Local News

ရဲတပ္သား ဘုန္းျပည့္ေမာင္ အရက္မူးၿပီး

ပဲခူးတိုင္းရဲ႐ုံးမွ ရဲတပ္သား ဘုန္းျပည့္ေမာင္ အရက္မူးၿပီး ေသနတ္ျဖင့္ သူ႔ကိုယ္သူ သ–တ္ေသ

ရန္ကုန္၊ စက္တင္ဘာ ၁၁

ပဲခူးတိုင္းရဲ႐ုံးမွ ရဲတပ္သား ဘုန္းျပည့္ေမာင္သည္ စက္တင္ဘာလ ၉ ရက္ေန႔တြင္ ေသနတ္ျဖင့္ ကိုယ့္ကိုကိုယ္ ပစ္ခတ္မိရာမွ ေသဆုံးသြားေၾကာင္း ေဒသခံတခ်ိဳ႕ႏွင့္ရဲသတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။

ပဲခူးတိုင္းရဲ႐ုံးမွ ရဲတပ္သား ဘုန္းျပည့္ေမာင္သည္ ေပါက္ၿမိဳ႕နယ္မွ ဇာတိျဖစ္ၿပီး စက္တင္ဘာလ ၉ ရက္ေန႔ တြင္ ကိုယ့္ကိုကိုယ္ ေသနတ္ျဖင့္ ပစ္ခတ္မိရာမွ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း၊

ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္-ဒိုက္ဦးဗ်ဴဟာလမ္းဆုံရွိ စစ္ေကာင္စီ၏ စုေပါင္းဂိတ္တြင္ တာဝန္က်ရဲျဖစ္ေၾကာင္း သိရွိရသည္။

“ရဲတပ္သား သူ႔ဟာသူ ပစ္တာလား၊ မေတာ္တဆ က်ည္ထြက္တာလား ေတာ့ေသခ်ာမသိဘူး။ သူ႔ကိုယ္သူ သတ္ေသတယ္လည္း ေျပာတယ္။ ဘာေၾကာင့္ ျဖစ္လဲေတာ့ေသခ်ာမသိဘူး။

ေသသြားတာကေတာ့ ဟုတ္တယ္။ မူးၿပီး ျဖစ္တယ္လို႔လည္း ေျပာၾကတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။

စက္တင္ဘာလ ၁၀ ရက္ေန႔တြင္ ရဲတပ္သား ဘုန္းျပည့္ေမာင္၏ အသုဘကို အခမ္းအနားျဖင့္ ျပဳလုပ္ခဲ့ေၾကာင္း၊ ျဖစ္စဥ္ကို ေသမႈေသခင္းဖြင့္လွစ္ထားေၾကာင္း သိရွိရသည္။

ပဲခူးတိုင်းရဲရုံးမှ ရဲတပ်သား ဘုန်းပြည့်မောင် အရက်မူးပြီး သေနတ်ဖြင့် သူ့ကိုယ်သူ သ–တ်သေ

ရန်ကုန်၊ စက်တင်ဘာ ၁၁

ပဲခူးတိုင်းရဲရုံးမှ ရဲတပ်သား ဘုန်းပြည့်မောင်သည် စက်တင်ဘာလ ၉ ရက်နေ့တွင် သေနတ်ဖြင့် ကိုယ့်ကိုကိုယ် ပစ်ခတ်မိရာမှ သေဆုံးသွားကြောင်း ဒေသခံတချို့နှင့်ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ပဲခူးတိုင်းရဲရုံးမှ ရဲတပ်သား ဘုန်းပြည့်မောင်သည် ပေါက်မြို့နယ်မှ ဇာတိဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ တွင် ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်မိရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း၊

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်-ဒိုက်ဦးဗျူဟာလမ်းဆုံရှိ စစ်ကောင်စီ၏ စုပေါင်းဂိတ်တွင် တာဝန်ကျရဲဖြစ်ကြောင်း သိရှိရသည်။

“ရဲတပ်သား သူ့ဟာသူ ပစ်တာလား၊ မတော်တဆ ကျည်ထွက်တာလား တော့သေချာမသိဘူး။ သူ့ကိုယ်သူ သတ်သေတယ်လည်း ပြောတယ်။ ဘာကြောင့် ဖြစ်လဲတော့သေချာမသိဘူး။

သေသွားတာကတော့ ဟုတ်တယ်။ မူးပြီး ဖြစ်တယ်လို့လည်း ပြောကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရဲတပ်သား ဘုန်းပြည့်မောင်၏ အသုဘကို အခမ်းအနားဖြင့် ပြုလုပ်ခဲ့ကြောင်း၊ ဖြစ်စဉ်ကို သေမှုသေခင်းဖွင့်လှစ်ထားကြောင်း သိရှိရသည်။