Local News

မုံ႐ြာၿမိဳ႕လယ္က ေ႐ႊဆိုင္ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ ၁၀ ပိသာေက်ာ္

မုံ႐ြာၿမိဳ႕လယ္က ေ႐ႊဆိုင္ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ ၁၀ ပိသာေက်ာ္ ဓားျပတိုက္ခံရ

စက္တင္ဘာ ၊ ၁၁ ၊ ၂၀၂၂

SP( VOM)

စစ္ကိုင္းတိုင္း ၊ မုံ႐ြာၿမိဳ႕ ၊ ဘုရားႀကီးရပ္ကြက္ ၊ တ႐ုတ္တန္းလမ္းနဲ႔ ဗိုလ္ခ်ဳပ္လမ္းဆုံ ၊ ၿမိဳ႕လယ္မီးပြိဳင့္နားက သိန္းတရာေ႐ႊဆိုင္ဟာ ဒီကေန႔ မနက္ ၁၁ နာရီခြဲဝန္းက်င္က ဓားျပတိုက္ခံရတယ္လို႔ မုံ႐ြာၿမိဳ႕ခံေတြဆီက သိရပါတယ္။

” ေသနတ္ေတြကိုင္ထားတဲ့ လူ ၅ ေယာက္ဟာ KLUGER အနက္ေရာင္နဲ႔ ေရာက္လာၿပီး တိုက္သြားတာ ” လို႔ ဘုရားႀကီးရပ္ကြက္ေန ေဒသခံတေယာက္က ေျပာပါတယ္။

အဲ့ဒီ ေ႐ႊဆိုင္နဲ႔ နီးစပ္သူ ေ႐ႊလုပ္ငန္းရွင္တေယာက္က ” ဆိုင္က မဖြင့္ဘူး ၊ ပိတ္ထားတာပါ ၊ ေ႐ႊဝယ္ခ်င္တယ္လို႔ေျပာၿပီး ဆိုင္ထဲကို ဝင္လာတယ္ ၊ ဆိုင္ထဲေရာက္ေတာ့ ေသနတ္ျပၿပီး ဆိုင္လုပ္သားေတြကို ေမွာက္ခိုင္းထားတယ္ ၊ အဲ့ဒီေနာက္ပိုင္း အေရာင္းေကာင္တာထဲက ေ႐ႊထည္ပစၥည္းေတြ ယူသြားတာပါ ” လို႔ ေျပာပါတယ္။

အဲ့ဒီ သိန္းတရာေ႐ႊဆိုင္ ဓားျပတိုက္ခံရၿပီးေနာက္ မုံ႐ြာၿမိဳ႕နယ္ လုံၿခဳံေရးအဖြဲ႕က သြားေရာက္စစ္ေဆးတဲ့အခါ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ ေ႐ႊအေလးခ်ိန္ ၁၀ ပိသာေက်ာ္ ပါသြားေၾကာင္း ကနဦးသိထားရတယ္လို႔ လုံၿခဳံေရးအသိုင္းအဝိုင္းဆီက သိရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း မုံ႐ြာၿမိဳ႕ ၊ ဘုရားႀကီးရပ္ကြက္ ၊ ဇရပ္ဝိုင္းဘုရားလမ္း ၊ ဇရပ္ဝိုင္းဘုရားအနီးက လပ္ကီးဆင္ႏွစ္ေကာင္ကုန္စုံဆိုင ဓားျပတိုက္ခံရတာျဖစ္ပြားခဲ့ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ဇြန္လကလည္း မုံ႐ြာၿမိဳ႕၊ ၿမိဳ႕လယ္ေနရာလို႔ ေျပာလို႔ရတဲ့ ႐ုံးႀကီးရပ္ကြက္ ၊ ေ႐ႊစည္းခုံဘုရားနားက ေ႐ႊေညာင္ပင္ လက္ဘက္ရည္ဆိုင္ပိုင္ရွင္ရဲ႕ေနအိမ္ ဓားျပအတိုက္ခံရၿပီး ပိုက္ဆံ သိန္း ၄ ရာေက်ာ္နဲ႔ ဖုန္းအလုံး ၂၀ ေက်ာ္ ပါသြားခဲ့ပါတယ္။

မုံရွာမြို့လယ်က ရွှေဆိုင် ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ပိသာကျော် ဓားပြတိုက်ခံရ

စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၂

SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ တရုတ်တန်းလမ်းနဲ့ ဗိုလ်ချုပ်လမ်းဆုံ ၊ မြို့လယ်မီးပွိုင့်နားက သိန်းတရာရွှေဆိုင်ဟာ ဒီကနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။

” သေနတ်တွေကိုင်ထားတဲ့ လူ ၅ ယောက်ဟာ KLUGER အနက်ရောင်နဲ့ ရောက်လာပြီး တိုက်သွားတာ ” လို့ ဘုရားကြီးရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ရွှေဆိုင်နဲ့ နီးစပ်သူ ရွှေလုပ်ငန်းရှင်တယောက်က ” ဆိုင်က မဖွင့်ဘူး ၊ ပိတ်ထားတာပါ ၊ ရွှေဝယ်ချင်တယ်လို့ပြောပြီး ဆိုင်ထဲကို ဝင်လာတယ် ၊ ဆိုင်ထဲရောက်တော့ သေနတ်ပြပြီး ဆိုင်လုပ်သားတွေကို မှောက်ခိုင်းထားတယ် ၊ အဲ့ဒီနောက်ပိုင်း အရောင်းကောင်တာထဲက ရွှေထည်ပစ္စည်းတွေ ယူသွားတာပါ ” လို့ ပြောပါတယ်။

အဲ့ဒီ သိန်းတရာရွှေဆိုင် ဓားပြတိုက်ခံရပြီးနောက် မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးတဲ့အခါ ရွှေထည်ပစ္စည်းမျိုးစုံ ရွှေအလေးချိန် ၁၀ ပိသာကျော် ပါသွားကြောင်း ကနဦးသိထားရတယ်လို့ လုံခြုံရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ ဇရပ်ဝိုင်းဘုရားလမ်း ၊ ဇရပ်ဝိုင်းဘုရားအနီးက လပ်ကီးဆင်နှစ်ကောင်ကုန်စုံဆိုင ဓားပြတိုက်ခံရတာဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လကလည်း မုံရွာမြို့၊ မြို့လယ်နေရာလို့ ပြောလို့ရတဲ့ ရုံးကြီးရပ်ကွက် ၊ ရွှေစည်းခုံဘုရားနားက ရွှေညောင်ပင် လက်ဘက်ရည်ဆိုင်ပိုင်ရှင်ရဲ့နေအိမ် ဓားပြအတိုက်ခံရပြီး ပိုက်ဆံ သိန်း ၄ ရာကျော်နဲ့ ဖုန်းအလုံး ၂၀ ကျော် ပါသွားခဲ့ပါတယ်။