စကိုင်းမြေဟာ ပြည်သူ့မြေ ✊🏻✊🏻
ဂိတ်လေးခု ဖွင့် 🌺
ထီးလင်းက ပြည်သူတွေအတွက် လုံခြုံရေးဂိတ် (၄)ခု စတင်ဖွင့်လှစ်💪🏻❣
ထီးလင်းမြို့နယ်တွင် ပြည်သူများ၏ လုံခြုံရေးအတွက် ဂိတ် ၄ ဂိတ်ဖွင့်လှစ်၊ ပြည်သူကို ရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ ငွေကြေးတောင်းခံလျှင် တိုင်ကြားနိုင်
ရန်ကုန်၊ စက်တင်ဘာ ၁၀
မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အများပြည်သူများ၏ လုံခြုံရေးအတွက် ဂိတ် ၄ ဂိတ်ဖွင့်လှစ်လိုက်ပြီး မည်သည့်ငွေကြေးမှ တောင်းယူကောက်ခံမည်မဟုတ်ဘဲ ပြည်သူကို ရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ ငွေတောင်းလျှင် တိုင်ကြားနိုင်ကြောင်း YDF-Htilin က ကြေညာသည်။
အများပြည်သူ လုံခြုံစွာသွားလာနေထိုင်နိုင်ရန်ရည်ရွယ်၍ YDF-Htilin မှ ထီးလင်းမြို့နယ်အတွင်းတွင် လုံခြုံရေးဂိတ် ၄ ဂိတ် ဖွင့်လှစ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းဂိတ်များတွင် မည်သည့် အခကြေးငွေမျှ တောင်းယူကောက်ခံမည်မဟုတ်ပဲ အများပြည်သူတို့၏ လုံခြုံရေးကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် လုံခြုံရေးအရ စစ်ဆေး၊မေးမြန်းပါက ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ပေးကြပါရန်၊ တားမြစ်ပစ္စည်းများ သယ်ယူရောင်းဝယ်ခြင်းများမပြုလုပ်ကြရန်၊
ဂိတ်တွင် တပ်ဖွဲ့ဝင်များအား ငွေကြေးပေးဆောင်ခြင်းမပြုလုပ်ကြရန်( အခွန်/အလှူငွေ ကိစ္စများကို YDF-Htilin ရုံးသို့သာ ချိတ်ဆက်ဆောင်ရွက်ပေးကြရန်)၊ တပ်ဖွဲ့ဝင်များမှ စစ်ဆေးမေးမြန်းရာတွင် ရိုင်းစိုင်းမှု၊ခြိမ်းခြောက်မှု၊
ငွေကြေးတောင်ခံမှုများရှိခဲ့ပါက သက်ဆိုင်ရာအကြီးအကဲများ/ YDF-Htilin ရုံးသို့ အသိပေးတိုင်ကြားပေးကြပါရန် မိဘပြည်သူများကို တောင်းဆို အသိပေးအပ်ကြောင်း YDF(ထီးလင်း)က တရားဝင် သတင်းထုတ်ပြန်သည်။
ထီးလင်းတွင် ဒေသကာကွယ်ရေးတပ်များမှ လုံခြုံရေးဂိတ်များဖွင့်လှစ်ပြီး ခရီးသွားပြည်သူများကို လုံခြုံရေးများဆောင်ရွက်ပေး
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
စစ်ကိုင်းတိုင်း၊ ထီးလင်းမြို့နယ်တွင် အများပြည်သူ လုံခြုံစွာသွားလာ နိုင်ရန်အတွက်လုံခြုံရေးဂိတ် ၄ ဂိတ် ဖွင့်လှစ်ကာ ခရီးသွားပြည်သူများ လုံခြုံရေးဆောင်ရွက်ပေးနေကြောင်း YDF- Htilin မှ ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
ဂိတ်များတွင် ငွေကြေးကောက်ခံခြင်း ပြုလုပ်မည်မဟုတ်ဘဲ လုံခြုံရေးအရစစ်ဆေးခြင်းတွင်ပူးပေါင်းရန်၊ ဂိတ်တွင် ငွေကြေးပေးဆောင်လှူဒါန်းခြင်းများမလုပ်ရန်၊
တားမြစ်ပစ္စည်းများသယ်ယူခြင်းမပြုရန်၊ တပ်ဖွဲ့ဝင်များမှခြိမ်းခြောက်ငွေတောင်းခံမှုပြုလုပ်ပါက YDF-Htilin သို့ တိုင်ကြားရန် စသည့် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း အသိပေးထုတ်ပြန်ထားပါသည်
