News

တပ်ရင်းမှူးတွေပါကျခဲ့တဲ့ တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးကြီးကျော်လင်းအောင်ကို စစ်ကောင်စီတပ်က အနားပေး

တပ်ရင်းမှူးတွေပါကျခဲ့တဲ့ တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးကြီးကျော်လင်းအောင်ကို စစ်ကောင်စီတပ်က အနားပေး

မြေလတ်အသံ၊ စက်တင်ဘာ ၉၊ ၂၀၂၂။

ပဲခူတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ သဲကုန်းမြို့ နယ်၊အင်းမမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်(တမခ ၆၆) တပ်မမှူး ဗိုလ်မှူးကြီး ကျော်လင်းအောင် တာဝန်ကနေအနားပေးခံလိုက်ရတယ်လို့ တပ်မ ၆၆ လက် အောက်ခံတပ်ရင်းတွေရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းမှာ သူရဲ့တပ်မမှူးတာဝန်ကနေရုတ်သိမ်းခံခဲ့ရတာဖြစ်ပြီး တပ်မ ၆၆ မှာ ၁ နှစ်ကြာတပ်မမှူးဖြစ်ခဲ့ပြီးတဲ့နောက် အရန်အင်အားကို ပို့ဆောင်ခံလိုက်ရတာလို့ သိရပါတယ်။

“တပ်မမှူးချိန်းသွားတယ်။ တခြားတပ်မကိုရောက်သွားတာမဟုတ်ဘူး၊ အရန်အင်အားကိုအပို့ခံရတာလို့ သိရတယ်။ သူက ကချင်နယ်လုံဝန်ကြီးကနေ တပ်မမှူးပြန်ဖြစ်လာတာ။ ဘယ်နေရာက အရန်အင်အားကိုပို့လိုက်လည်းတော့ မသိဘူး” လို့ တပ်အမည်မဖော်လိုတဲ့ တပ်မ ၆၆ လက်အောက်တပ်ရင်းတခုရဲ့ တပ်တွင်းသတင်းရင်းမြစ်က ပြောပြပါတယ်။

တပ်မ ၆၆ ဟာ လက်ရှိမှာ ကရင်နီ(ကယား)ပြည် နယ်အတွင်းမှာ တိုက်ခိုက်ရေးတပ်မအဖြစ်ဝင်ရောက်နေတာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြားနေတာပါ။

အနားပေးခံလိုက်ရတဲ့ ဗိုလ်မှူးကြီးကျော်လင်းအောင်ဟာ တပ်မ ၆၆ ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊စက်တင်ဘာလကနေ စတင်တာ ဝန်ယူခဲ့တာဖြစ်ပြီး သူတာဝန်ယူခဲ့တဲ့ကာလတွေအတွင်းမှာ တပ်ရင်းမှူးအဆင့်အရာရှိကြီးတွေအပါ အဝင်ထိခိုက်ကျဆုံးမှုများပြားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလိုထိခိုက်သေဆုံးမှုများခဲ့တဲ့အထဲမှာ တပ်မ ၆၆ လက်အောက်ခံ မင်းလှမြို့ အခြေစိုက် ခလရ ၁ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်ဇေယျသေဆုံးမှု၊ ဓနုဖြူအခြေစိုက် ခမရ ၁၀၈ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးဝင်းထိုက်စိုး မိုင်းဆွဲခံရလို့ ဒဏ်ရာပြင်းထန်မှုတွေအပါအဝင် စစ်ဘက်အကြီးတန်းအရာရှိတွေထိခိုက်သေဆုံးမှု အများအပြားပါဝင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်စွမ်းရည်နဲ့ အုပ်ချုပ်ကွပ်ကဲမှုညံ့ဖျင်းတယ်ဆိုတဲ့ အချက်တွေကြောင့်ခုလို တာဝန်ကနေရုတ်သိမ်းတာဖြစ်နိုင်တယ်လို့ CDM တပ်မတော်သားတဦးကပြောပါတယ်။

