Local News

 ႏိုင္ငံေရးလႈပ္ရွားသူ အခ်ဳပ္သား ၅ ဦးေထာင္ေဖာက္ထြက္ေျပးလြတ္ေျမာက္သြား

ႏိုင္ငံေရးလႈပ္ရွားသူ အခ်ဳပ္သား ၅ ဦးေထာင္ေဖာက္ထြက္ေျပးလြတ္ေျမာက္သြား

ေျမလတ္အသံ၊ စက္တင္ဘာ ၁၁၊ ၂၀၂၂။

ပခုကၠဴၿမိဳ႕ အက်ဥ္းေထာင္အတြင္း ခ်ဳပ္ေႏွာင္ဖမ္းဆီးခံထားရသည့္ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ အခ်ဳပ္သား ၅ ဦး ေထာက္ေဖာက္ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း အက်ဥ္းေထာင္ႏွင့္နီးစပ္သူ တဦးထံကသိရသည္။

ယမန္ေန႔ စက္တင္ဘာလ ၁၀ ရက္ေန႔ နံနက္ပိုင္းက လြတ္ေျမာက္သြားေၾကာင္း သိရွိရၿပီး မည္သည့္အခ်ိန္ကတည္းက ထြက္ေျပးသြားသည္ကိုမူ မသိရွိေရေသးေၾကာင္း ၿမိဳ႕ခံမ်ားထံကသိရသည္။

“ငါးေယာက္ဆင့္ၿပီး အုတ္တံတိုင္းကိုေက်ာ္ မီးႀကိဳးကိုေရွာ့တိုက္ၿပီး ေထာင္ကိုအေမွာင္ခ်ၿပီး သံတန္းကေနလြတ္သြားတယ္လို႔ ၾကားတယ္။ အခ်ဳပ္က်ေနဆဲပဲရွိတယ္။ အမိန႔္မခ်ရေသးဘူး။ CCTV ၾကည့္တဲ့ အက်ဥ္းဝန္ထမ္း ၂ ေယာက္ရယ္ ေမွ်ာ္စင္ေစာင့္တေယာက္ရယ္ကို ေထာင္ခ်မယ္ေထာင္စည္းကမ္းအရ အေရးယူမယ္ၾကားတယ္။ ေထာင္ပိုင္ခ်ဳပ္လာမယ္လို႔လည္းၾကားထားတယ္။” ဟု အက်ဥ္းေထာင္ႏွင့္နီးစပ္သူတဦးကေျပာသည္။

ယင္းသို႔ ထြက္ေျပးလြတ္ေျမာက္သြားၿပီးေနာက္ အက်ဥ္းဦးစီးဌာန အရာရွိမ်ားေရာက္ရွိလာၿပီး စစ္ေဆးမႈမ်ားႏွင့္ ေထာင္ေျပာင္းေ႐ြ႕ျခင္းမ်ား ကိုျပဳလုပ္ေနေၾကာင္း ဆက္လက္ဆိုသည္။

“ၾကားတယ္ အတိအက်ေတာ့မဟုတ္ဘူး။ မြန္းလြဲပိုင္းေလာက္ကသိတာ ေဖာက္ထြက္ေျပးလာတာ။ အမ်ိဳးသားေတြပဲ။ ၿမိဳ႕ကိုလုံၿခဳံေရးေတြတင္းက်ပ္စစ္ေဆးေနတယ္။ လြတ္သူေတြကေတာ့ သူတို႔ ေနရာေတြကိုသူတို႔ ေရာက္သြားၾကတယ္ေျပာတယ္။ ဘယ္သူေတြဆိုတာေတာ့ မသိရေသးဘူး။” ဟု ၿမိဳ႕ခံတဦးကေျမလတ္အသံကိုေျပာသည္။

ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသူ ၅ ဦးမွာ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူႏွင့္ ၅၀၅(ခ) လိုမ်ိဳး သူမ်ားျဖစ္ၿပီး ၎တို႔၏ ဌာေနမ်ားသို႔ေရာက္ရွိသြားၾကၿပီးျဖစ္ေၾကာင္း အမည္မေဖာ္လိုသူတဦးကေျပာဆိုထားၿပီး လြတ္ေျမာက္သြားသူမ်ားမွာ မည္သူမည္ဝါျဖစ္သည္ဆိုသည္ကို အတည္ျပဳႏိုင္ရန္ ေျမလတ္အသံကစုံစမ္းေနဆဲျဖစ္သည္။

ေျမလတ္အသံ

ပခုက္ကူအကျဉ်းထောင်မှ နိုင်ငံရေးလှုပ်ရှားသူ အချုပ်သား ၅ ဦးထောင်ဖောက်ထွက်ပြေးလွတ်မြောက်သွား

မြေလတ်အသံ၊ စက်တင်ဘာ ၁၁၊ ၂၀၂၂။

ပခုက္ကူမြို့ အကျဉ်းထောင်အတွင်း ချုပ်နှောင်ဖမ်းဆီးခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အချုပ်သား ၅ ဦး ထောက်ဖောက်ထွက်ပြေးလွတ်မြောက်သွားကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူ တဦးထံကသိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက လွတ်မြောက်သွားကြောင်း သိရှိရပြီး မည်သည့်အချိန်ကတည်းက ထွက်ပြေးသွားသည်ကိုမူ မသိရှိရေသေးကြောင်း မြို့ခံများထံကသိရသည်။

“ငါးယောက်ဆင့်ပြီး အုတ်တံတိုင်းကိုကျော် မီးကြိုးကိုရှော့တိုက်ပြီး ထောင်ကိုအမှောင်ချပြီး သံတန်းကနေလွတ်သွားတယ်လို့ ကြားတယ်။ အချုပ်ကျနေဆဲပဲရှိတယ်။ အမိန့်မချရသေးဘူး။ CCTV ကြည့်တဲ့ အကျဉ်းဝန်ထမ်း ၂ ယောက်ရယ် မျှော်စင်စောင့်တယောက်ရယ်ကို ထောင်ချမယ်ထောင်စည်းကမ်းအရ အရေးယူမယ်ကြားတယ်။ ထောင်ပိုင်ချုပ်လာမယ်လို့လည်းကြားထားတယ်။” ဟု အကျဉ်းထောင်နှင့်နီးစပ်သူတဦးကပြောသည်။

ယင်းသို့ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် အကျဉ်းဦးစီးဌာန အရာရှိများရောက်ရှိလာပြီး စစ်ဆေးမှုများနှင့် ထောင်ပြောင်းရွေ့ခြင်းများ ကိုပြုလုပ်နေကြောင်း ဆက်လက်ဆိုသည်။

“ကြားတယ် အတိအကျတော့မဟုတ်ဘူး။ မွန်းလွဲပိုင်းလောက်ကသိတာ ဖောက်ထွက်ပြေးလာတာ။ အမျိုးသားတွေပဲ။ မြို့ကိုလုံခြုံရေးတွေတင်းကျပ်စစ်ဆေးနေတယ်။ လွတ်သူတွေကတော့ သူတို့ နေရာတွေကိုသူတို့ ရောက်သွားကြတယ်ပြောတယ်။ ဘယ်သူတွေဆိုတာတော့ မသိရသေးဘူး။” ဟု မြို့ခံတဦးကမြေလတ်အသံကိုပြောသည်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၅ ဦးမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် ၅၀၅(ခ) လိုမျိုး သူများဖြစ်ပြီး ၎င်းတို့၏ ဌာနေများသို့ရောက်ရှိသွားကြပြီးဖြစ်ကြောင်း အမည်မဖော်လိုသူတဦးကပြောဆိုထားပြီး လွတ်မြောက်သွားသူများမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို အတည်ပြုနိုင်ရန် မြေလတ်အသံကစုံစမ်းနေဆဲဖြစ်သည်။

မြေလတ်အသံ