Local News

ရဟန္းေတြက လူထြက္ၿပီး

ရဟန္းေတြက လူထြက္ၿပီး PDF ကို တိုက္ခိုက္ခ်င္ေနၾကလို႔ ထိန္းေနရတယ္လို႔ စစ္အုပ္စုက ဝါဒျဖန႔္၊

ဒီႏွစ္ကုန္ရင္ ပြဲၿပီးၿပီလို႔လည္း ေျပာ

MFP ၊ စက္တင္ဘာ – ၁၁

ရဟန္းသံဃာေတြ သတ္ျဖတ္ခံရေနရတဲ့ ျဖစ္စဥ္ေတြေၾကာင့္ လူထြက္ၿပီး PDF ေတြကို တိုက္ခိုက္ခ်င္တဲ့ ရဟန္းေတြ ရွိေနတဲ့အတြက္ ထိန္းေနရတယ္လို႔ စစ္အုပ္စုက ျမင္းၿခံၿမိဳ႕မွာ ဝါဒျဖန႔္ေျပာဆိုခဲ့တယ္လို႔ သတင္း ရရွိပါတယ္။

စက္တင္ဘာ (၉)ရက္က ျမင္းၿခံၿမိဳ႕ခံ လုပ္ငန္းရွင္ေတြကို အစည္ူအေဝးဟုဆိုကာ စစ္အုပ္စုက ေျခလွ်င္တပ္ရင္း ခလရ (၁၅)ထဲ ေခၚယူၿပီးေနာက္ လုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ဆုံရာမွာ အထက္ပါအတိုင္း ေျပာဆိုခဲ့တာျဖစ္တယ္လို႔ ျမင္းၿခံ လူထုလႈပ္ရွားမႈေကာ္မတီက ေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံမွာ ရဟန္းသံဃာ ငါးသိန္းေက်ာ္ရွိၿပီး သတ္ျဖတ္ခံရတဲ့ သံဃာအပါး (၅၀) ေက်ာ္ ရွိေနတဲ့အတြက္ အဲ့ဒါကို မေက်နပ္တဲ့ ရဟန္းေတြက လူထြက္ၿပီး PDF ေတြကို တိုက္ခိုက္ခ်င္ေနၾကတာလို႔ စစ္အုပ္စုက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

စစ္အုပ္စုရဲ႕ ေျပာဆိုခ်က္ဟာ ဝါဒျဖန႔္မႈ သက္သက္သာ ျဖစ္ၿပီး စစ္ေခါင္းေဆာင္ေတြနဲ႔ ပလဲနံပသင့္တဲ့ ရဟန္းတခ်ိဳ႕ရဲ႕ ေျပာဆိုမႈအေပၚ လိုရာဆြဲ မွတ္ယူထားတာ ျဖစ္ႏိုင္ေၾကာင္းႏွင့္ ႏိုင္ငံတဝန္းမွာ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ရဟန္းသံဃာေတြ အမ်ားအျပား ရွိေနတယ္လို႔ မႏၲေလးၿမိဳ႕ခံ သံဃာေတာ္ေတြက မိန႔္ပါတယ္။

“ သူတို႔ရဲ႕ ဝါဒျဖန႔္မႈအေပၚ ဘယ္ျပည္သူမွ ယုံၾကည္မႈ မရွိေတာ့ဘူးေပါ့၊ အာဏာသိမ္းၿပီး ကတည္းက ဆႏၵထြက္ျပတဲ့ ကေလးေတြကို ေခါင္းေတြ ပစ္ခတ္သ-တ္-ျဖတ္ခဲ့တုန္းက အသံမထြက္ခဲ့ဘဲ အခုခ်ိန္မွ ဒါမ်ိဳးေတြ ေျပာလာတာက ဝါဒျဖန႔္လာတာပဲ၊ သူတို႔ အာဏာသိမ္းမႈကို လက္မခံတဲ့ ရဟန္းသံဃာေတြ အမ်ားႀကီးရွိပါတယ္ “ လို႔ မႏၲေလး သံဃသမဂၢ သပိတ္စစ္ေၾကာင္းက ဆရာေတာ္ ဦးေယာႀကီးက မိန႔္ပါတယ္။