စကိုင္းေျမဟာ ျပည္သူ႔ေျမ ✊🏻✊🏻
ဂိတ္ေလးခု ဖြင့္ 🌺
ထီးလင္းက ျပည္သူေတြအတြက္ လုံၿခဳံေရးဂိတ္ (၄)ခု စတင္ဖြင့္လွစ္💪🏻❣
ထီးလင္းၿမိဳ႕နယ္တြင္ ျပည္သူမ်ား၏ လုံၿခဳံေရးအတြက္ ဂိတ္ ၄ ဂိတ္ဖြင့္လွစ္၊ ျပည္သူကို ႐ိုင္းစိုင္းစြာ ဆက္ဆံျခင္း၊ ေငြေၾကးေတာင္းခံလွ်င္ တိုင္ၾကားႏိုင္
ရန္ကုန္၊ စက္တင္ဘာ ၁၀
မေကြးတိုင္း၊ ထီးလင္းၿမိဳ႕နယ္တြင္ အမ်ားျပည္သူမ်ား၏ လုံၿခဳံေရးအတြက္ ဂိတ္ ၄ ဂိတ္ဖြင့္လွစ္လိုက္ၿပီး မည္သည့္ေငြေၾကးမွ ေတာင္းယူေကာက္ခံမည္မဟုတ္ဘဲ ျပည္သူကို ႐ိုင္းစိုင္းစြာ ဆက္ဆံျခင္း၊ ေငြေတာင္းလွ်င္ တိုင္ၾကားႏိုင္ေၾကာင္း YDF-Htilin က ေၾကညာသည္။
အမ်ားျပည္သူ လုံၿခဳံစြာသြားလာေနထိုင္ႏိုင္ရန္ရည္႐ြယ္၍ YDF-Htilin မွ ထီးလင္းၿမိဳ႕နယ္အတြင္းတြင္ လုံၿခဳံေရးဂိတ္ ၄ ဂိတ္ ဖြင့္လွစ္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ၎ဂိတ္မ်ားတြင္ မည္သည့္ အခေၾကးေငြမွ် ေတာင္းယူေကာက္ခံမည္မဟုတ္ပဲ အမ်ားျပည္သူတို႔၏ လုံၿခဳံေရးကိုသာ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ျပည္သူမ်ားအေနျဖင့္ လုံၿခဳံေရးအရ စစ္ေဆး၊ေမးျမန္းပါက ၾကည္ျဖဴစြာ ပူးေပါင္းေဆာင္႐ြက္ေပးၾကပါရန္၊ တားျမစ္ပစၥည္းမ်ား သယ္ယူေရာင္းဝယ္ျခင္းမ်ားမျပဳလုပ္ၾကရန္
ဂိတ္တြင္ တပ္ဖြဲ႕ဝင္မ်ားအား ေငြေၾကးေပးေဆာင္ျခင္းမျပဳလုပ္ၾကရန္( အခြန္/အလႉေငြ ကိစၥမ်ားကို YDF-Htilin ႐ုံးသို႔သာ ခ်ိတ္ဆက္ေဆာင္႐ြက္ေပးၾကရန္)၊ တပ္ဖြဲ႕ဝင္မ်ားမွ စစ္ေဆးေမးျမန္းရာတြင္ ႐ိုင္းစိုင္းမႈ၊ၿခိမ္းေျခာက္မႈ၊
ေငြေၾကးေတာင္ခံမႈမ်ားရွိခဲ့ပါက သက္ဆိုင္ရာအႀကီးအကဲမ်ား/ YDF-Htilin ႐ုံးသို႔ အသိေပးတိုင္ၾကားေပးၾကပါရန္ မိဘျပည္သူမ်ားကို ေတာင္းဆို အသိေပးအပ္ေၾကာင္း YDF(ထီးလင္း)က တရားဝင္ သတင္းထုတ္ျပန္သည္။
ထီးလင္းတြင္ ေဒသကာကြယ္ေရးတပ္မ်ားမွ လုံၿခဳံေရးဂိတ္မ်ားဖြင့္လွစ္ၿပီး ခရီးသြားျပည္သူမ်ားကို လုံၿခဳံေရးမ်ားေဆာင္႐ြက္ေပး
ဧရာဝတီတိုင္းမ္
စက္တင္ဘာ ၁၀ ရက္
စစ္ကိုင္းတိုင္း၊ ထီးလင္းၿမိဳ႕နယ္တြင္ အမ်ားျပည္သူ လုံၿခဳံစြာသြားလာ ႏိုင္ရန္အတြက္လုံၿခဳံေရးဂိတ္ ၄ ဂိတ္ ဖြင့္လွစ္ကာ ခရီးသြားျပည္သူမ်ား လုံၿခဳံေရးေဆာင္႐ြက္ေပးေနေၾကာင္း YDF- Htilin မွ ဒီကေန႔ စက္တင္ဘာလ ၁၀ ရက္ေန႔တြင္ထုတ္ျပန္ထားသည္။
ဂိတ္မ်ားတြင္ ေငြေၾကးေကာက္ခံျခင္း ျပဳလုပ္မည္မဟုတ္ဘဲ လုံၿခဳံေရးအရစစ္ေဆးျခင္းတြင္ပူးေပါင္းရန္၊ ဂိတ္တြင္ ေငြေၾကးေပးေဆာင္လႉဒါန္းျခင္းမ်ားမလုပ္ရန္၊
တားျမစ္ပစၥည္းမ်ားသယ္ယူျခင္းမျပဳရန္၊ တပ္ဖြဲ႕ဝင္မ်ားမွၿခိမ္းေျခာက္ေငြေတာင္းခံမႈျပဳလုပ္ပါက YDF-Htilin သို႔ တိုင္ၾကားရန္ စသည့္ လိုက္နာေဆာင္႐ြက္ရမည့္ အခ်က္မ်ားကိုလည္း အသိေပးထုတ္ျပန္ထားပါသည္