Local News

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ (၆) ဦးကို ျပန္လႊတ္ေသာ္လည္း မျပန္ခ်င္ဟုဆို

စံခ်ိန္တင္ ဗုံးသီး (၄၀၀) ေက်ာ္ျဖင့္ အဖမ္းခံခဲ့ရသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ (၆) ဦးကို ျပန္လႊတ္ေသာ္လည္း မျပန္ခ်င္ဟုဆို

ကရင္၊ စက္တင္ဘာ ၁၁

လူငယ့္ေခတ္

ကရင္ျပည္နယ္၊ ျမဝတီ – ေဝၚေလ ကားလမ္းမအတိုင္း က်ဴးေက်ာ္လာသည့္ အာဏာသိမ္းစစ္တပ္၏ တပ္မ (၄၄) လက္ေအာက္ခံ ခမရ (၁၀၂) မွ ဗိုလ္ႀကီးတစ္ဦးႏွင့္ စစ္သား (၆) ဦး ကို စက္တင္ဘာ ၉ ရက္ မနက္က လက္နက္ခဲယမ္းမ်ားႏွင့္အတူဖမ္းမိခဲ့ၿပီး ေနရပ္ျပန္ခိုင္းေသာ္လည္း မျပန္ခ်င္ဟု ေျပာေၾကာင္း ေကာ္ ဘရာစစ္ေၾကာင္း အဖြဲ႕ဝင္တစ္ဦးက လူငယ့္ေခတ္သို႔ေျပာသည္။

ဖမ္းဆီးခံထားရသည့္ စစ္ေကာင္စီတပ္ဖြဲ႕က ဗိုလ္ႀကီးရဲရင့္ေမာင္အပါအဝင္ ၆ဦးသည္ ျမဝတီကေန သုံးထပ္ေကြ႕သို႔ လက္နက္ခဲယမ္းမ်ားႏွင့္ ရိကၡာမ်ား လာေရာက္ပို႔စဥ္ ေကာ္ဘရာစစ္ေၾကာင္း တာဝန္ယူထားသည့္ နယ္ေျမအတြင္းသို႔ က်ဴးေက်ာ္လာသျဖင့္ ဖမ္းဆီးခံရျခင္းျဖစ္သည္။

၎တို႔ႏွင့္အတူ MA – 3 (၂)လက္၊ MA – 1 တစ္လက္၊ MA – 2 တစ္လက္၊ MA (4) တစ္လက္၊ MA (5) တစ္လက္၊ က်ည္ေဘာက္ (၁၇) ခု၊ က်ည္ေဘာက္အဝိုင္း တစ္ခ်ပ္၊ လက္ပစ္ဗုံး (၂)လုံး၊ BSA (1) စကုတ္ (၁) ခု၊ ၅.၅၆ ကပစ က်ည္ (၆၀၀)ေတာင့္၊ (၄၀) မမ ဗုံးသီး (၂၀၀) လုံး၊ (၆၀) မမ ဗုံးသီး (၂၀၀) လုံးႏွင့္ ရိကၡာေျခာက္ေခါက္ဆြဲ အိတ္ (၁၂) အိတ္တို႔ျဖစ္ေၾကာင္း သိရသည္။

“သူတို႔ရဲ႕စိတ္ဆႏၵအရ ျပန္တဲ့အခါက်ရင္ စစ္ေကာင္စီလက္မွာ ဖမ္းဆီးႏွိပ္စက္မွာေတြ၊ ေထာင္ခ် အျပစ္ေပးမွာေတြ၊ ေနာက္ၿပီးေတာ့ တစ္ျခားမလိုလားအပ္တဲ့ ဆိုးက်ိဳးေတြသူတို႔ ေျပာျပတယ္။ အဲ့ဒီလိုမ်ိဳးေတြေၾကာင့္ သူတို႔ ျပန္ဖို႔ စိတ္ဆႏၵမရွိၾကဘူးေပါ့ေလ။ ကြၽန္ေတာ္ တို႔ကသူတို႔ကို စစ္သုံ႔ပန္းအျဖစ္ မသတ္မွတ္ ဘဲနဲ႔သူတို႔ ဆႏၵသေဘာအရ မျပန္ခ်င္တဲ့သေဘာပါ” ဟု ေကာ္ဘရာစစ္ေၾကာင္းအဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ယခင္ကလည္း တိုက္ပြဲအတြင္းျဖစ္ေစ အ ေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ေစ စစ္ေကာင္ စီတပ္သားမ်ားကို ဖမ္းဆီးရမိခဲ့ရာတြင္လည္း ၎တို႔က ျပန္ခ်င္သည့္ စိတ္ ဆႏၵမရွိသည့္အတြက္ မိသားစုမ်ားႏွင့္ ဆက္သြယ္ေခၚယူေပးၿပီး ေကာင္းမြန္စြာထားရွိထားေၾကာင္း ၎ကေျပာသည္။