စစ္အုပ္စုရဲ႕ ဝါဒမႈိင္းအေပၚ ဂ႐ုမစိုက္ၾကဘဲ စစ္အာဏာရွင္ အျမစ္ျပတ္ေရးကိုသာ အာ႐ုံစိုက္ၾကဖို႔လည္း ဆရာေတာ္က တိုက္တြန္းပါတယ္။

ျမင္းၿခံၿမိဳ႕က လုပ္ငန္းရွင္ေတြကို ေခၚယူေတြ႕ဆုံရာမွာ စစ္အုပ္စုက တပ္တြင္းရွိ ေအာက္ေျခစစ္သားေတြကို စိတ္ဓာတ္စစ္ဆင္ေရး လုပ္ရာမွာ ေျပာဆိုတဲ့ပုံစံအတိုင္း လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြဟာ ဒီႏွစ္ကုန္ရင္ ၿပီးစီးသြားမွာ ျဖစ္တယ္လို႔လည္း လုပ္ငန္းရွင္ေတြကို ေခ်ာ့ေမာ့ ေျပာဆိုခဲ့ေၾကာင္း ျမင္းၿခံ လူထုလႈပ္ရွားမႈေကာ္မတီက ဆက္လက္ထုတ္ျပန္ထားပါတယ္။

တခ်ိန္တည္းမွာပဲ မေန႔က ညပိုင္း လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔လာတဲ့ မင္းေအာင္လႈိင္ရဲ႕ တပ္တြင္း ေျပာစကားေတြမွာေတာ့ ႏိုင္ငံတဝန္း စစ္ေကာင္စီ လက္နက္ကိုင္ေတြ အေသအေပ်ာက္မ်ားေနတာနဲ႔ ဖ႐ိုဖရဲ အေျခအေနေတြကို ဝန္ခံထားပါတယ္။

ဒါ့အျပင္ စစ္သင္တန္းေက်ာင္းက သင္ေပးတဲ့ စစ္ေရးနည္းဗ်ဴဟာေတြဟာ လက္ေတြ႕မွာ အသုံးမဝင္ေတာ့ေၾကာင္းနဲ႔ ေအာက္ေျခစစ္သားေတြဟာ အသက္စြန႔္ၿပီး တိုက္ခိုက္မႈ မလုပ္တဲ့အတြက္ အာဏာသိမ္းမႈ မေအာင္ျမင္ေသးတာလို႔ လက္ရွိ ျဖစ္ေပၚေနတဲ့ အေျခအေနအေပၚ ေအာက္ေျခစစ္သားေတြကို အျပစ္ဖို႔ ေျပာၾကားထားေၾကာင္း ျပည္သူ႔ပန္းတိုင္အဖြဲ႕က ထုတ္ျပန္ထားပါတယ္။

ရဟန်းတွေက လူထွက်ပြီး PDF ကို တိုက်ခိုက်ချင်နေကြလို့ ထိန်းနေရတယ်လို့ စစ်အုပ်စုက ဝါဒဖြန့်၊

ဒီနှစ်ကုန်ရင် ပွဲပြီးပြီလို့လည်း ပြော

MFP ၊ စက်တင်ဘာ – ၁၁

ရဟန်းသံဃာတွေ သတ်ဖြတ်ခံရနေရတဲ့ ဖြစ်စဉ်တွေကြောင့် လူထွက်ပြီး PDF တွေကို တိုက်ခိုက်ချင်တဲ့ ရဟန်းတွေ ရှိနေတဲ့အတွက် ထိန်းနေရတယ်လို့ စစ်အုပ်စုက မြင်းခြံမြို့မှာ ဝါဒဖြန့်ပြောဆိုခဲ့တယ်လို့ သတင်း ရရှိပါတယ်။

