Local News

မီးပြိဳင့္မိေနေသာ ရဲအရာရွိ

မီးပြိဳင့္မိေနေသာ ရဲအရာရွိ ဦးေခါင္းကို အနီးကပ္ ပစ္ခတ္ခံရၿပီး ေဆး႐ုံတြင္ ေသဆုံးသြားသည္။

ရခိုင္ျပည္နယ္၏ ၿမိဳ႕ေတာ္ စစ္ေတြတြင္ ယမန္ေန႔ (စက္တင္ဘာ ၈) ညေနက နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္တစ္ဦး လမ္းမေပၚ ေသနတ္ျဖင့္ ပစ္သတ္ခံရၿပီး ေသဆုံးသြားေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။

ညေန ၆ နာရီခြဲခန႔္တြင္ ခုတင္ ၅၀၀ ဆံ့ ျပည္သူ႔ေဆး႐ုံအနီး မီးပြိဳင့္၌ ဆိုင္ကယ္ ရပ္ေနစဥ္ ဦးေခါင္းကို အနီးကပ္ ပစ္ခတ္ခံရျခင္းျဖစ္ၿပီး ေဆး႐ုံအေရာက္ ေသဆုံးသြားျခင္းျဖစ္သည္ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

“အဲဒီေဆး႐ုံနားက လူေတြေျပာတာက ဆိုင္ကယ္ႏွစ္စီးလို႔ ေျပာတယ္။ သူ႔မိန္းမနဲ႔ ကေလးနဲ႔ တစ္စီး။ သူက တစ္စီး၊ ႏွစ္စီး စီးလာၾကတာ။ မီးပြိဳင့္မွာ မီးနီေနေတာ့ ရပ္ေနတဲ့အခ်ိန္ အနီးကပ္ပစ္သြားတာလို႔ ေျပာတယ္” ဟု ထိုစစ္ေတြၿမိဳ႕ခံက ဆက္ေျပာသည္။

ေသဆုံးသြားသူမွာ ၎ႏွင့္ ရင္းႏွီးေၾကာင္း၊ အမွတ္ (၁) စစ္ေတြၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ သိပၸံ ဆိုသူျဖစ္ေၾကာင္း သူက ေျပာသည္။

“ပစ္သတ္ခံရတဲ့နားမွာ တစ္ခါတည္းေသတာမဟုတ္ဘူး။ ေဆး႐ုံေရာက္မွ ေသသြားတာလို႔ သိရတယ္” ဟု ဆိုသည္။

ပစ္ခတ္ခံရသည့္ေနရာမွာ စစ္ေတြၿမိဳ႕ အမွတ္(၁) ၿမိဳ႕မရဲစခန္းမွ မလွမ္းမကမ္းတြင္သာ ရွိသည္။

ေသနတ္သမားမ်ား ဆိုင္ကယ္တစ္စီးျဖင့္ လာေရာက္ပစ္ခတ္သြားျခင္း ျဖစ္သည္ဟု အခင္းျဖစ္ပြားသည့္ေနရာအနီး ေနထိုင္သူမ်ားကို ကိုးကားၿပီး ေျပာသည္။

“မီးပြိဳင့္ေစာင့္တဲ့အခ်ိန္မွာ ဆိုင္ကယ္တစ္စီးက အနီးကပ္လာၿပီး ေခါင္းအေနာက္ဘက္ နားထင္နားကို ႏွစ္ခ်က္တိတိ ပစ္သြားတာေပါ့။ ဆိုင္ကယ္နဲ႔လာတဲ့သူက ႏွစ္ေယာက္လို႔ ၾကားတယ္။ ေသခ်ာေတာ့ အတည္ျပဳလို႔ မရပါ” ဟု သူက ဆိုသည္။

ယခုျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး တာဝန္ရွိ ျပည္နယ္စစ္ေကာင္စီဝင္မ်ားသို႔ Myanmar Now က ဆက္သြယ္ ေမးျမန္း၍ မရေသးေပ။

စစ္ေတြၿမိဳ႕ အစိုးရ႐ုံးေဘးအနီး ဆိုလာႏွင့္ လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္တြင္ အသက္ ၁၈ ႏွစ္အ႐ြယ္ မႏြယ္သႏၲာဝင္း ဆိုသူ အမ်ိဳးသမီးငယ္တစ္ဦး ဩဂုတ္ ၁၅ ရက္က ဓားျဖင့္ထိုး၍ သတ္ျဖတ္ခံရသည့္ အမႈကို ကိုင္တြယ္ေနသည့္ ရဲအရာရွိ ျဖစ္သည္ဟု သိရသည္။

