ပခုကၠဴ အထည္ခ်ဳပ္စက္႐ုံက စစ္အုပ္စုကို သြားေရာက္ တိုက္ခိုက္ရာ စကစ သုံးေယာက္ေသ၊
လက္နက္သြားေကာက္တဲ့ PDF ရဲေဘာ္ႏွစ္ဦး က်ဆုံး၊
MFP၊ စက္တင္ဘာ – ၁၁
မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕၊ ေခ်ာက္ကန္႐ြာႏွင့္ ကိုးပင္႐ြာၾကား၊ အမွတ္(၁၁) အထည္ခ်ဳပ္စက္႐ုံမွာ စီးနင္း အထိုင္ခ်ေနတဲ့ စစ္အုပ္စုကို စက္တင္ဘာ(၈)ရက္ ေန႔လည္ပိုင္းက သြားေရာက္ တိုက္ခိုက္ခဲ့ရာ စကစ သုံးေယာက္ ေသၿပီး စကစ အေလာင္းေတြဆီက ေသနတ္ရဖို႔ သြားေကာက္ခ်ိန္မွာ ပစ္ခတ္ခံရတာေၾကာင့္ ျပည္သူ႔ရဲေဘာ္ ႏွစ္ဦး က်ဆုံးခဲ့ရတယ္လို႔ ပခုကၠဴ Royal Defence Force – R.D.F (PKU) က သတင္း ထုတ္ျပန္ပါတယ္။
ရဲေဘာ္ေတြအတြက္ လက္နက္ရဖို႔ သြားေကာက္ခဲ့ရာက R.D.F အဖြဲ တိုက္ခိုက္ေရးေခါင္းေဆာင္ ဗိုလ္ဘၿငိမ္းႏွင့္ ရဲေဘာ္ ေမာင္ Snake တို႔ က်ဆုံးခဲ့တာလို႔ ဆိုပါတယ္။
“ရဲေဘာ္ေတြ လက္နက္ရေစရန္ ရည္႐ြယ္ၿပီး အသက္ေပးသြားေသာ တိုက္ခိုက္ေရးေခါင္းေဆာင္ ဗိုလ္ဘၿငိမ္း ႏွင့္ ရဲေဘာ္ ေမာင္ Snake တိုအား ေလးစားစြာ အေလးနီျပဳပါသည္ ။ မိမိတိုအဖြဲမွ စစ္ေခြး၊ရဲေခြး၊ ပ်ဴေခြးမ်ားအား ဆက္လက္ေတာ္လွန္တိုက္ခိုက္သြားပါမည္”လို RDF က ဆိုပါတယ္။
ဒါ့အျပင္ အဲဒီတိုက္ပြဲမွာ ေတာ္လွန္ေရး ရဲေဘာ္တစ္ဦး လက္မွာ မစိုးရိမ္ရ ဒဏ္ရာရခဲ့သလို က်ဆုံးရဲေဘာ္ ႏွစ္ဦးႏွင့္အတူ (M-3) ေသနတ္ တစ္လက္လည္း ဆုံးရႈံးခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။
ဖက္ဆစ္တပ္ အျမစ္ျဖတ္ေရး တိုက္ပြဲဝင္ေနတဲ့ ေတာ္လွန္ေရး အဖြဲအစည္းအမ်ားစုဟာ လက္လုပ္၊ ခါးခ်ိဳး ေသနတ္ေတြကို အားကိုးကာ တိုက္ခိုက္ေနရၿပီး လက္နက္ရဖို႔ အခုလို အသက္ေပးေနရတာလို႔ ေဒသကာကြယ္ေရး ရဲေဘာ္ေတြက ေျပာပါတယ္။
ပခုကၠဴၿမိဳနယ္၊ ေခ်ာက္ကန္႐ြာအနီး အမွတ္(၁၁) အထည္စက္႐ုံက စစ္အုပ္စု တိုက္ခိုက္ခံရတာနဲ႔ ပတ္သက္ၿပီး စစ္အုပ္စုဘက္က သတင္းျဖန႔္ရာမွာေတာ့ PDF ေတြက လာေရာက္ ပစ္ခတ္လို႔ ျပန္လည္ ပစ္ခတ္ရာကေန PDF အေလာင္းႏွစ္ေလာင္း၊ (MA-3) ေသနတ္တစ္လက္၊ က်ည္(၂၈)ေတာင့္၊ (၁၂)ဗို႔က်ည္ ႏွစ္ေတာင့္၊ (MG) လက္ပစ္ဗုံး တစ္လုံး ရရွိတယ္လို႔ ဆိုပါတယ္။
RDF(PKU) တပ္ဖြဲ႕ အေနနဲ႔ စစ္အုပ္စုကို ဆက္လက္တိုက္ခိုက္မွာမို႔ အမ်ားျပည္သူ အေနနဲ႔ စစ္အုပ္စုႏွင့္ အေဝးမွာ ေနၾကဖို႔ ေမတၱာရပ္ခံ သတိေပးေၾကာင္း RDF က ထုတ္ျပန္ထားပါတယ္။
ပခုကၠဴ ေခ်ာက္ကန္႐ြာ အထည္ခ်ဳပ္စက္႐ုံ တိုက္ပြဲမွာ က်ဆုံးခဲ့တဲ့ ျပည္သူ႔ရဲေဘာ္ ႏွစ္ဦး/Photo – S
ပခုက္ကူ အထည်ချုပ်စက်ရုံက စစ်အုပ်စုကို သွားရောက် တိုက်ခိုက်ရာ စကစ သုံးယောက်သေ၊