“၆၆ ကလည်း သူစကိုင်တဲ့လထဲက ကယားကိုထိုးရတာ။ အဲ့ဒီမှာ ကျတာတွေ၊ CDM တွေကလက်နက်တွေနဲ့ရော လုပ်သွားတာတွေအစုံပေါ့။ အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီး ကွပ်ကဲမှုညံ့ပေါ့ အဓိကကတော့။ နောက်တယောက်အစားထိုးတာပေါ့” လို့ CDM တပ်မတော်သားတဦးက ပြောပါတယ်။

ဒါ့အပြင် အနားပေးခံလိုက်ရတဲ့ ဗိုလ်မှူးကြီးကျော်လင်းအောင်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးမှာ ကလေး၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေအပါအဝင် လူ ၄၀ ကျော်ကို လက်ပြန်ကြိုးတုပ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတွေရဲ့ အဓိကတာဝန်ရှိသူလည်း ဖြစ်ပါတယ်။

အဲ့ဒီလို သတ်ဖြတ်မှုတွေကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလထဲမှာဘဲ အမေရိကန်နဲ့အနောက်နိုင်ငံအုပ်စုတွေက တပ်မ ၆၆ ကိုပိတ်ဆို့အရေးယူဒဏ် ခတ်တာတွေလုပ်ခဲ့ပါသေးတယ်။

“အရံအင်အားကိုပို့တယ်ဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဘာလုပ်ပိုင်ခွင့်မှမပေးဘူး။ ဘာတာဝန်မှ မပေးတာပေါ့။ လစာတခုဘဲပေးထားတာ၊ ထုတ်မပစ်တာတခုဘဲရှိတယ်” လို့ အမည်မဖော်လိုတဲ့ CDM တပ်မတော်သား ဗိုလ်ကြီးတဦးက ပြောပါတယ်။

တပ်မ ၆၆ ဟာ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အင်းမမြို့အခြေစိုက် ခမရ ၄၊ ခမရ ၅၊ ခလရ ၈၀၊ မင်းလှအခြေစိုက် ခလရ ၁၊ ပြည်မြို့အခြေစိုက် ခလရ ၁၄၊ အုတ်ဖိုအခြေစိုက် ခမရ ၆၊ ပေါင်းတည်အခြေစိုက် ခမရ ၁၀၊ သာယာဝတီအခြေ စိုက် ခလရ ၃၅၊ ဓနုဖြူအခြေစိုက် ခမရ ၁၀၈၊ ပုသိမ် ဝါးယားချောင်းအခြေစိုက် ခလရ ၁၁ စတဲ့ တပ်ရင်း ၁၀ ရင်းကို ကွပ်ကဲရတဲ့ ခြေမြန်တပ်မဌာနချုပ်တခုဖြစ်ပါတယ်။

#မြေလတ်အသံ

တပ္ရင္းမႉးေတြပါက်ခဲ့တဲ့ တပ္မ ၆၆ တပ္မမႉး ဗိုလ္မႉးႀကီးေက်ာ္လင္းေအာင္ကို စစ္ေကာင္စီတပ္က အနားေပး