ဦးေခါင္းတြင္ ေသနတ္က်ည္ထိမွန္ ဒဏ္ရာႏွစ္ခ်က္ျဖင့္ စစ္ေတြၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးအေရာက္ ေသဆုံးသြားျခင္းျဖစ္သည္ဟု ေဆး႐ုံဝန္ထမ္းတစ္ဦးကို ကိုးကား၍ ၿမိဳ႕ခံအျခားတစ္ဦးက ေျပာသည္။

“သူ႔ (ေသဆုံးသူ) သားက ေ႐ႊေရာင္ေမတၱာ (လူမႈေရးအသင္း) မွာ လုပ္တယ္လို႔ သိရတယ္။ လမ္းမွာ တစ္ေယာက္ ဒဏ္ရာရေနတယ္ဆိုလို႔ သြားေကာက္တဲ့အခ်ိန္မွာ သူ႔အေဖျဖစ္ေနတယ္လို႔ အခင္းျဖစ္တဲ့ေနရာအနီးက လူေတြ ေျပာတာကို ၾကားရတယ္” ဟု သူက ဆိုသည္။

ပစ္ခတ္သြားသူမ်ား မည္သည့္အဖြဲ႕က ျဖစ္သည္ကို မသိရေသးေပ။

စစ္ေတြၿမိဳ႕ အဝင္အထြက္လမ္းမ်ားကို စစ္ေကာင္စီတပ္က လက္နက္အျပည့္အစုံျဖင့္ ပိတ္ဆို႔ စစ္ေဆးမႈ တင္းက်ပ္စြာ လုပ္‌ေဆာင္ေနေၾကာင္း သိရသည္။

သို႔ေသာ္လည္း ယေန႔ စက္တင္ဘာ ၉ သည္ ရကၡိဳင့္အာဇာနည္ ဆရာေတာ္ ဦးဥတၱမေန႔ ျဖစ္ေသာေၾကာင့္ ယေန႔တြင္မူ လူအမ်ား ၿမိဳ႕တြင္း သြားလာလႈပ္ရွားမႈမ်ား ရွိေနၾကသည္ဟုလည္း ၿမိဳ႕ခံတခ်ိဳ႕ထံမွ သိရသည္။

စစ္တြၿမိဳ႕တြင္ လူသတ္မႈမ်ား ဆက္တိုက္ျဖစ္ေပၚေနၿပီးေနာက္ ၿမိဳ႕ခံအမ်ားစုမွာ ေၾကာက္လန္႔ေနၾကေၾကာင္း သိရၿပီး စစ္ေကာင္စီတပ္က လႈပ္ရွားစစ္ေဆးေနသလို ရကၡိဳင့္တပ္ေတာ္ (AA) ကလည္း စစ္ေတြၿမိဳ႕ေပၚထိ လူဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့သည္။

အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေတြၿမိဳ႕တြင္ မႈခင္းကိစၥရပ္မ်ား ေနစဥ္ရက္ဆက္ ျဖစ္ေပၚေနေသာေၾကာင့္ အျပင္ထြက္ သြားလာရန္ မဝံ့မရဲျဖစ္မိေၾကာင္း စစ္ေတြၿမိဳ႕မွ ပညာေရးဝန္ထမ္း အမ်ိဳးသမီးတစ္ဦးကလည္း ေျပာသည္။

“ေဆး႐ုံႀကီးအနီးမွာ ပစ္ခတ္မႈျဖစ္တယ္၊ လင္မယားႏွစ္ေယာက္ ဆိုင္ကယ္စီးလို႔လာတာကို ေသနတ္သမားက လင္ကို ပစ္သတ္ခဲ့တာလို႔ သိရတယ္။ စစ္ေတြၿမိဳ႕မွာ ေသနတ္ကိုင္ေနၾကၿပီလား။ သြားဖို႔လာဖို႔ ေၾကာက္ဖို႔ေကာင္းလာၿပီ။ စစ္ေတြၿမိဳ႕မွာ AA, ALP ၊ စစ္တပ္၊ ရဲ အားလုံးရွိေနတာ” ဟု ၿမိဳ႕ခံအမ်ိဳးသမီး အျခားတစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ ဩဂုတ္ ၂၅ ကလည္း လက္နက္မ်ားကိုင္ေဆာင္ထားသည့္ ရဲတပ္ဖြဲ႕ႏွင့္ စစ္တပ္ ပူးေပါင္းအင္အား ၃၀ ခန္႔ကို စစ္ေတြၿမိဳ႕လမ္းမႀကီးေပၚရွိ ေဒသႏၲာရေဆးခန္းအနီး စစ္ေဆးေနသည္ကို ေဒသခံမ်ားက ေတြ႕ရွိခဲ့ရသည္။

