကုန္း႐ြာေျမာက္ဘက္အထြက္မွာ စစ္ေဆးမႈျပဳလုပ္ခ်ိန္မွာ တပ္သားက ေသနတ္နဲ႔ ထုတ္ပစ္ဖို႔ ျပဳလုပ္ခဲ့တာေၾကာင့္ PDF ဘက္က စၿပီးပစ္ခတ္ခဲ့တာျဖစ္တယ္လို႔ TTA ေျပာက္က်ားတပ္ သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။

” သူတို႔ပါလာတဲ့တပ္သားတေယာက္က G3 ေသနတ္ကိုေမာင္းေကာက္ဆြဲ႕တယ္၊ဗိုလ္ကေတာ့ဆိုင္ကယ္စီးတာ၊က်ေနာ္တို႔ဘက္ကစၿပီးပစ္တယ္၊ပစ္ေတာ့‌ေရွ႕ကဗိုလ္တေယာက္က ေနရာတင္မွာမွန္ၿပီးက်တယ္၊တပ္သားကအကာအကြယ္ေတြနဲ႔ေျပးခြင့္သာသြားတယ္” လို႔ ေျပာပါတယ္။

ထြက္ေျပးသြားတဲ့ တပ္သားလည္း ေသနတ္ဒဏ္ရာနဲ႔ ေက်ာက္ရစ္ရဲစခန္းကို ျပန္ေရာက္သြားခဲ့ေပမယ့္ စက္တင္ဘာ ၈ရက္ ဒီေန႔မွာပဲ ေသဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။

ေသဆုံးသြားတဲ့ စစ္ေကာင္စီဗိုလ္နဲ႔ တပ္သား၂ဦးဟာ ေက်ာက္ရစ္အထိုင္ရဲစခန္းကေန သနပ္ကုန္း႐ြာနဲ႔ ‌ေ႐ႊတေခ်ာင္း႐ြာလက္ေတြကို စစ္ေၾကာင္းထိုးၿပီး ျပည္သူပိုင္ပစၥည္းေတြကို လွည္းနဲ႔တိုက္ၿပီး ကားေတြနဲ႔ပါ သယ္ေနတဲ့ အဖြဲ႕ျဖစ္တယ္လို႔ ေျပာပါတယ္။

အဲ့ဒီလို စစ္ေၾကာင္းထိုးေနတာေတြ ရွိလို႔ PDF ဘက္က ကင္းပုန္းခ်ထားခ်ိန္မွာ ကင္းပုန္အဖြဲ႕နဲ႔ ေတြ႕ၿပီး ပစ္ခတ္မႈျဖစ္ကာ အသက္၃၀ ဝန္းက်င္ရွိတဲ့ ဗိုလ္အဆင့္ရွိသူနဲ႔ တပ္သားတဦးတို႔ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ေျမလတ္အသံ

နမခဗိုလ်တဦးနဲ့ တပ်သားတဦး အစစ်ဆေးမခံလို့ ပစ်ခတ်မှုဖြစ်ပြီး ၂ဦးလုံးသေဆုံး
မြောင် ၊ စက်တင်ဘာ ၈ ၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှာ အထိုင်ချနေတဲ့ နမခ ဗိုလ်တဦးနဲ့ တပ်သားတဦး စက်တင်ဘာ ၇ရက် မနေ့က မနက်ပိုင်း ဆိုင်ကယ်နဲ့ ထွက်လာလို့ PDF က စစ်ဆေးချိန်မှာ ခုခံဖို့ လုပ်လို့ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ TTA ပြောက်ကျားတပ် ဆီကသိရပါတယ်။

အရပ်ဝတ်နဲ့ ထွက်လာတဲ့ ဗိုလ်နဲ့ တပ်သား၂ဦးကို သနပ်ကုန်းရွာမြောက်ဘက်အထွက်မှာ စစ်ဆေးမှုပြုလုပ်ချိန်မှာ တပ်သားက သေနတ်နဲ့ ထုတ်ပစ်ဖို့ ပြုလုပ်ခဲ့တာကြောင့် PDF ဘက်က စပြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ TTA ပြောက်ကျားတပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

” သူတို့ပါလာတဲ့တပ်သားတယောက်က G3 သေနတ်ကိုမောင်းကောက်ဆွဲ့တယ်၊ဗိုလ်ကတော့ဆိုင်ကယ်စီးတာ၊ကျနော်တို့ဘက်ကစပြီးပစ်တယ်၊ပစ်တော့‌ရှေ့ကဗိုလ်တယောက်က နေရာတင်မှာမှန်ပြီးကျတယ်၊တပ်သားကအကာအကွယ်တွေနဲ့ပြေးခွင့်သာသွားတယ်” လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ တပ်သားလည်း သေနတ်ဒဏ်ရာနဲ့ ကျောက်ရစ်ရဲစခန်းကို ပြန်ရောက်သွားခဲ့ပေမယ့် စက်တင်ဘာ ၈ရက် ဒီနေ့မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီဗိုလ်နဲ့ တပ်သား၂ဦးဟာ ကျောက်ရစ်အထိုင်ရဲစခန်းကနေ သနပ်ကုန်းရွာနဲ့ ‌ရွှေတချောင်းရွာလက်တွေကို စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေကို လှည်းနဲ့တိုက်ပြီး ကားတွေနဲ့ပါ သယ်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုးနေတာတွေ ရှိလို့ PDF ဘက်က ကင်းပုန်းချထားချိန်မှာ ကင်းပုန်အဖွဲ့နဲ့ တွေ့ပြီး ပစ်ခတ်မှုဖြစ်ကာ အသက်၃၀ ဝန်းကျင်ရှိတဲ့ ဗိုလ်အဆင့်ရှိသူနဲ့ တပ်သားတဦးတို့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြေလတ်အသံ