Local News

ခလရ ၃၅ တပ္က စစ္ေကာင္စီတပ္သား ၁၀ ဦးေသဆုံး ၁၄ ရက္ေန႔ မုန႔္ဟင္းခါးနဲ႔ ရက္လည္ဆြမ္းသြပ္မယ္

မိုးၿဗဲတိုက္ပြဲမွာ သာယာဝတီ ခလရ ၃၅ တပ္က စစ္ေကာင္စီတပ္သား ၁၀ ဦးေသဆုံး ၁၄ ရက္ေန႔ မုန႔္ဟင္းခါးနဲ႔ ရက္လည္ဆြမ္းသြပ္မယ္

သာယာဝတီ၊ စက္တင္ဘာ ၁၁၊ ၂၀၂၂။

ပဲခူးတိုင္း(အေနာက္ျခမ္း)၊ သာယာဝတီၿမိဳ႕၊ သာယာေအး႐ြာအေျခစိုက္ ခလရ ၃၅ တပ္ရင္းက စစ္ေကာင္ စီတပ္ဖြဲ႕ဝင္ ၁၀ ဦး စက္တင္ဘာလ ၈ ရက္ေန႔ကျဖစ္ပြားခဲ့တဲ့ ရွမ္း(ေတာင္ပိုင္း)၊ မိုးၿဗဲ ၿမိဳ႕နယ္အတြင္း တိုက္ပြဲေတြမွာ ေသဆုံးခဲ့ၿပီး ၆ ဦး ဒဏ္ရာျပင္းထန္ခဲ့တယ္လို႔ ခလရ ၃၅ တပ္နဲ႔နီးစပ္ သူေတြဆီက သိရပါတယ္။

ေသဆုံးခဲ့တဲ့စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာ ခလရ ၃၅ တပ္က လူပ်ိဳစစ္သည္ ၅ ဦး၊ အိမ္ေထာင္သည္ စစ္သည္ ၅ ဦး ျဖစ္ၿပီး လာမယ့္ စက္တင္ဘာလ ၁၄ ရက္ေန႔မွာ မုန႔္ဟင္းခါးနဲ႔ ရက္လည္ဆြမ္း သြပ္ျပဳလုပ္မယ္လို႔သိရပါတယ္။

“ေသကုန္ၿပီဆိုတာသိတဲ့ ၉ ရက္ေန႔ထဲက ၃၅ တပ္ထဲမွာ ကာလေတြပ်က္ေနတာ။ ဆူညံလို႔ ငိုၾကတာ။ ၆၆ က ကယားဘက္မွာ တအားက်တယ္။ သူတို႔ ၃၅ တင္ ၁၀ ေယာက္ပါတယ္။

ရဲေဘာ္သစ္ ၇ ေယာက္ အေဟာင္းက ၃ ေယာက္က်တာ။ ဒဏ္ရာျပင္းထန္တာက အရာရွိ ၁ ေယာက္အပါ ၆ ေယာက္။ ေသသြားတဲ့သူေတြအတြက္ ၁၄ ရက္ေန႔ရက္လည္လုပ္မွာ” လို႔ ခလရ ၃၅ တပ္နဲ႔ နီးစပ္တဲ့သာယာဝတီၿမိဳ႕ခံတဦးက ေျပာပါတယ္။

သာယာဝတီအေျခစိုက္ ခလရ ၃၅ တပ္ဟာ အင္းမၿမိဳ႕အေျခစိုက္ တပ္မ ၆၆ လက္ေအာက္ခံတပ္ရင္း တခုျဖစ္ၿပီး တပ္မ ၆၆ ဟာ ရွမ္းျပည္နယ္(ေတာင္ပိုင္း)နဲ႔ ကရင္နီ(ကယား)ျပည္နယ္မွာ ဝင္ေရာက္ေနတဲ့ တိုက္ခိုက္ေရးတပ္မတခုျဖစ္ပါတယ္။

ခလရ ၃၅ တပ္က တပ္ရင္းမႉးဟာ ဒုဗိုလ္မႉးႀကီးလႊမ္းမိုးႏိုင္ ဆိုသူျဖစ္ၿပီး တပ္ရင္းမႉးကေတာ့ ထိခိုက္တာမ်ိဳး မၾကားရေသးဘူးလို႔ သူကဆက္လက္ေျပာပါတယ္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ မိုးၿဗဲေဒသမွာ စက္တင္ဘာလ ၈ ရက္ေန႔ကစလို႔ စစ္ေကာင္စီတပ္နဲ႔ ေဒသ ကာကြယ္ေရးတပ္ေတြ တိုက္ပြဲေတြျပင္းထန္ေနတာျဖစ္ၿပီး စစ္ေကာင္စီဘက္ထိခိုက္ေသဆုံးမႈမ်ားေနလို႔ ေလေၾကာင္းပစ္ကူေပးေနရတာျဖစ္ပါတယ္။

စက္တင္ဘာလ ၈ ရက္ေန႔တရက္ထဲမွာတင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀ ေက်ာ္ ေသဆုံးခဲ့ၿပီး လက္နက္ ခဲယမ္းအမ်ားအျပားသိမ္းဆည္းရမိထားတယ္လို႔ ကရင္နီ ပူးေပါင္းတပ္ဖြဲ႕ေတြဘက္ကထုတ္ျပန္ထားၿပီး အဲ့ဒီေသဆုံးမႈေတြမွာ သာယာဝတီ ခလရ ၃၅ တပ္က ၁၀ ဦးပါဝင္ခဲ့တာလို႔သိရပါတယ္။