ေျမလတ္အသံ၊ စက္တင္ဘာ ၉၊ ၂၀၂၂။

ပဲခူတိုင္း(အေနာက္ျခမ္း)၊ ျပည္ခ႐ိုင္၊ သဲကုန္းၿမိဳ႕ နယ္၊အင္းမၿမိဳ႕အေျခစိုက္ စစ္ေကာင္စီတပ္ရဲ႕ အမွတ္ ၆၆ ေျချမန္တပ္မဌာနခ်ဳပ္(တမခ ၆၆) တပ္မမႉး ဗိုလ္မႉးႀကီး ေက်ာ္လင္းေအာင္ တာဝန္ကေနအနားေပးခံလိုက္ရတယ္လို႔ တပ္မ ၆၆ လက္ ေအာက္ခံတပ္ရင္းေတြရဲ႕ သတင္းရင္းျမစ္ေတြဆီက သိရပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလဆန္းပိုင္းမွာ သူရဲ႕တပ္မမႉးတာဝန္ကေန႐ုတ္သိမ္းခံခဲ့ရတာျဖစ္ၿပီး တပ္မ ၆၆ မွာ ၁ ႏွစ္ၾကာတပ္မမႉးျဖစ္ခဲ့ၿပီးတဲ့ေနာက္ အရန္အင္အားကို ပို႔ေဆာင္ခံလိုက္ရတာလို႔ သိရပါတယ္။

“တပ္မမႉးခ်ိန္းသြားတယ္။ တျခားတပ္မကိုေရာက္သြားတာမဟုတ္ဘူး၊ အရန္အင္အားကိုအပို႔ခံရတာလို႔ သိရတယ္။ သူက ကခ်င္နယ္လုံဝန္ႀကီးကေန တပ္မမႉးျပန္ျဖစ္လာတာ။ ဘယ္ေနရာက အရန္အင္အားကိုပို႔လိုက္လည္းေတာ့ မသိဘူး” လို႔ တပ္အမည္မေဖာ္လိုတဲ့ တပ္မ ၆၆ လက္ေအာက္တပ္ရင္းတခုရဲ႕ တပ္တြင္းသတင္းရင္းျမစ္က ေျပာျပပါတယ္။

တပ္မ ၆၆ ဟာ လက္ရွိမွာ ကရင္နီ(ကယား)ျပည္ နယ္အတြင္းမွာ တိုက္ခိုက္ေရးတပ္မအျဖစ္ဝင္ေရာက္ေနတာျဖစ္ၿပီး ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြျဖစ္တဲ့ ကရင္နီပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ တိုက္ခိုက္မႈမွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ထိခိုက္ေသဆုံးမႈမ်ားျပားေနတာပါ။

အနားေပးခံလိုက္ရတဲ့ ဗိုလ္မႉးႀကီးေက်ာ္လင္းေအာင္ဟာ တပ္မ ၆၆ ကို ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊စက္တင္ဘာလကေန စတင္တာ ဝန္ယူခဲ့တာျဖစ္ၿပီး သူတာဝန္ယူခဲ့တဲ့ကာလေတြအတြင္းမွာ တပ္ရင္းမႉးအဆင့္အရာရွိႀကီးေတြအပါ အဝင္ထိခိုက္က်ဆုံးမႈမ်ားျပားခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီလိုထိခိုက္ေသဆုံးမႈမ်ားခဲ့တဲ့အထဲမွာ တပ္မ ၆၆ လက္ေအာက္ခံ မင္းလွၿမိဳ႕ အေျခစိုက္ ခလရ ၁ တပ္ရင္းမႉး ဒု-ဗိုလ္မႉးႀကီး ေက်ာ္ေဇယ်ေသဆုံးမႈ၊ ဓႏုျဖဴအေျခစိုက္ ခမရ ၁၀၈ တပ္ရင္းမႉး ဒု-ဗိုလ္မႉးႀကီးဝင္းထိုက္စိုး မိုင္းဆြဲခံရလို႔ ဒဏ္ရာျပင္းထန္မႈေတြအပါအဝင္ စစ္ဘက္အႀကီးတန္းအရာရွိေတြထိခိုက္ေသဆုံးမႈ အမ်ားအျပားပါဝင္ခဲ့တာျဖစ္ၿပီး တိုက္ခိုက္စြမ္းရည္နဲ႔ အုပ္ခ်ဳပ္ကြပ္ကဲမႈညံ့ဖ်င္းတယ္ဆိုတဲ့ အခ်က္ေတြေၾကာင့္ခုလို တာဝန္ကေန႐ုတ္သိမ္းတာျဖစ္ႏိုင္တယ္လို႔ CDM တပ္မေတာ္သားတဦးကေျပာပါတယ္။

