Local News
စစ်ကောင်စီတပ်သားအချို့ကို ဖမ်းမိထားသည့်ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်စဉ်က
ရက္ခိုင့်တပ်တော်-AAက စစ်ကောင်စီတပ်သားအချို့ကို ဖမ်းဆီးရမိထားသည့်ရုပ်သံဖိုင်တစ်ခု ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ထွက်ပေါ်လာသည်ကို တွေ့ရသည်
AA က ဖမ်းဆီးရမိသူဦးရေစာရင်းကို ထုတ်ပြန်ထားခြင်းမရှိသေးပါ
လောင်းဒုံ(မြို) ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် (၃) ကီလိုမီတာခန့်အကွာ ဂုတ်ပီကျော်လမ်း (ပဲရွမ်းတောင်)ရှိ
ခမရ (၃၅၁) တပ်စခန်းကို AA က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ နံနက် (၇) နာရီ (၂၂) မိနစ်ဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာထားသည်
အထိနာသည့် အာဏာသိမ်းတပ်က အဆိုပါစခန်းကုန်းနေရာကို ရဟတ်ယာဉ်နှစ်စီးဖြင့် တစ်နေကုန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ Tachileik News Agency