Local News

မႏၲေလးတြင္ အရက္ထြက္ဝယ္သည့္ ရဲ ပ-စ္သ–တ္ခံရ

မႏၲေလးတြင္ အရက္ထြက္ဝယ္သည့္ရဲ ပ-စ္သ–တ္ခံရ

မႏၲေလး၊ စက္တင္ဘာ ၉

လူငယ့္ေခတ္

မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ညဘက္အရက္ထြက္ဝယ္သည့္ ရဲတပ္ၾကပ္ေအာင္ၫႊန႔္ဆိုသူသည္ ေသနတ္ျဖင့္ ပစ္ခံရၿပီးေနရာမွာတင္ေသဆုံးသြားေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။

ယမန္ေန႔ (စက္တင္ဘာ ၈ ရက္) ည (၇)နာရီေက်ာ္က အဆိုပါၿမိဳ႕နယ္ ကန္ေတာ္ႀကီးပတ္လမ္း၊ ေဒၚျမေလး ဘုရားအနီးရွိ စတိုးဆိုင္တစ္ခုမွ အရက္ဝယ္ခ်ိန္တြင္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ၎ကိုင္ေဆာင္သည့္ ေျခာက္လုံးျပဴး ေသနတ္တစ္လက္၊ က်ည္ (၁၂) ေတာင့္၊ AGT လမ္းေလွ်ာက္ စကား ေျပာစက္ တစ္လုံးႏွင့္ ဆိုင္ကယ္တို႔ကို ပစ္ ခတ္သူမ်ားကယူေဆာင္သြားေၾကာင္း စစ္ေကာင္စီလက္ေအာက္ခံ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပေရးသားထားသည္။

အဆိုပါပစ္ခတ္မႈကို မည္သည့္အဖြဲ႕က လုပ္ေဆာင္သည္ကို မသိရွိရေသးသကဲ့သို႔ ျဖစ္စဥ္အေသးစိတ္ႏွင့္ ပတ္သက္ သည့္အေၾကာင္းအရာမ်ားကိုလည္း လူငယ့္ေခတ္အေနျဖင့္ စုံစမ္းေနဆဲျဖစ္သည္။

မႏၲေလးၿမိဳ႕တြင္ ၿပီးခဲ့သည့္၊ ေမ(၂၈)ရက္ကလည္း မဟာေအာင္ေျမၿမိဳ႕နယ္ စိန္ပန္းရပ္ကြက္မွ စစ္အုပ္စုသတင္း ေပး ေထာ့က်ိဳးဆိုသူသည္ (၃၈)လမ္းႏွင့္ (၉၁)လမ္းေထာင့္ရွိ စတိုးဆိုင္၌ အရက္ဝယ္ေနခ်ိန္ ပစ္ခတ္ရွင္းလင္းခံခဲ့ရေသးသည္။

Lungekhit

မန္တလေးတွင် အရက်ထွက်ဝယ်သည့်ရဲ ပ-စ်သ–တ်ခံရ

မန္တလေး၊ စက်တင်ဘာ ၉

လူငယ့်ခေတ်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ညဘက်အရက်ထွက်ဝယ်သည့် ရဲတပ်ကြပ်အောင်ညွှန့်ဆိုသူသည် သေနတ်ဖြင့် ပစ်ခံရပြီးနေရာမှာတင်သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

ယမန်နေ့ (စက်တင်ဘာ ၈ ရက်) ည (၇)နာရီကျော်က အဆိုပါမြို့နယ် ကန်တော်ကြီးပတ်လမ်း၊ ဒေါ်မြလေး ဘုရားအနီးရှိ စတိုးဆိုင်တစ်ခုမှ အရက်ဝယ်ချိန်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းကိုင်ဆောင်သည့် ခြောက်လုံးပြူး သေနတ်တစ်လက်၊ ကျည် (၁၂) တောင့်၊ AGT လမ်းလျှောက် စကား ပြောစက် တစ်လုံးနှင့် ဆိုင်ကယ်တို့ကို ပစ် ခတ်သူများကယူဆောင်သွားကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာများတွင် ဖော်ပြရေးသားထားသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးသကဲ့သို့ ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက် သည့်အကြောင်းအရာများကိုလည်း လူငယ့်ခေတ်အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်၊ မေ(၂၈)ရက်ကလည်း မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်မှ စစ်အုပ်စုသတင်း ပေး ထော့ကျိုးဆိုသူသည် (၃၈)လမ်းနှင့် (၉၁)လမ်းထောင့်ရှိ စတိုးဆိုင်၌ အရက်ဝယ်နေချိန် ပစ်ခတ်ရှင်းလင်းခံခဲ့ရသေးသည်။

Lungekhit