ယမန္ႏွစ္ ဇူလိုင္ ေနာက္ဆုံးပတ္ကလည္း ည ၉ နာရီဝန္းက်င္ခန႔္တြင္ စစ္ေတြၿမိဳ႕အဝင္ မုခ္ဦးအနီးအနား၊ အေဝးေျပးကားဂိတ္ေရွ႕ ဘုန္းေတာ္ႀကီးေက်ာင္း (ဓာတ္ေလ) အနီးရွိ ဂိမ္းဆိုင္ေဘး ေပါက္ကြဲမႈမ်ား ျဖစ္ေပၚခဲ့သည္။

ယခင္က ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲမ်ား ျပင္းထန္စဥ္အတြင္း စစ္တပ္မွ စစ္သားမ်ား၊ ရဲဝန္ထမ္းမ်ား၊ ၎တို႔ႏွင့္ ဆက္စပ္သူ အုပ္ခ်ဳပ္ေရးဝန္ထမ္းမ်ား မၾကာခဏ တိုက္ခိုက္ခံရမႈ၊ သတ္ျဖတ္ခံရမႈမ်ား ရွိခဲ့သည္။source-ျမန္မာေနာင္း

မီးပွိုင့်မိနေသော ရဲအရာရှိ ဦးခေါင်းကို အနီးကပ် ပစ်ခတ်ခံရပြီး ဆေးရုံတွင် သေဆုံးသွားသည်။

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ယမန်နေ့ (စက်တင်ဘာ ၈) ညနေက နယ်ထိန်းခေါင်းဆောင် ရဲအုပ်တစ်ဦး လမ်းမပေါ် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

ညနေ ၆ နာရီခွဲခန့်တွင် ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအနီး မီးပွိုင့်၌ ဆိုင်ကယ် ရပ်နေစဉ် ဦးခေါင်းကို အနီးကပ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဆေးရုံအရောက် သေဆုံးသွားခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အဲဒီဆေးရုံနားက လူတွေပြောတာက ဆိုင်ကယ်နှစ်စီးလို့ ပြောတယ်။ သူ့မိန်းမနဲ့ ကလေးနဲ့ တစ်စီး။ သူက တစ်စီး၊ နှစ်စီး စီးလာကြတာ။ မီးပွိုင့်မှာ မီးနီနေတော့ ရပ်နေတဲ့အချိန် အနီးကပ်ပစ်သွားတာလို့ ပြောတယ်” ဟု ထိုစစ်တွေမြို့ခံက ဆက်ပြောသည်။

သေဆုံးသွားသူမှာ ၎င်းနှင့် ရင်းနှီးကြောင်း၊ အမှတ် (၁) စစ်တွေမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် သိပ္ပံ ဆိုသူဖြစ်ကြောင်း သူက ပြောသည်။

“ပစ်သတ်ခံရတဲ့နားမှာ တစ်ခါတည်းသေတာမဟုတ်ဘူး။ ဆေးရုံရောက်မှ သေသွားတာလို့ သိရတယ်” ဟု ဆိုသည်။

ပစ်ခတ်ခံရသည့်နေရာမှာ စစ်တွေမြို့ အမှတ်(၁) မြို့မရဲစခန်းမှ မလှမ်းမကမ်းတွင်သာ ရှိသည်။

သေနတ်သမားများ ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု အခင်းဖြစ်ပွားသည့်နေရာအနီး နေထိုင်သူများကို ကိုးကားပြီး ပြောသည်။

“မီးပွိုင့်စောင့်တဲ့အချိန်မှာ ဆိုင်ကယ်တစ်စီးက အနီးကပ်လာပြီး ခေါင်းအနောက်ဘက် နားထင်နားကို နှစ်ချက်တိတိ ပစ်သွားတာပေါ့။ ဆိုင်ကယ်နဲ့လာတဲ့သူက နှစ်ယောက်လို့ ကြားတယ်။ သေချာတော့ အတည်ပြုလို့ မရပါ” ဟု သူက ဆိုသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိ ပြည်နယ်စစ်ကောင်စီဝင်များသို့ Myanmar Now က ဆက်သွယ် မေးမြန်း၍ မရသေးပေ။

စစ်တွေမြို့ အစိုးရရုံးဘေးအနီး ဆိုလာနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွင် အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်း ဆိုသူ အမျိုးသမီးငယ်တစ်ဦး ဩဂုတ် ၁၅ ရက်က ဓားဖြင့်ထိုး၍ သတ်ဖြတ်ခံရသည့် အမှုကို ကိုင်တွယ်နေသည့် ရဲအရာရှိ ဖြစ်သည်ဟု သိရသည်။

