သန္လ်င္ေရတပ္က စစ္သားေတြကို ၉ ေလာင္းၿပိဳင္ ပစ္သတ္ခဲ့သူေတြဟာ PDF သင္တန္းဆင္းၿပီးမွ စစ္ေကာင္စီတပ္ထဲဝင္လာသူေတြလို႔ တပ္အသိုင္းအဝိုင္းမွာ သတင္း ထြက္ေပၚေန
ဟိန္းစံ/ဧရာ၀တီတိုင္းမ္
(သန္လ်င္)၊ စက္တင္ဘာလ ၁၁ ရက္
ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္က ေရတပ္မွာတာဝန္ထမ္း ေဆာင္ေနတဲ့ စစ္ေကာင္စီတပ္သား ၂ ဦးဟာ ၎တို႔တပ္က တပ္ဖြဲ႕ဝင္ ၇ ဦးနဲ႔ အရပ္သား ၂ ဦးတို႔ကို ဩဂုတ္လ ၃၁ ရက္ေန႔ ည ၁၀ နာရီခန႔္က ေသနတ္နဲ႔ပစ္သတ္ၿပီး ထြက္ ေျပးသြားခဲ့ပါတယ္။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြကို ရည္႐ြယ္ခ်က္ရွိရွိ အစုလိုက္ အၿပဳံလိုက္ ပစ္သတ္ခဲ့တဲ့ အဆိုပါ စစ္ေကာင္စီတပ္သား ၂ ဦးဟာ ကရင္ျပည္နယ္က ေတာတြင္းမွာ PDF သင္တန္းဆင္းၿပီးမွ တပ္ထဲဝင္လာသူေတြျဖစ္တယ္လို႔ သန္လ်င္ေရတပ္အသိုင္းအဝိုင္းမွာ သတင္းေတြထြက္ေပၚေနပါတယ္။
၉ ေလာင္းၿပိဳင္ ပစ္ခတ္မႈေနာက္ပိုင္း အဆိုပါစစ္သား ၂ ဦးရဲ႕ေနာက္ေၾကာင္းကို စစ္တပ္က ျပန္လည္စုံစမ္းရာမွာ ရရွိတဲ့ အခ်က္အလက္ေတြအရ PDF သင္တန္းဆင္းေတြျဖစ္ႏိုင္တယ္လို႔ သန္လ်င္ေရတပ္က အႀကီးတန္းစစ္ဘက္အရာရွိေတြက သုံးသပ္ေနၾကေၾကာင္း သန္လ်င္ေရတပ္နဲ႔ နီးစပ္သူေတြထံက သိရပါတယ္။
“အဲ့ဒီညက ျဖစ္စဥ္ကို စုံခုံဖြဲ႕တာေရာ၊ ေနာက္သူတို႔ရဲ႕ ကိုယ္ေရးဖိုင္ေတြက ေနရပ္လိပ္စာေတြ၊ ေနာက္ေၾကာင္းေတြ အကုန္လိုက္တာေပါ့။ အဲ့ဒီ ၂ ေယာက္ကလည္း ရဲေဘာ္အသစ္ေတြ။ ဒီအာဏာသိမ္းၿပီးမွ သင္တန္းဆင္းလာတာ မၾကာေသးဘူး။ အခုသတင္းျပန္ထြက္လာတာက အဲ့ဒီ ၂ ေယာက္က ကရင္ျပည္နယ္က PDF သင္တန္း ဆင္းၿပီး တပ္ထဲဝင္လာၿပီးမွ ရည္႐ြယ္ခ်က္ရွိရွိပစ္သတ္သြားတယ္ဆိုၿပီး သူတို႔ (တပ္အႀကီးအကဲေတြ) သုံးသပ္ၾကတယ္”လို႔ သန္လ်င္ေရတပ္ တပ္တြင္းသတင္းရင္းျမစ္တဦးက ဧရာ၀တီတိုင္းမ္ကို ေျပာပါတယ္။
အရာရွိ ၁ ဦးနဲ႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အျခားအဆင့္ ၆ ဦးတို႔အျပင္ တပ္ၾကပ္ႀကီးရဲ႕ မိန္းမနဲ႔သမီးတို႔ အပါအဝင္ လူ ၉ ဦးကို ပြဲခ်င္းၿပီး ပစ္သတ္ခဲ့သူေတြဟာ PDF သင္တန္းဆင္းေတြလို႔ စစ္တပ္ဘက္က သုံးသပ္မႈေတြ ရွိေနေပမယ့္ ဧရာ၀တီတိုင္းမ္သတင္းဌာနအေနနဲ႔ သီးျခားအတည္မျပဳႏိုင္ျခင္းမရွိပါဘူး။
သန္လ်င္ေရတပ္က ၉ ေလာင္းၿပိဳင္ ပစ္သတ္ခဲ့သူေတြဟာ PDF ေတြလို႔ စစ္ေကာင္စီဘက္က သုံးသပ္မႈေတြ ရွိလာတဲ့ေနာက္ပိုင္း တပ္ထဲဝင္သူေတြဟာ PDF ေတြ ဟုတ္မဟုတ္ ၾကပ္မတ္စစ္ေဆးမယ့္လုပ္ငန္းစဥ္ေတြ စစ္ေကာင္စီတပ္က ခ်မွတ္ဖို႔ ျပင္ဆင္ေနေၾကာင္း တပ္တြင္း သတင္းရင္းျမစ္ေတြထံက သိရပါတယ္။
