Local News

အမ္းၿမိဳ႕မရဲစခန္းမွ ဒု-စခန္းမႉးကို စရဖက ဖမ္းဆီး

အမ္းၿမိဳ႕မရဲစခန္းမွ ဒု-စခန္းမႉးကို စရဖက ဖမ္းဆီးစစ္ေဆးေန

ေျမလတ္အသံ၊ စက္တင္ဘာ ၁၁၊ ၂၀၂၂။

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕၊ ၿမိဳ႕မရဲစခန္းမွ ဒုတိယစခန္းမႈး ရဲအုပ္သက္လႈိင္ကို ယမန္ေန႔စက္တင္ဘာ ၁၀ ရက္ ညေနပိုင္းအခ်ိန္ခန႔္တြင္ စစ္ဖက္ေရးရာလုံၿခဳံေရးတပ္ဖြဲ႕(စရဖ) က ဖမ္းဆီးခဲ့သည္ဟုသိရသည္။

ရဲအုပ္သက္လႈိင္မွာ ရခိုင္လူမ်ိဳးျဖစ္ၿပီး အမ္းၿမိဳ႕နယ္၊ ေရမတိမ္ေက်း႐ြာမွာျဖစ္ကာ ၎ကို စရဖက ဒုတိယတိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ေအာင္ေက်ာ္မင္း ၏ အမိန႔္ျဖင့္ဖမ္းဆီးျခင္းျဖစ္ကာ မည္သည့္အတြက္ေၾကာင့္ ဖမ္းဆီးရသည္ကိုမႈမသိရွိေၾကာင္း ရဲအုပ္ႏွင့္ရင္းႏွီးသူတဦးက ေျမလတ္အသံကိုေျပာသည္။

“က်ေနာ္သိရသေလာက္ေတာ့ ၿမိဳ႕မရဲစခန္းက သူတေယာက္တည္းမဟုတ္ဘဲ ေနာက္ထပ္ရဲသားေတြလည္း စစ္ေဆးခံေနရတယ္လို႔သိရတယ္။ အခုကစခန္းမွာ အကုန္လုံးကစိုးရိမ္၊ ေၾကာက္လန႔္ေနၾကတဲ့အေနအထားရွိေနတယ္။” ဟုဆိုသည္။

ယင္းအျပင္ ရဲအုပ္သက္လႈိင္မွာ ယခင္က ေက်ာက္‌ေျမာင္းရဲစခန္းတြင္ စခန္းမႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သလို တပ္ေတာင္ၿမိဳ႕ရဲစခန္း၌လည္း ယာယီစခန္းမႉးအျဖစ္ျဖင့္ တာဝန္အသီးသီးထမ္းေဆာင္ခဲ့သည္ဟု သိရသည္။

ေျမလတ္အသံ

အမ်းမြို့မရဲစခန်းမှ ဒု-စခန်းမှူးကို စရဖက ဖမ်းဆီးစစ်ဆေးနေ

မြေလတ်အသံ၊ စက်တင်ဘာ ၁၁၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ မြို့မရဲစခန်းမှ ဒုတိယစခန်းမှုး ရဲအုပ်သက်လှိုင်ကို ယမန်နေ့စက်တင်ဘာ ၁၀ ရက် ညနေပိုင်းအချိန်ခန့်တွင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) က ဖမ်းဆီးခဲ့သည်ဟုသိရသည်။

ရဲအုပ်သက်လှိုင်မှာ ရခိုင်လူမျိုးဖြစ်ပြီး အမ်းမြို့နယ်၊ ရေမတိမ်ကျေးရွာမှာဖြစ်ကာ ၎င်းကို စရဖက ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း ၏ အမိန့်ဖြင့်ဖမ်းဆီးခြင်းဖြစ်ကာ မည်သည့်အတွက်ကြောင့် ဖမ်းဆီးရသည်ကိုမှုမသိရှိကြောင်း ရဲအုပ်နှင့်ရင်းနှီးသူတဦးက မြေလတ်အသံကိုပြောသည်။

“ကျနော်သိရသလောက်တော့ မြို့မရဲစခန်းက သူတယောက်တည်းမဟုတ်ဘဲ နောက်ထပ်ရဲသားတွေလည်း စစ်ဆေးခံနေရတယ်လို့သိရတယ်။ အခုကစခန်းမှာ အကုန်လုံးကစိုးရိမ်၊ ကြောက်လန့်နေကြတဲ့အနေအထားရှိနေတယ်။” ဟုဆိုသည်။

ယင်းအပြင် ရဲအုပ်သက်လှိုင်မှာ ယခင်က ကျောက်‌မြောင်းရဲစခန်းတွင် စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို တပ်တောင်မြို့ရဲစခန်း၌လည်း ယာယီစခန်းမှူးအဖြစ်ဖြင့် တာဝန်အသီးသီးထမ်းဆောင်ခဲ့သည်ဟု သိရသည်။

မြေလတ်အသံ