“လက္ရွိအခ်ိန္မွာေတာ့ ဖမ္းဆီးထားတဲ့ သုံ႔ပန္း(၆)ေယာက္လုံးက ကြၽန္ေတာ္တို႔ရဲ႕တိုက္ပြဲအတြင္းမွာ ဖမ္းမိတာလည္းမဟုတ္ဘူး။ ေနာက္ၿပီးေတာ့ သူတို႔က CDM လုပ္ထားတာလည္း မဟုတ္ဘူး။ အဲ့ဒါေၾကာင့္ သူတို႔ကို ဆႏၵရွိရင္ျပန္လို႔ရတယ္ ဆိုၿပီးေတာ့ေျပာတာဗ်။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ကို ေရွ႕တန္းနယ္ေျမမွာ ထိန္းသိမ္းဖို႔အတြက္အခက္အခဲရွိတယ္ေလ” ဟု အဆိုပါ အဖြဲ႕ဝင္ကေျပာသည္။

ဖမ္းဆီးခံထားရသည့္ ဗိုလ္ႀကီး ရဲရင့္ေမာင္ အပါအဝင္ စစ္သား (၆) ဦးကိုလည္း မည္ ကဲ့သို႔ ဆက္လက္ေဆာင္႐ြက္မည္ကို ဆုံးျဖတ္ခ်က္မခ်မွတ္ရေသးေၾကာင္း ေကာ္ဘရာစစ္ေၾကာင္းအဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

အၾကမ္းဖက္စစ္ေကာင္စီ လက္ေအာက္ခံ တပ္မ်ားအတြင္း တပ္အႀကီးအကဲမ်ားမွစ၍ လက္ေအာက္ငယ္သားအထိ စည္းကမ္းလိုက္နာမႈ၊ ထိန္းခ်ဳပ္ကြပ္ကဲႏိုင္မႈ အားနည္းေနသည္ကို စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ႀကိမ္းေမာင္း သတိေပးသည့္ လွ်ိဳ႕ဝွက္မိန္႔ခြန္းစာမ်ားလည္း ထြက္ေပၚေနသည္။

အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည့္ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕မ်ား ၊ ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားမွ တစ္ဆင့္ အမ်ိဳးသားညီၫြတ္ ေရးအစိုးရထံ ပူးေပါင္းကာ ျပည္သူ႔ရင္ခြင္ သို႔ ခိုလႈံလာမႈမ်ားျပားလာသည့္အျပင္ တိုက္ပြဲအတြင္း ဖမ္းဆီးရမိသည့္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားသည့္လည္း ၎တို႔ ဌာနကို ျပန္ လိုစိတ္မရွိေတာ့ေၾကာင္းေျပာၾကသည္။

ကရင္နီျပည္နယ္၊ ဖယ္ခုံၿမိဳ႕နယ္၌ ေမလအတြင္း ျဖစ္ပြားခဲ့သည့္ ထီရိတိုက္ပြဲတြင္ လက္နက္ ခ်အဖမ္းခံခဲ့သည့္ စစ္ေကာင္စီလက္ေအာက္ခံ စစ္သုံ႔ပန္း (၅) ဦးသည္လည္း ၎တို႔၏ေနရပ္သို႔ မျပန္လိုေၾကာင္း ေျပာခဲ့သည္ဟု ဖယ္ခုံၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္၊ တပ္ရင္း (၂) မွ သိရသည္။

Lungekhit

စံချိန်တင် ဗုံးသီး (၄၀၀) ကျော်ဖြင့် အဖမ်းခံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးကို ပြန်လွှတ်သော်လည်း မပြန်ချင်ဟုဆို

ကရင်၊ စက်တင်ဘာ ၁၁

လူငယ့်ခေတ်

ကရင်ပြည်နယ်၊ မြဝတီ – ဝေါ်လေ ကားလမ်းမအတိုင်း ကျူးကျော်လာသည့် အာဏာသိမ်းစစ်တပ်၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သား (၆) ဦး ကို စက်တင်ဘာ ၉ ရက် မနက်က လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိခဲ့ပြီး နေရပ်ပြန်ခိုင်းသော်လည်း မပြန်ချင်ဟု ပြောကြောင်း ကော် ဘရာစစ်ကြောင်း အဖွဲ့ဝင်တစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့က ဗိုလ်ကြီးရဲရင့်မောင်အပါအဝင် ၆ဦးသည် မြဝတီကနေ သုံးထပ်ကွေ့သို့ လက်နက်ခဲယမ်းများနှင့် ရိက္ခာများ လာရောက်ပို့စဉ် ကော်ဘရာစစ်ကြောင်း တာဝန်ယူထားသည့် နယ်မြေအတွင်းသို့ ကျူးကျော်လာသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