စစ္ေကာင္စီတပ္ရဲ႕ အေျခခံတပ္သားသစ္သင္တန္းဟာ ၆ လၾကာ တက္ေရာက္ရတာျဖစ္ၿပီး စစ္အာဏာသိမ္းကာ လ ၂ ႏွစ္နီးပါးၾကာျမင့္ၿပီျဖစ္လို႔ အခုလိုလုပ္ေဆာင္တယ္ဆိုတာ ျဖစ္ႏိုင္ေခ်ရွိတယ္လို႔ CDM တပ္မေတာ္သား တဦးက သုံးသပ္ေျပာဆိုပါတယ္။“Basic Training (အေျခခံသင္တန္း)က ၆ လတက္ရတာ။ ရဲေဘာ္သစ္ဆင္းတာ မၾကာေသးဘူးဆိုရင္ေတာ့ ျဖစ္ႏိုင္တယ္။ ေနာ္၊
အခုက အာဏာသိမ္းတာက ၂ ႏွစ္နီးပါးၾကာေနၿပီဆိုေတာ့ ၆ လ ေလာက္ အပင္ပန္းခံၿပီး အထဲေရာက္ကာမွ ေအးေဆးပစ္သတ္သြားတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။
အဓိကက ပစ္ၿပီးရင္ လြတ္ေျမာက္မယ့္ Plan တခုကို ေကာင္းေကာင္းဆြဲႏိုင္ဖို႔ဘဲ။ အာဏာသိမ္းၿပီးေတာ့ ရဲေဘာ္သစ္က တအားလိုေနတာနဲ႔ ေတြ႕တဲ့လူ စြတ္သြင္း၊ သိပ္မစိစစ္ေတာ့ဘူး ။
အဲ့ဒီလိုတကယ္ဟုတ္ခဲ့တယ္ဆိုရင္ အလားတူျဖစ္စဥ္မ်ိဳးေတြထပ္ ၾကားလာရဦးမယ္”လို႔ CDM ဗိုလ္ႀကီး ဇင္ေယာ္က ေျပာပါတယ္။
စစ္ေကာင္စီတပ္က စစ္သား ၇ ဦးအပါအဝင္ ၉ ေလာင္းၿပိဳင္ ပစ္ခတ္သြားတဲ့သူစစ္သား ၂ ဦးကို ရန္ကုန္ၿမိဳ႕မွာ ၂ ရက္ၾကာ ပိတ္ဆို႔ရွာေဖြခဲ့ၿပီး ၁ ဦး ျပန္လည္ဖမ္းဆီးရမိတယ္လို႔ စစ္တပ္ေကာင္းေၾကာင္း ဝါဒျဖန္႔ေနတဲ့ စစ္ေလာ္ဘီ တယ္လီဂရမ္အေကာင့္ေတြမွာ ေရးသားတာ ေတြ႕ရေပမယ့္ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။
ဧရာ၀တီတိုင္းမ္
သန်လျင်ရေတပ်က စစ်သားတွေကို ၉ လောင်းပြိုင် ပစ်သတ်ခဲ့သူတွေဟာ PDF သင်တန်းဆင်းပြီးမှ စစ်ကောင်စီတပ်ထဲဝင်လာသူတွေလို့ တပ်အသိုင်းအဝိုင်းမှာ သတင်း ထွက်ပေါ်နေ
ဟိန်းစံ/ဧရာဝတီတိုင်းမ်
(သန်လျင်)၊ စက်တင်ဘာလ ၁၁ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က ရေတပ်မှာတာဝန်ထမ်း ဆောင်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ ၎င်းတို့တပ်က တပ်ဖွဲ့ဝင် ၇ ဦးနဲ့ အရပ်သား ၂ ဦးတို့ကို ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီခန့်က သေနတ်နဲ့ပစ်သတ်ပြီး ထွက် ပြေးသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့တဲ့ အဆိုပါ စစ်ကောင်စီတပ်သား ၂ ဦးဟာ ကရင်ပြည်နယ်က တောတွင်းမှာ PDF သင်တန်းဆင်းပြီးမှ တပ်ထဲဝင်လာသူတွေဖြစ်တယ်လို့ သန်လျင်ရေတပ်အသိုင်းအဝိုင်းမှာ သတင်းတွေထွက်ပေါ်နေပါတယ်။
၉ လောင်းပြိုင် ပစ်ခတ်မှုနောက်ပိုင်း အဆိုပါစစ်သား ၂ ဦးရဲ့နောက်ကြောင်းကို စစ်တပ်က ပြန်လည်စုံစမ်းရာမှာ ရရှိတဲ့ အချက်အလက်တွေအရ PDF သင်တန်းဆင်းတွေဖြစ်နိုင်တယ်လို့ သန်လျင်ရေတပ်က အကြီးတန်းစစ်ဘက်အရာရှိတွေက သုံးသပ်နေကြကြောင်း သန်လျင်ရေတပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
