News

ကရင္ျပည္နယ္တြင္ စစ္‌ေၾကာင္းထိုးေနသည့္ ခမရ (၁၀၂ ) မွ ဒုတပ္ရင္းမႉး အပါအ၀င္ တပ္ဖြဲ႕တစ္ခုလုံး ဆႏၵျပမႈ ျဖစ္ပြားခဲ့

ကရင္ျပည္နယ္တြင္ စစ္‌ေၾကာင္းထိုးေနသည့္ ခမရ (၁၀၂ ) မွ ဒုတပ္ရင္းမႉး အပါအ၀င္ တပ္ဖြဲ႕တစ္ခုလုံး ဆႏၵျပမႈ ျဖစ္ပြားခဲ့

မဇၩိမ။ ။ ကရင္ျပည္နယ္တြင္ စစ္‌ေၾကာင္းထိုးေနသည့္ ခမရ (၁၀၂) မွ ဒုတပ္ရင္းမႉး အပါအ၀င္ တပ္ဖြဲ႕တစ္ခုလုံး ဆႏၵျပမႈ ျဖစ္ပြားခဲ့သည္ဟု CDM ျပဳလုပ္လာသည့္ စစ္သည္ႏွစ္ဦးက ‌ေျပာသည္။

ခမရ (၁၀၂) တပ္သည္ ျမ၀တီ-ေဝါေလ လမ္းပိုင္းတြင္ စစ္‌ေၾကာင္းထိုးေနသည့္ တပ္ရင္းျဖစ္ၿပီး ၿပီးခဲ့သည့္ လပိုင္းက ဒုတပ္ရင္းမႉး အပါအ၀င္ တပ္ဖြဲ႕တစ္ခုလုံး လက္နက္ခ်ၿပီး ဆႏၵျပျခင္းျဖစ္သည္ဟု အဆိုပါစစ္သားႏွစ္ဦးက Voice of Spring သို႔ ‌ေျဖၾကားထားသည္ကို ေတြ႕ရသည္။

“အကုန္လုံး ေသနတ္ေတြ လႊင့္ပစ္၊ က်ည္ကာအက်ႌေတြ လႊင့္ပစ္နဲ႔ ဆႏၵျပၾကတာ”ဟု CDM တပ္သားစိုးေအာင္က ‌ေျပာသည္။

စစ္သားႏွစ္ဦးမွာ စက္တင္ဘာ ၉ ရက္တြင္ CDM ျပဳလုပ္လာ ျခင္းျဖစ္ၿပီး ခမရ (၁၀၂ )ႏွင့္အတူ စစ္‌ေၾကာင္းထိုးေနသည့္ ခလရ (၈ )တပ္ခြဲမွ ျဖစ္သည္။

“(၁၀၂) က လက္နက္ခ်ၿပီး တစ္ဖြဲ႕လုံး ျပန္ဖို႔လုပ္တာ၊ ေသနတ္ေတြ ဗ်ဴဟာမႉးကို အကုန္အပ္ၿပီး ျပန္ဖို႔လုပ္တာ၊ ေနာက္ေတာ့မွ ဗ်ဴဟာမႉးက ေတာင္းေတာင္းပန္ပန္နဲ႔ မျပန္ဖို႔ ေျပာၿပီး သူ႔အနား ဆြဲကပ္ထားတာေပါ့ဗ်ာ။

သရက္တပင္ကုန္းကို တက္တိုက္မယ္ဆိုေတာ့ (၁၀၂) ကလည္း မတက္ရဲဘူး။ က်ေနာ္တို႔ လ(၈)ကလည္း မတက္ဘူး။ အဲဒီမွာ အေနာက္ကေန အတင္းဖိအားေတြေပးေတာ့ မလုပ္ဘဲနဲ႔ ဒုတပ္ရင္းမႉး ကိုယ္တိုင္က လက္နက္ခ်ၿပီး ျပန္မယ္လုပ္တာ”ဟု CDM စစ္သား စိုးေအာင္က ‌ေျပာသည္။

စစ္‌ေၾကာင္းထိုးေနသည့္ စစ္ေကာင္စီတပ္မ်ားကို ေထာက္ပံ့မႈမေပးႏိုင္ျခင္းေၾကာင့္ PDF မ်ားကို ႏိုင္မည္ဟု မထင္‌ေၾကာင္း CDM စစ္သား ေဇာ္ထြဋ္က ‌ေျပာသည္။

