ေက်ာက္ေတာ္တြင္ စစ္သား ၂ ဦး တပ္မွ ထြက္ေျပး
တိုက္ပြဲမ်ား ျပင္းထန္ေနေသာ ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္မွ ၂ ဦး ရကၡိဳင့္တပ္ေတာ္ (AA) ထံ ထြက္ေျပးသြားေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ၿမိဳ႕ေပၚမွ ၈ မိုင္ခန္႔အကြာ မဟာမုနိဘုရားေပၚတြင္ တပ္စြဲထားသည့္ စစ္ေၾကာင္းမွ စစ္သား ၂ ဦး စက္တင္ဘာ ၁၀၊ ညေန ၃ နာရီခြဲခန႔္က ထြက္ေျပးသြားျခင္းျဖစ္သည္ဟု သိရသည္။
ထို႔ေနာက္ ယင္းညမွာပင္ စစ္တပ္က အနီးရွိ မဟာမုနိ႐ြာႏွင့္ ဘုရားဝင္းအတြင္းရွိ စစ္ေဘးေရွာင္စခန္းမွ တဲအိမ္မ်ားကို ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း ထိုေနရာ၌ ေနထိုင္သူမ်ားက ေျပာသည္။
“ည ၇ နာရီေလာက္မွာ ဝင္လို႔ စစ္ေဆးခဲ့တယ္။ တခ်ိဳ႕လူေတြကိုက်ေတာ့ မွတ္ပုံတင္ေတြ စစ္တယ္လို႔ ေျပာတယ္။ တခ်ိဳ႕လူေတြကိုက်ေတာ့ ေအးေဆးေနလို႔ရပါတယ္၊ ကြၽန္ေတာ္တို႔လူေတြ ေရာက္လာလားလို႔ ေမးတယ္လို႔ ေျပာတယ္” ဟု ထိုမဟာမုနိဘုရားႏွင့္ အနီးဝန္းက်င္မွ ႐ြာသားတစ္ဦးက ေျပာျပသည္။
“စစ္ေဘးေရွာင္စခန္းက အသက္ႀကီးပိုင္းေတြကိုလည္း ဘာမွမျဖစ္ဘူး။ မေၾကာက္ၾကဖို႔နဲ႔ က်န္းမာပါေစ၊ ခ်မ္းသာပါေစလို႔ ေျပာခဲ့တယ္လို႔ သိရတယ္။ စစ္ေဘးေရွာင္စခန္းကိုလည္း စစ္တယ္။ အဲဒီနားက မဟာမုနိ႐ြာကို ဝင္စစ္တယ္”
စစ္ေဘးေရွာင္စခန္းတြင္ ခိုလႈံေနသူမ်ားကို အေႏွာင့္အယွက္မေပးေသာ္လည္း အနီးဝန္းက်င္ မဟာမုနိေက်း႐ြာ၊ သရက္တစ္ပင္ေက်း႐ြာမွ ႐ြာသားတခ်ိဳ႕မွာ ေၾကာက္လန္႔ထြက္ေျပးၾကရေၾကာင္း ဆိုသည္။
ထိုစစ္သား၂ ဦးမွာ AA ထံ ထြက္ေျပးခိုလႈံသြားသည္ဟု ၾကားသိရေၾကာင္း၊ လက္နက္ ပါမပါ မသိရေၾကာင္း ထိုအနီးဝန္းက်င္မွ ေဒသခံ ေနာက္တစ္ဦးက ေျပာသည္။
“အဲဒီထြက္ေျပးသြားတဲ့ စစ္သားႏွစ္ေယာက္က AA ဆီမွာ အလင္းဝင္သြားတယ္လို႔ သတင္းလည္းထြက္ေနတယ္။ ဟုတ္မဟုတ္ အတိအက်ကိုေတာ့ မေျပာႏိုင္ပါဘူး” ဟု သူက ဆိုသည္။
ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ သမိုင္းဝင္ဘုရားတစ္ဆူျဖစ္ေသာ မဟာမုနိဘုရားမွာ စစ္ေတြ – ရန္ကုန္ အာရွကားလမ္းမႀကီးႏွင့္ ကပ္လ်က္ တည္ရွိၿပီး ယခင္ကတည္းက အင္အား ၂၀၀ ဝန္းက်င္ျဖင့္ တပ္စြဲထားသည္။
ၿပီးခဲ့သည့္ ေမ ၂၂ ကလည္း ေက်ာက္ေတာ္ၿမိဳ႕ ထိုစစ္ေၾကာင္းမွ စစ္သားတစ္ဦး လက္နက္မဲ့ ထြက္ေျပးခဲ့ၿပီး စက္တင္ဘာ ၆ ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ နယ္ျခားေစာင့္ရဲကင္းစခန္းတစ္ခုမွ အရာရွိတစ္ဦး အပါအဝင္ တပ္ဖြဲ႕ဝင္ ၃ ဦး ထြက္ေျပးခဲ့သည္။
အဆိုပါစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား AA ထံ ထြက္ေျပးသြားသည္ဟူေသာ ေျပာဆိုခ်က္ႏွင့္ ပတ္သက္ၿပီး သီးျခား အတည္မျပဳႏိုင္ေသာ္လည္း ၎တို႔ထံ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ရာႏွင့္ခ်ီ ခိုလႈံေနသည္ဟု AA ဘက္က တရားဝင္ေျပာထားသည္။
လက္ရွိတြင္ မိုင္တိုင္ ၄၀ ရွိ စစ္ေကာင္စီ၏ တပ္စခန္းတစ္ခုႏွင့္ ယမန္ေန႔ (စက္တင္ဘာ ၁၀) က ေမာင္ေတာၿမိဳ႕နယ္ရွိ ခမရ ၃၅၂ စခန္းကို ဆုံးရႈံးထားသလို ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာၿမိဳ႕နယ္ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တို႔တြင္ တိုက္ပြဲမ်ား ျပင္းထန္ေနရာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ေသဆုံးမႈ ဆယ္ႏွင့္ခ်ီ ရွိေနသည္။
စက္တင္ဘာ ၁၀ နံနက္ ၆ နာရီက ေမာင္ေတာၿမိဳ႕နယ္ ႀကိမ္ေခ်ာင္း- ဂုပၸီသို႔ ဆက္သြယ္ထားသည့္ ေမယုေတာင္ေက်ာ္လမ္းေပၚရွိ ဘူးသီးေတာင္အေျခစိုက္ ေျချမန္တပ္ရင္း (ခမရ) ၃၅၂ ၏ စခန္းတစ္ခုကို AA က သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ညပိုင္း၌ ထုတ္ျပန္သည္။
ထိုကဲ့သို႔ေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ထြက္ေျပးခိုလႈံမႈမ်ားႏွင့္ ပတ္သက္၍ စစ္ေကာင္စီတပ္ဘက္မွ ထုတ္ေဖာ္ ေျပာဆိုျခင္း မရွိေပ။
လတ္တေလာတြင္ ေမာင္ေတာေဒသအတြင္း စစ္ေကာင္စီတပ္က ေလေၾကာင္းမွပါ အျပင္းအထန္ ဗုံးႀကဲတိုက္ခိုက္ေနသျဖင့္ ေဒသခံအမ်ားအျပား ထြက္ေျပးေနရသည္။ source-ျမန္မာေနာင္း
ကျောက်တော်တွင် စစ်သား ၂ ဦး တပ်မှ ထွက်ပြေး
တိုက်ပွဲများ ပြင်းထန်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ၂ ဦး ရက္ခိုင့်တပ်တော် (AA) ထံ ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။
မြို့ပေါ်မှ ၈ မိုင်ခန့်အကွာ မဟာမုနိဘုရားပေါ်တွင် တပ်စွဲထားသည့် စစ်ကြောင်းမှ စစ်သား ၂ ဦး စက်တင်ဘာ ၁၀၊ ညနေ ၃ နာရီခွဲခန့်က ထွက်ပြေးသွားခြင်းဖြစ်သည်ဟု သိရသည်။
ထို့နောက် ယင်းညမှာပင် စစ်တပ်က အနီးရှိ မဟာမုနိရွာနှင့် ဘုရားဝင်းအတွင်းရှိ စစ်ဘေးရှောင်စခန်းမှ တဲအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း ထိုနေရာ၌ နေထိုင်သူများက ပြောသည်။
“ည ၇ နာရီလောက်မှာ ဝင်လို့ စစ်ဆေးခဲ့တယ်။ တချို့လူတွေကိုကျတော့ မှတ်ပုံတင်တွေ စစ်တယ်လို့ ပြောတယ်။ တချို့လူတွေကိုကျတော့ အေးဆေးနေလို့ရပါတယ်၊ ကျွန်တော်တို့လူတွေ ရောက်လာလားလို့ မေးတယ်လို့ ပြောတယ်” ဟု ထိုမဟာမုနိဘုရားနှင့် အနီးဝန်းကျင်မှ ရွာသားတစ်ဦးက ပြောပြသည်။
“စစ်ဘေးရှောင်စခန်းက အသက်ကြီးပိုင်းတွေကိုလည်း ဘာမှမဖြစ်ဘူး။ မကြောက်ကြဖို့နဲ့ ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ ပြောခဲ့တယ်လို့ သိရတယ်။ စစ်ဘေးရှောင်စခန်းကိုလည်း စစ်တယ်။ အဲဒီနားက မဟာမုနိရွာကို ဝင်စစ်တယ်”
စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူများကို အနှောင့်အယှက်မပေးသော်လည်း အနီးဝန်းကျင် မဟာမုနိကျေးရွာ၊ သရက်တစ်ပင်ကျေးရွာမှ ရွာသားတချို့မှာ ကြောက်လန့်ထွက်ပြေးကြရကြောင်း ဆိုသည်။
ထိုစစ်သား၂ ဦးမှာ AA ထံ ထွက်ပြေးခိုလှုံသွားသည်ဟု ကြားသိရကြောင်း၊ လက်နက် ပါမပါ မသိရကြောင်း ထိုအနီးဝန်းကျင်မှ ဒေသခံ နောက်တစ်ဦးက ပြောသည်။
“အဲဒီထွက်ပြေးသွားတဲ့ စစ်သားနှစ်ယောက်က AA ဆီမှာ အလင်းဝင်သွားတယ်လို့ သတင်းလည်းထွက်နေတယ်။ ဟုတ်မဟုတ် အတိအကျကိုတော့ မပြောနိုင်ပါဘူး” ဟု သူက ဆိုသည်။
ကျောက်တော်မြို့နယ်ရှိ သမိုင်းဝင်ဘုရားတစ်ဆူဖြစ်သော မဟာမုနိဘုရားမှာ စစ်တွေ – ရန်ကုန် အာရှကားလမ်းမကြီးနှင့် ကပ်လျက် တည်ရှိပြီး ယခင်ကတည်းက အင်အား ၂၀၀ ဝန်းကျင်ဖြင့် တပ်စွဲထားသည်။
ပြီးခဲ့သည့် မေ ၂၂ ကလည်း ကျောက်တော်မြို့ ထိုစစ်ကြောင်းမှ စစ်သားတစ်ဦး လက်နက်မဲ့ ထွက်ပြေးခဲ့ပြီး စက်တင်ဘာ ၆ ကလည်း ရသေ့တောင်မြို့နယ် နယ်ခြားစောင့်ရဲကင်းစခန်းတစ်ခုမှ အရာရှိတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး ထွက်ပြေးခဲ့သည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များ AA ထံ ထွက်ပြေးသွားသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သော်လည်း ၎င်းတို့ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ခိုလှုံနေသည်ဟု AA ဘက်က တရားဝင်ပြောထားသည်။
လက်ရှိတွင် မိုင်တိုင် ၄၀ ရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုနှင့် ယမန်နေ့ (စက်တင်ဘာ ၁၀) က မောင်တောမြို့နယ်ရှိ ခမရ ၃၅၂ စခန်းကို ဆုံးရှုံးထားသလို ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှု ဆယ်နှင့်ချီ ရှိနေသည်။
စက်တင်ဘာ ၁၀ နံနက် ၆ နာရီက မောင်တောမြို့နယ် ကြိမ်ချောင်း- ဂုပ္ပီသို့ ဆက်သွယ်ထားသည့် မေယုတောင်ကျော်လမ်းပေါ်ရှိ ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၃၅၂ ၏ စခန်းတစ်ခုကို AA က သိမ်းပိုက်နိုင်ခဲ့ကြောင်း ညပိုင်း၌ ထုတ်ပြန်သည်။
ထိုကဲ့သို့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးခိုလှုံမှုများနှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဘက်မှ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
လတ်တလောတွင် မောင်တောဒေသအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှပါ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသခံအများအပြား ထွက်ပြေးနေရသည်။ source-မြန်မာနောင်း