၎င်းတို့နှင့်အတူ MA – 3 (၂)လက်၊ MA – 1 တစ်လက်၊ MA – 2 တစ်လက်၊ MA (4) တစ်လက်၊ MA (5) တစ်လက်၊ ကျည်ဘောက် (၁၇) ခု၊ ကျည်ဘောက်အဝိုင်း တစ်ချပ်၊ လက်ပစ်ဗုံး (၂)လုံး၊ BSA (1) စကုတ် (၁) ခု၊ ၅.၅၆ ကပစ ကျည် (၆၀၀)တောင့်၊ (၄၀) မမ ဗုံးသီး (၂၀၀) လုံး၊ (၆၀) မမ ဗုံးသီး (၂၀၀) လုံးနှင့် ရိက္ခာခြောက်ခေါက်ဆွဲ အိတ် (၁၂) အိတ်တို့ဖြစ်ကြောင်း သိရသည်။

“သူတို့ရဲ့စိတ်ဆန္ဒအရ ပြန်တဲ့အခါကျရင် စစ်ကောင်စီလက်မှာ ဖမ်းဆီးနှိပ်စက်မှာတွေ၊ ထောင်ချ အပြစ်ပေးမှာတွေ၊ နောက်ပြီးတော့ တစ်ခြားမလိုလားအပ်တဲ့ ဆိုးကျိုးတွေသူတို့ ပြောပြတယ်။ အဲ့ဒီလိုမျိုးတွေကြောင့် သူတို့ ပြန်ဖို့ စိတ်ဆန္ဒမရှိကြဘူးပေါ့လေ။ ကျွန်တော် တို့ကသူတို့ကို စစ်သုံ့ပန်းအဖြစ် မသတ်မှတ် ဘဲနဲ့သူတို့ ဆန္ဒသဘောအရ မပြန်ချင်တဲ့သဘောပါ” ဟု ကော်ဘရာစစ်ကြောင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခင်ကလည်း တိုက်ပွဲအတွင်းဖြစ်စေ အ ကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ စစ်ကောင် စီတပ်သားများကို ဖမ်းဆီးရမိခဲ့ရာတွင်လည်း ၎င်းတို့က ပြန်ချင်သည့် စိတ် ဆန္ဒမရှိသည့်အတွက် မိသားစုများနှင့် ဆက်သွယ်ခေါ်ယူပေးပြီး ကောင်းမွန်စွာထားရှိထားကြောင်း ၎င်းကပြောသည်။

“လက်ရှိအချိန်မှာတော့ ဖမ်းဆီးထားတဲ့ သုံ့ပန်း(၆)ယောက်လုံးက ကျွန်တော်တို့ရဲ့တိုက်ပွဲအတွင်းမှာ ဖမ်းမိတာလည်းမဟုတ်ဘူး။ နောက်ပြီးတော့ သူတို့က CDM လုပ်ထားတာလည်း မဟုတ်ဘူး။ အဲ့ဒါကြောင့် သူတို့ကို ဆန္ဒရှိရင်ပြန်လို့ရတယ် ဆိုပြီးတော့ပြောတာဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ရှေ့တန်းနယ်မြေမှာ ထိန်းသိမ်းဖို့အတွက်အခက်အခဲရှိတယ်လေ” ဟု အဆိုပါ အဖွဲ့ဝင်ကပြောသည်။

ဖမ်းဆီးခံထားရသည့် ဗိုလ်ကြီး ရဲရင့်မောင် အပါအဝင် စစ်သား (၆) ဦးကိုလည်း မည် ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို ဆုံးဖြတ်ချက်မချမှတ်ရသေးကြောင်း ကော်ဘရာစစ်ကြောင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်များအတွင်း တပ်အကြီးအကဲများမှစ၍ လက်အောက်ငယ်သားအထိ စည်းကမ်းလိုက်နာမှု၊ ထိန်းချုပ်ကွပ်ကဲနိုင်မှု အားနည်းနေသည်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြိမ်းမောင်း သတိပေးသည့် လျှို့ဝှက်မိန့်ခွန်းစာများလည်း ထွက်ပေါ်နေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ တစ်ဆင့် အမျိုးသားညီညွတ် ရေးအစိုးရထံ ပူးပေါင်းကာ ပြည်သူ့ရင်ခွင် သို့ ခိုလှုံလာမှုများပြားလာသည့်အပြင် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့များသည့်လည်း ၎င်းတို့ ဌာနကို ပြန် လိုစိတ်မရှိတော့ကြောင်းပြောကြသည်။

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၌ မေလအတွင်း ဖြစ်ပွားခဲ့သည့် ထီရိတိုက်ပွဲတွင် လက်နက် ချအဖမ်းခံခဲ့သည့် စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်း (၅) ဦးသည်လည်း ၎င်းတို့၏နေရပ်သို့ မပြန်လိုကြောင်း ပြောခဲ့သည်ဟု ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၂) မှ သိရသည်။

Lungekhit