“PDF ေတြကို ႏိုင္မယ္လို႔ေတာ့ မထင္ဘူး။ စစ္တပ္က ႏိုင္မယ္လို႔ မထင္ဘူး။ မထင္ဘူးဆိုတာ ေနာက္က ေထာက္ပံ့မႈအားနည္းတယ္။ ရိကၡာဆိုတာလည္း ေထာက္ပံ့မႈ မရွိဘူး ။ ခဲယမ္းကေတာ့ ေထာက္ပံ့တယ္ မခ်ိမဆံ့ေပးၿပီး ထမ္းခိုင္းတယ္ ။ ပိုးခိုင္းတယ္။

စစ္တိုက္တယ္ဆိုတာ လြယ္တဲ့အလုပ္မွ မဟုတ္တာ၊ ေထာက္ပံ့မႈအားေကာင္းမွ စစ္က ႏိုင္မွာ၊ လက္နက္နဲ႔ ခဲယမ္းေပးေတာ့ စစ္သားက ဘာသြားစားမလဲ။ မွ်စ္ျပဳတ္စားလိုက္၊ ေခါက္ဆြဲထုပ္ေလးကို ႏွစ္ေယာက္ ေဝျခမ္းစားလိုက္နဲ႔” ဟု တပ္သားေဇာ္ထြဋ္က ‌ေျပာသည္။

CDM ျပဳလုပ္သူ၊ တပ္ကိုစြန႔္ခြာ၍ ထြက္ေျပးသူ မ်ားျပားမႈေၾကာင့္ ခမရ(၁၀၂)မွာ တပ္ဖြဲ႕စည္းပုံပ်က္သြားခဲ့ၿပီး အထက္မွ အတင္းဖိအားေပးပါကလည္း အမိန႔္နာခံမႈကို ျငင္းဆန္ၿပီး သပိတ္ေမွာက္ၾကသည္အထိ စကစတပ္မ်ားမွာ စိတ္ဓာတ္ပ်က္ျပားမႈ အဆိုး႐ြားဆုံးအေျခအေန ျဖစ္ပြးလ်က္ရွိေၾကာင္း CDM တပ္သားႏွစ္ဦးကို ကိုးကားၿပီး Voice of Spring က ေရးသားထားသည္။

စစ္ေကာင္စီတပ္မွာ ကရင္နီ ျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္း အစရွိသည့္ ေဒသမ်ားတြင္လည္း တိုက္ခိုက္ခံေနရသည္။

ကရင္နီ ျပည္နယ္တြင္ စစ္ေကာင္စီ၏ နာမည္ႀကီးတပ္မဟု ေခၚဆိုသည့္ တပ္မ (၆၆) မွာ ဖြဲ႕စည္းပုံပ်က္သည္အထိ တိုက္ခိုက္ခံခဲ့ရၿပီး တပ္မမႉး မ်ိဳးမင္းကိုယ္တိုင္ အျပင္းအထန္ဒဏ္ရာရကာ တပ္မမႉးေနရာ အစားထိုးခဲ့ရသည္။

ကရင်ပြည်နယ်တွင် စစ်‌ကြောင်းထိုးနေသည့် ခမရ (၁၀၂ ) မှ ဒုတပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့တစ်ခုလုံး ဆန္ဒပြမှု ဖြစ်ပွားခဲ့

မဇ္ဈိမ။ ။ ကရင်ပြည်နယ်တွင် စစ်‌ကြောင်းထိုးနေသည့် ခမရ (၁၀၂) မှ ဒုတပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့တစ်ခုလုံး ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု CDM ပြုလုပ်လာသည့် စစ်သည်နှစ်ဦးက ‌ပြောသည်။

ခမရ (၁၀၂) တပ်သည် မြ၀တီ-ဝေါလေ လမ်းပိုင်းတွင် စစ်‌ကြောင်းထိုးနေသည့် တပ်ရင်းဖြစ်ပြီး ပြီးခဲ့သည့် လပိုင်းက ဒုတပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့တစ်ခုလုံး လက်နက်ချပြီး ဆန္ဒပြခြင်းဖြစ်သည်ဟု အဆိုပါစစ်သားနှစ်ဦးက Voice of Spring သို့ ‌ဖြေကြားထားသည်ကို တွေ့ရသည်။

“အကုန်လုံး သေနတ်တွေ လွှင့်ပစ်၊ ကျည်ကာအင်္ကျီတွေ လွှင့်ပစ်နဲ့ ဆန္ဒပြကြတာ”ဟု CDM တပ်သားစိုးအောင်က ‌ပြောသည်။