“၆၆ ကလည္း သူစကိုင္တဲ့လထဲက ကယားကိုထိုးရတာ။ အဲ့ဒီမွာ က်တာေတြ၊ CDM ေတြကလက္နက္ေတြနဲ႔ေရာ လုပ္သြားတာေတြအစုံေပါ့။ အဲ့ဒီဟာေတြနဲ႔ပတ္သက္ၿပီး ကြပ္ကဲမႈညံ့ေပါ့ အဓိကကေတာ့။ ေနာက္တေယာက္အစားထိုးတာေပါ့” လို႔ CDM တပ္မေတာ္သားတဦးက ေျပာပါတယ္။

ဒါ့အျပင္ အနားေပးခံလိုက္ရတဲ့ ဗိုလ္မႉးႀကီးေက်ာ္လင္းေအာင္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလအတြင္းက ကရင္နီျပည္နယ္၊ ဖ႐ူဆိုၿမိဳ႕နယ္၊ မိုဆို႐ြာအနီးမွာ ကေလး၊ အမ်ိဳးသမီး၊ သက္ႀကီး႐ြယ္အိုေတြအပါအဝင္ လူ ၄၀ ေက်ာ္ကို လက္ျပန္ႀကိဳးတုပ္ မီးရႈိ႕သတ္ျဖတ္ခဲ့တဲ့ တပ္မ ၆၆ လက္ေအာက္ခံတပ္ရင္းေတြရဲ႕ အဓိကတာဝန္ရွိသူလည္း ျဖစ္ပါတယ္။

အဲ့ဒီလို သတ္ျဖတ္မႈေတြေၾကာင့္ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလထဲမွာဘဲ အေမရိကန္နဲ႔အေနာက္ႏိုင္ငံအုပ္စုေတြက တပ္မ ၆၆ ကိုပိတ္ဆို႔အေရးယူဒဏ္ ခတ္တာေတြလုပ္ခဲ့ပါေသးတယ္။

“အရံအင္အားကိုပို႔တယ္ဆိုတာ သိပ္ေၾကာက္ဖို႔ေကာင္းတယ္။ ဘာလုပ္ပိုင္ခြင့္မွမေပးဘူး။ ဘာတာဝန္မွ မေပးတာေပါ့။ လစာတခုဘဲေပးထားတာ၊ ထုတ္မပစ္တာတခုဘဲရွိတယ္” လို႔ အမည္မေဖာ္လိုတဲ့ CDM တပ္မေတာ္သား ဗိုလ္ႀကီးတဦးက ေျပာပါတယ္။

တပ္မ ၆၆ ဟာ ပဲခူးတိုင္း၊ သဲကုန္းၿမိဳ႕နယ္၊ အင္းမၿမိဳ႕အေျခစိုက္ ခမရ ၄၊ ခမရ ၅၊ ခလရ ၈၀၊ မင္းလွအေျခစိုက္ ခလရ ၁၊ ျပည္ၿမိဳ႕အေျခစိုက္ ခလရ ၁၄၊ အုတ္ဖိုအေျခစိုက္ ခမရ ၆၊ ေပါင္းတည္အေျခစိုက္ ခမရ ၁၀၊ သာယာဝတီအေျခ စိုက္ ခလရ ၃၅၊ ဓႏုျဖဴအေျခစိုက္ ခမရ ၁၀၈၊ ပုသိမ္ ဝါးယားေခ်ာင္းအေျခစိုက္ ခလရ ၁၁ စတဲ့ တပ္ရင္း ၁၀ ရင္းကို ကြပ္ကဲရတဲ့ ေျချမန္တပ္မဌာနခ်ဳပ္တခုျဖစ္ပါတယ္။

#ေျမလတ္အသံ