ဦးခေါင်းတွင် သေနတ်ကျည်ထိမှန် ဒဏ်ရာနှစ်ချက်ဖြင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးအရောက် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆေးရုံဝန်ထမ်းတစ်ဦးကို ကိုးကား၍ မြို့ခံအခြားတစ်ဦးက ပြောသည်။

“သူ့ (သေဆုံးသူ) သားက ရွှေရောင်မေတ္တာ (လူမှုရေးအသင်း) မှာ လုပ်တယ်လို့ သိရတယ်။ လမ်းမှာ တစ်ယောက် ဒဏ်ရာရနေတယ်ဆိုလို့ သွားကောက်တဲ့အချိန်မှာ သူ့အဖေဖြစ်နေတယ်လို့ အခင်းဖြစ်တဲ့နေရာအနီးက လူတွေ ပြောတာကို ကြားရတယ်” ဟု သူက ဆိုသည်။

ပစ်ခတ်သွားသူများ မည်သည့်အဖွဲ့က ဖြစ်သည်ကို မသိရသေးပေ။

စစ်တွေမြို့ အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် ပိတ်ဆို့ စစ်ဆေးမှု တင်းကျပ်စွာ လုပ်‌ဆောင်နေကြောင်း သိရသည်။

သို့သော်လည်း ယနေ့ စက်တင်ဘာ ၉ သည် ရက္ခိုင့်အာဇာနည် ဆရာတော် ဦးဥတ္တမနေ့ ဖြစ်သောကြောင့် ယနေ့တွင်မူ လူအများ မြို့တွင်း သွားလာလှုပ်ရှားမှုများ ရှိနေကြသည်ဟုလည်း မြို့ခံတချို့ထံမှ သိရသည်။

စစ်တွမြို့တွင် လူသတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီးနောက် မြို့ခံအများစုမှာ ကြောက်လန့်နေကြကြောင်း သိရပြီး စစ်ကောင်စီတပ်က လှုပ်ရှားစစ်ဆေးနေသလို ရက္ခိုင့်တပ်တော် (AA) ကလည်း စစ်တွေမြို့ပေါ်ထိ လူဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တွေမြို့တွင် မှုခင်းကိစ္စရပ်များ နေစဉ်ရက်ဆက် ဖြစ်ပေါ်နေသောကြောင့် အပြင်ထွက် သွားလာရန် မဝံ့မရဲဖြစ်မိကြောင်း စစ်တွေမြို့မှ ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“ဆေးရုံကြီးအနီးမှာ ပစ်ခတ်မှုဖြစ်တယ်၊ လင်မယားနှစ်ယောက် ဆိုင်ကယ်စီးလို့လာတာကို သေနတ်သမားက လင်ကို ပစ်သတ်ခဲ့တာလို့ သိရတယ်။ စစ်တွေမြို့မှာ သေနတ်ကိုင်နေကြပြီလား။ သွားဖို့လာဖို့ ကြောက်ဖို့ကောင်းလာပြီ။ စစ်တွေမြို့မှာ AA, ALP ၊ စစ်တပ်၊ ရဲ အားလုံးရှိနေတာ” ဟု မြို့ခံအမျိုးသမီး အခြားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ ကလည်း လက်နက်များကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့နှင့် စစ်တပ် ပူးပေါင်းအင်အား ၃၀ ခန့်ကို စစ်တွေမြို့လမ်းမကြီးပေါ်ရှိ ဒေသန္တာရဆေးခန်းအနီး စစ်ဆေးနေသည်ကို ဒေသခံများက တွေ့ရှိခဲ့ရသည်။

ယမန်နှစ် ဇူလိုင် နောက်ဆုံးပတ်ကလည်း ည ၉ နာရီဝန်းကျင်ခန့်တွင် စစ်တွေမြို့အဝင် မုခ်ဦးအနီးအနား၊ အဝေးပြေးကားဂိတ်ရှေ့ ဘုန်းတော်ကြီးကျောင်း (ဓာတ်လေ) အနီးရှိ ဂိမ်းဆိုင်ဘေး ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ယခင်က ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စဉ်အတွင်း စစ်တပ်မှ စစ်သားများ၊ ရဲဝန်ထမ်းများ၊ ၎င်းတို့နှင့် ဆက်စပ်သူ အုပ်ချုပ်ရေးဝန်ထမ်းများ မကြာခဏ တိုက်ခိုက်ခံရမှု၊ သတ်ဖြတ်ခံရမှုများ ရှိခဲ့သည်။source-မြန်မာနောင်း