တပ္မ ၆၆ ဟာ ကရင္နီျပည္နယ္မွာ တိုက္ခိုက္ေရးဝင္ေရာက္ေနတာ ၁ ႏွစ္ၾကာရွိၿပီျဖစ္ၿပီး တပ္ရင္းမႉး အဆင့္အပါအဝင္ ထိခိုက္က်ဆုံးမႈမ်ားေနလို႔ စစ္ေခါင္းေဆာင္ေတြက စက္တင္ဘာလဆန္းပိုင္းကမွ တပ္မမႉးအေျပာင္းအလဲျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ပုံစာ ။ ယခင္တိုက္ပြဲမွျပန္လာသည့္ ပုံေဟာင္းမ်ား

ေျမလတ္အသံ

မိုးဗြဲတိုက်ပွဲမှာ သာယာဝတီ ခလရ ၃၅ တပ်က စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး ၁၄ ရက်နေ့ မုန့်ဟင်းခါးနဲ့ ရက်လည်ဆွမ်းသွပ်မယ်

သာယာဝတီ၊ စက်တင်ဘာ ၁၁၊ ၂၀၂၂။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့၊ သာယာအေးရွာအခြေစိုက် ခလရ ၃၅ တပ်ရင်းက စစ်ကောင် စီတပ်ဖွဲ့ဝင် ၁၀ ဦး စက်တင်ဘာလ ၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရှမ်း(တောင်ပိုင်း)၊ မိုးဗြဲ မြို့နယ်အတွင်း တိုက်ပွဲတွေမှာ သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ခလရ ၃၅ တပ်နဲ့နီးစပ် သူတွေဆီက သိရပါတယ်။

သေဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခလရ ၃၅ တပ်က လူပျိုစစ်သည် ၅ ဦး၊ အိမ်ထောင်သည် စစ်သည် ၅ ဦး ဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မုန့်ဟင်းခါးနဲ့ ရက်လည်ဆွမ်း သွပ်ပြုလုပ်မယ်လို့သိရပါတယ်။

“သေကုန်ပြီဆိုတာသိတဲ့ ၉ ရက်နေ့ထဲက ၃၅ တပ်ထဲမှာ ကာလတွေပျက်နေတာ။ ဆူညံလို့ ငိုကြတာ။ ၆၆ က ကယားဘက်မှာ တအားကျတယ်။ သူတို့ ၃၅ တင် ၁၀ ယောက်ပါတယ်။

ရဲဘော်သစ် ၇ ယောက် အဟောင်းက ၃ ယောက်ကျတာ။ ဒဏ်ရာပြင်းထန်တာက အရာရှိ ၁ ယောက်အပါ ၆ ယောက်။ သေသွားတဲ့သူတွေအတွက် ၁၄ ရက်နေ့ရက်လည်လုပ်မှာ” လို့ ခလရ ၃၅ တပ်နဲ့ နီးစပ်တဲ့သာယာဝတီမြို့ခံတဦးက ပြောပါတယ်။

သာယာဝတီအခြေစိုက် ခလရ ၃၅ တပ်ဟာ အင်းမမြို့အခြေစိုက် တပ်မ ၆၆ လက်အောက်ခံတပ်ရင်း တခုဖြစ်ပြီး တပ်မ ၆၆ ဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ကရင်နီ(ကယား)ပြည်နယ်မှာ ဝင်ရောက်နေတဲ့ တိုက်ခိုက်ရေးတပ်မတခုဖြစ်ပါတယ်။

ခလရ ၃၅ တပ်က တပ်ရင်းမှူးဟာ ဒုဗိုလ်မှူးကြီးလွှမ်းမိုးနိုင် ဆိုသူဖြစ်ပြီး တပ်ရင်းမှူးကတော့ ထိခိုက်တာမျိုး မကြားရသေးဘူးလို့ သူကဆက်လက်ပြောပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲဒေသမှာ စက်တင်ဘာလ ၈ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုများနေလို့ လေကြောင်းပစ်ကူပေးနေရတာဖြစ်ပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့တရက်ထဲမှာတင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး လက်နက် ခဲယမ်းအများအပြားသိမ်းဆည်းရမိထားတယ်လို့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကထုတ်ပြန်ထားပြီး အဲ့ဒီသေဆုံးမှုတွေမှာ သာယာဝတီ ခလရ ၃၅ တပ်က ၁၀ ဦးပါဝင်ခဲ့တာလို့သိရပါတယ်။

တပ်မ ၆၆ ဟာ ကရင်နီပြည်နယ်မှာ တိုက်ခိုက်ရေးဝင်ရောက်နေတာ ၁ နှစ်ကြာရှိပြီဖြစ်ပြီး တပ်ရင်းမှူး အဆင့်အပါအဝင် ထိခိုက်ကျဆုံးမှုများနေလို့ စစ်ခေါင်းဆောင်တွေက စက်တင်ဘာလဆန်းပိုင်းကမှ တပ်မမှူးအပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပုံစာ ။ ယခင်တိုက်ပွဲမှပြန်လာသည့် ပုံဟောင်းများ

မြေလတ်အသံ