စက်တင်ဘာ (၉)ရက်က မြင်းခြံမြို့ခံ လုပ်ငန်းရှင်တွေကို အစည်ူအဝေးဟုဆိုကာ စစ်အုပ်စုက ခြေလျှင်တပ်ရင်း ခလရ (၁၅)ထဲ ခေါ်ယူပြီးနောက် လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ အထက်ပါအတိုင်း ပြောဆိုခဲ့တာဖြစ်တယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ရဟန်းသံဃာ ငါးသိန်းကျော်ရှိပြီး သတ်ဖြတ်ခံရတဲ့ သံဃာအပါး (၅၀) ကျော် ရှိနေတဲ့အတွက် အဲ့ဒါကို မကျေနပ်တဲ့ ရဟန်းတွေက လူထွက်ပြီး PDF တွေကို တိုက်ခိုက်ချင်နေကြတာလို့ စစ်အုပ်စုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ပြောဆိုချက်ဟာ ဝါဒဖြန့်မှု သက်သက်သာ ဖြစ်ပြီး စစ်ခေါင်းဆောင်တွေနဲ့ ပလဲနံပသင့်တဲ့ ရဟန်းတချို့ရဲ့ ပြောဆိုမှုအပေါ် လိုရာဆွဲ မှတ်ယူထားတာ ဖြစ်နိုင်ကြောင်းနှင့် နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရဟန်းသံဃာတွေ အများအပြား ရှိနေတယ်လို့ မန္တလေးမြို့ခံ သံဃာတော်တွေက မိန့်ပါတယ်။

“ သူတို့ရဲ့ ဝါဒဖြန့်မှုအပေါ် ဘယ်ပြည်သူမှ ယုံကြည်မှု မရှိတော့ဘူးပေါ့၊ အာဏာသိမ်းပြီး ကတည်းက ဆန္ဒထွက်ပြတဲ့ ကလေးတွေကို ခေါင်းတွေ ပစ်ခတ်သ-တ်-ဖြတ်ခဲ့တုန်းက အသံမထွက်ခဲ့ဘဲ အခုချိန်မှ ဒါမျိုးတွေ ပြောလာတာက ဝါဒဖြန့်လာတာပဲ၊ သူတို့ အာဏာသိမ်းမှုကို လက်မခံတဲ့ ရဟန်းသံဃာတွေ အများကြီးရှိပါတယ် “ လို့ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းက ဆရာတော် ဦးယောကြီးက မိန့်ပါတယ်။

စစ်အုပ်စုရဲ့ ဝါဒမှိုင်းအပေါ် ဂရုမစိုက်ကြဘဲ စစ်အာဏာရှင် အမြစ်ပြတ်ရေးကိုသာ အာရုံစိုက်ကြဖို့လည်း ဆရာတော်က တိုက်တွန်းပါတယ်။

မြင်းခြံမြို့က လုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံရာမှာ စစ်အုပ်စုက တပ်တွင်းရှိ အောက်ခြေစစ်သားတွေကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်ရာမှာ ပြောဆိုတဲ့ပုံစံအတိုင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ဒီနှစ်ကုန်ရင် ပြီးစီးသွားမှာ ဖြစ်တယ်လို့လည်း လုပ်ငန်းရှင်တွေကို ချော့မော့ ပြောဆိုခဲ့ကြောင်း မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ဆက်လက်ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ မနေ့က ညပိုင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ မင်းအောင်လှိုင်ရဲ့ တပ်တွင်း ပြောစကားတွေမှာတော့ နိုင်ငံတဝန်း စစ်ကောင်စီ လက်နက်ကိုင်တွေ အသေအပျောက်များနေတာနဲ့ ဖရိုဖရဲ အခြေအနေတွေကို ဝန်ခံထားပါတယ်။

ဒါ့အပြင် စစ်သင်တန်းကျောင်းက သင်ပေးတဲ့ စစ်ရေးနည်းဗျူဟာတွေဟာ လက်တွေ့မှာ အသုံးမဝင်တော့ကြောင်းနဲ့ အောက်ခြေစစ်သားတွေဟာ အသက်စွန့်ပြီး တိုက်ခိုက်မှု မလုပ်တဲ့အတွက် အာဏာသိမ်းမှု မအောင်မြင်သေးတာလို့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ် အောက်ခြေစစ်သားတွေကို အပြစ်ဖို့ ပြောကြားထားကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။