“အဲ့ဒီညက ဖြစ်စဉ်ကို စုံခုံဖွဲ့တာရော၊ နောက်သူတို့ရဲ့ ကိုယ်ရေးဖိုင်တွေက နေရပ်လိပ်စာတွေ၊ နောက်ကြောင်းတွေ အကုန်လိုက်တာပေါ့။ အဲ့ဒီ ၂ ယောက်ကလည်း ရဲဘော်အသစ်တွေ။ ဒီအာဏာသိမ်းပြီးမှ သင်တန်းဆင်းလာတာ မကြာသေးဘူး။ အခုသတင်းပြန်ထွက်လာတာက အဲ့ဒီ ၂ ယောက်က ကရင်ပြည်နယ်က PDF သင်တန်း ဆင်းပြီး တပ်ထဲဝင်လာပြီးမှ ရည်ရွယ်ချက်ရှိရှိပစ်သတ်သွားတယ်ဆိုပြီး သူတို့ (တပ်အကြီးအကဲတွေ) သုံးသပ်ကြတယ်”လို့ သန်လျင်ရေတပ် တပ်တွင်းသတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အရာရှိ ၁ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အခြားအဆင့် ၆ ဦးတို့အပြင် တပ်ကြပ်ကြီးရဲ့ မိန်းမနဲ့သမီးတို့ အပါအဝင် လူ ၉ ဦးကို ပွဲချင်းပြီး ပစ်သတ်ခဲ့သူတွေဟာ PDF သင်တန်းဆင်းတွေလို့ စစ်တပ်ဘက်က သုံးသပ်မှုတွေ ရှိနေပေမယ့် ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်ခြင်းမရှိပါဘူး။
သန်လျင်ရေတပ်က ၉ လောင်းပြိုင် ပစ်သတ်ခဲ့သူတွေဟာ PDF တွေလို့ စစ်ကောင်စီဘက်က သုံးသပ်မှုတွေ ရှိလာတဲ့နောက်ပိုင်း တပ်ထဲဝင်သူတွေဟာ PDF တွေ ဟုတ်မဟုတ် ကြပ်မတ်စစ်ဆေးမယ့်လုပ်ငန်းစဉ်တွေ စစ်ကောင်စီတပ်က ချမှတ်ဖို့ ပြင်ဆင်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ အခြေခံတပ်သားသစ်သင်တန်းဟာ ၆ လကြာ တက်ရောက်ရတာဖြစ်ပြီး စစ်အာဏာသိမ်းကာ လ ၂ နှစ်နီးပါးကြာမြင့်ပြီဖြစ်လို့ အခုလိုလုပ်ဆောင်တယ်ဆိုတာ ဖြစ်နိုင်ချေရှိတယ်လို့ CDM တပ်မတော်သား တဦးက သုံးသပ်ပြောဆိုပါတယ်။“Basic Training (အခြေခံသင်တန်း)က ၆ လတက်ရတာ။ ရဲဘော်သစ်ဆင်းတာ မကြာသေးဘူးဆိုရင်တော့ ဖြစ်နိုင်တယ်။ နော်၊
အခုက အာဏာသိမ်းတာက ၂ နှစ်နီးပါးကြာနေပြီဆိုတော့ ၆ လ လောက် အပင်ပန်းခံပြီး အထဲရောက်ကာမှ အေးဆေးပစ်သတ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။
အဓိကက ပစ်ပြီးရင် လွတ်မြောက်မယ့် Plan တခုကို ကောင်းကောင်းဆွဲနိုင်ဖို့ဘဲ။ အာဏာသိမ်းပြီးတော့ ရဲဘော်သစ်က တအားလိုနေတာနဲ့ တွေ့တဲ့လူ စွတ်သွင်း၊ သိပ်မစိစစ်တော့ဘူး ။
အဲ့ဒီလိုတကယ်ဟုတ်ခဲ့တယ်ဆိုရင် အလားတူဖြစ်စဉ်မျိုးတွေထပ် ကြားလာရဦးမယ်”လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်သား ၇ ဦးအပါအဝင် ၉ လောင်းပြိုင် ပစ်ခတ်သွားတဲ့သူစစ်သား ၂ ဦးကို ရန်ကုန်မြို့မှာ ၂ ရက်ကြာ ပိတ်ဆို့ရှာဖွေခဲ့ပြီး ၁ ဦး ပြန်လည်ဖမ်းဆီးရမိတယ်လို့ စစ်တပ်ကောင်းကြောင်း ဝါဒဖြန့်နေတဲ့ စစ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာ ရေးသားတာ တွေ့ရပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဧရာဝတီတိုင်းမ်