စစ်သားနှစ်ဦးမှာ စက်တင်ဘာ ၉ ရက်တွင် CDM ပြုလုပ်လာ ခြင်းဖြစ်ပြီး ခမရ (၁၀၂ )နှင့်အတူ စစ်‌ကြောင်းထိုးနေသည့် ခလရ (၈ )တပ်ခွဲမှ ဖြစ်သည်။

“(၁၀၂) က လက်နက်ချပြီး တစ်ဖွဲ့လုံး ပြန်ဖို့လုပ်တာ၊ သေနတ်တွေ ဗျူဟာမှူးကို အကုန်အပ်ပြီး ပြန်ဖို့လုပ်တာ၊ နောက်တော့မှ ဗျူဟာမှူးက တောင်းတောင်းပန်ပန်နဲ့ မပြန်ဖို့ ပြောပြီး သူ့အနား ဆွဲကပ်ထားတာပေါ့ဗျာ။

သရက်တပင်ကုန်းကို တက်တိုက်မယ်ဆိုတော့ (၁၀၂) ကလည်း မတက်ရဲဘူး။ ကျနော်တို့ လ(၈)ကလည်း မတက်ဘူး။ အဲဒီမှာ အနောက်ကနေ အတင်းဖိအားတွေပေးတော့ မလုပ်ဘဲနဲ့ ဒုတပ်ရင်းမှူး ကိုယ်တိုင်က လက်နက်ချပြီး ပြန်မယ်လုပ်တာ”ဟု CDM စစ်သား စိုးအောင်က ‌ပြောသည်။

စစ်‌ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များကို ထောက်ပံ့မှုမပေးနိုင်ခြင်းကြောင့် PDF များကို နိုင်မည်ဟု မထင်‌ကြောင်း CDM စစ်သား ဇော်ထွဋ်က ‌ပြောသည်။

“PDF တွေကို နိုင်မယ်လို့တော့ မထင်ဘူး။ စစ်တပ်က နိုင်မယ်လို့ မထင်ဘူး။ မထင်ဘူးဆိုတာ နောက်က ထောက်ပံ့မှုအားနည်းတယ်။ ရိက္ခာဆိုတာလည်း ထောက်ပံ့မှု မရှိဘူး ။ ခဲယမ်းကတော့ ထောက်ပံ့တယ် မချိမဆံ့ပေးပြီး ထမ်းခိုင်းတယ် ။ ပိုးခိုင်းတယ်။

စစ်တိုက်တယ်ဆိုတာ လွယ်တဲ့အလုပ်မှ မဟုတ်တာ၊ ထောက်ပံ့မှုအားကောင်းမှ စစ်က နိုင်မှာ၊ လက်နက်နဲ့ ခဲယမ်းပေးတော့ စစ်သားက ဘာသွားစားမလဲ။ မျှစ်ပြုတ်စားလိုက်၊ ခေါက်ဆွဲထုပ်လေးကို နှစ်ယောက် ဝေခြမ်းစားလိုက်နဲ့” ဟု တပ်သားဇော်ထွဋ်က ‌ပြောသည်။

CDM ပြုလုပ်သူ၊ တပ်ကိုစွန့်ခွာ၍ ထွက်ပြေးသူ များပြားမှုကြောင့် ခမရ(၁၀၂)မှာ တပ်ဖွဲ့စည်းပုံပျက်သွားခဲ့ပြီး အထက်မှ အတင်းဖိအားပေးပါကလည်း အမိန့်နာခံမှုကို ငြင်းဆန်ပြီး သပိတ်မှောက်ကြသည်အထိ စကစတပ်များမှာ စိတ်ဓာတ်ပျက်ပြားမှု အဆိုးရွားဆုံးအခြေအနေ ဖြစ်ပွးလျက်ရှိကြောင်း CDM တပ်သားနှစ်ဦးကို ကိုးကားပြီး Voice of Spring က ရေးသားထားသည်။

စစ်ကောင်စီတပ်မှာ ကရင်နီ ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အစရှိသည့် ဒေသများတွင်လည်း တိုက်ခိုက်ခံနေရသည်။

ကရင်နီ ပြည်နယ်တွင် စစ်ကောင်စီ၏ နာမည်ကြီးတပ်မဟု ခေါ်ဆိုသည့် တပ်မ (၆၆) မှာ ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံခဲ့ရပြီး တပ်မမှူး မျိုးမင်းကိုယ်တိုင် အပြင်းအထန်ဒဏ်ရာရကာ တပ်မမှူးနေရာ အစားထိုးခဲ့ရသည်။