လက်နက်သွားကောက်တဲ့ PDF ရဲဘော်နှစ်ဦး ကျဆုံး၊
MFP၊ စက်တင်ဘာ – ၁၁
မကွေးတိုင်း၊ ပခုက္ကူမြို့၊ ချောက်ကန်ရွာနှင့် ကိုးပင်ရွာကြား၊ အမှတ်(၁၁) အထည်ချုပ်စက်ရုံမှာ စီးနင်း အထိုင်ချနေတဲ့ စစ်အုပ်စုကို စက်တင်ဘာ(၈)ရက် နေ့လည်ပိုင်းက သွားရောက် တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် သေပြီး စကစ အလောင်းတွေဆီက သေနတ်ရဖို့ သွားကောက်ချိန်မှာ ပစ်ခတ်ခံရတာကြောင့် ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပခုက္ကူ Royal Defence Force – R.D.F (PKU) က သတင်း ထုတ်ပြန်ပါတယ်။
ရဲဘော်တွေအတွက် လက်နက်ရဖို့ သွားကောက်ခဲ့ရာက R.D.F အဖွဲ တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ဘငြိမ်းနှင့် ရဲဘော် မောင် Snake တို့ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
“ရဲဘော်တွေ လက်နက်ရစေရန် ရည်ရွယ်ပြီး အသက်ပေးသွားသော တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ဘငြိမ်း နှင့် ရဲဘော် မောင် Snake တိုအား လေးစားစွာ အလေးနီပြုပါသည် ။ မိမိတိုအဖွဲမှ စစ်ခွေး၊ရဲခွေး၊ ပျူခွေးများအား ဆက်လက်တော်လှန်တိုက်ခိုက်သွားပါမည်”လို RDF က ဆိုပါတယ်။
ဒါ့အပြင် အဲဒီတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော်တစ်ဦး လက်မှာ မစိုးရိမ်ရ ဒဏ်ရာရခဲ့သလို ကျဆုံးရဲဘော် နှစ်ဦးနှင့်အတူ (M-3) သေနတ် တစ်လက်လည်း ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အဖွဲအစည်းအများစုဟာ လက်လုပ်၊ ခါးချိုး သေနတ်တွေကို အားကိုးကာ တိုက်ခိုက်နေရပြီး လက်နက်ရဖို့ အခုလို အသက်ပေးနေရတာလို့ ဒေသကာကွယ်ရေး ရဲဘော်တွေက ပြောပါတယ်။
ပခုက္ကူမြိုနယ်၊ ချောက်ကန်ရွာအနီး အမှတ်(၁၁) အထည်စက်ရုံက စစ်အုပ်စု တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ PDF တွေက လာရောက် ပစ်ခတ်လို့ ပြန်လည် ပစ်ခတ်ရာကနေ PDF အလောင်းနှစ်လောင်း၊ (MA-3) သေနတ်တစ်လက်၊ ကျည်(၂၈)တောင့်၊ (၁၂)ဗို့ကျည် နှစ်တောင့်၊ (MG) လက်ပစ်ဗုံး တစ်လုံး ရရှိတယ်လို့ ဆိုပါတယ်။
RDF(PKU) တပ်ဖွဲ့ အနေနဲ့ စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်မှာမို့ အများပြည်သူ အနေနဲ့ စစ်အုပ်စုနှင့် အဝေးမှာ နေကြဖို့ မေတ္တာရပ်ခံ သတိပေးကြောင်း RDF က ထုတ်ပြန်ထားပါတယ်။
ပခုက္ကူ ချောက်ကန်ရွာ အထည်ချုပ်စက်ရုံ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ရဲဘော် နှစ်ဦး/Photo – S