စစ္ေခါင္းေဆာင္၏ ႐ုရွားျပည္ေတာ္ျပန္သတင္း ျပည္သူမ်ား ႀကိဳဆိုသေယာင္ ဝါဒျဖန႔္
ဧရာဝတီ၊ စက္တင္ဘာ ၁၂၊ ၂၀၂၂
အာဏာသိမ္းၿပီးေနာက္ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ သြားခြင့္ရေသာ တႏိုင္ငံတည္းေသာ ႐ုရွားႏိုင္ငံမွ ယမန္ေန႔ စက္တင္ဘာ ၁၁ ရက္ ည ေနပိုင္းတြင္ ျပန္ေရာက္လာမႈကို ျပည္သူ အမ်ားအျပားက လာေရာက္ ႀကိဳဆိုၾကသေယာင္ စစ္ေကာင္စီ လက္ ေအာက္ခံ သတင္းစာ မ်က္ႏွာဖုံးမ်ားတြင္ ယေန႔ ေဖာ္ျပ သည္။
႐ုရွားႏိုင္ငံတြင္ စက္တင္ဘာ ၅ ရက္မွ ၈ ရက္ထိ က်င္းပခဲ့ေသာ ၇ ႀကိမ္ေျမာက္ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္ (The 7th Eastern Economic Forum-2022) ကို တက္ေရာက္ၿပီး ျပန္လာေသာ စစ္ေခါင္းေဆာင္ကို ျပည္သူ ၁၆၉၀ ဦးက လာေရာက္ႀကိဳဆိုခဲ့ေၾကာင္း လူဦးေရအတိ အက်ကိုပင္ ေဖာ္ျပထားသည္။
လာေရာက္ႀကိဳဆိုသူမ်ားက ကမာၻ႔အလယ္ ျမန္မာ့ဂုဏ္ဝင့္ထည္ေစေသာ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကို အထူး ေက်းဇူးတင္ပါသည္ ဆိုသည့္ စာတန္းမ်ားကို ကိုင္ေဆာင္ထားသည္ကို ေတြ႕ရသည္။
ထို႔ျပင္ ယခု ခရီးစဥ္သည္ ႐ုရွားသမၼတ ပူတင္ႏွင့္ ေတြ႕ ဆုံ ေဆြးေႏြးခြင့္ရရွိခဲ့သည့္ ခရီးစဥ္ျဖစ္ခဲ့ျခင္းေၾကာင့္ ေအာင္ျမင္သည့္ ခရီးစဥ္တခုပင္ ျဖစ္ေၾကာင္း အက်ယ္နဝံ့ ေဖာ္ျပထားသည္။
႐ုရွားႏိုင္ငံသည္ ယူကရိန္းႏိုင္ငံအေပၚ က်ဴးေက်ာ္စစ္ဆင္ႏႊဲထားမႈေၾကာင့္ ႏိုင္ငံတကာက ျပစ္တင္ရႈတ္ခ်ေနၾကသလို အေနာက္ႏိုင္ငံမ်ားကလည္း စီးပြားေရးအရ အေရးယူပိတ္ဆို႔မႈမ်ားစြာ ခံေနရေသာ္လည္း
ျမန္မာစစ္ေခါင္းေဆာင္က ႐ုရွားသမၼတ ပူတင္ကို “ကမာၻ႔ေရးရာကိစၥ ရပ္မ်ားတြင္ သမာသမတ္ ေဆာင္႐ြက္ႏိုင္ၿပီး တည္ၿငိမ္ေအးခ်မ္းမႈကို ေဖာ္ေဆာင္ႏိုင္သည့္ ကမာၻ႔ေခါင္းေဆာင္တဦး” ဟုလည္း ခ်ီးက်ဴးခဲ့သည္။
စစ်ခေါင်းဆောင်၏ ရုရှားပြည်တော်ပြန်သတင်း ပြည်သူများ ကြိုဆိုသယောင် ဝါဒဖြန့်
ဧရာဝတီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၂
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သွားခွင့်ရသော တနိုင်ငံတည်းသော ရုရှားနိုင်ငံမှ ယမန်နေ့ စက်တင်ဘာ ၁၁ ရက် ည နေပိုင်းတွင် ပြန်ရောက်လာမှုကို ပြည်သူ အများအပြားက လာရောက် ကြိုဆိုကြသယောင် စစ်ကောင်စီ လက် အောက်ခံ သတင်းစာ မျက်နှာဖုံးများတွင် ယနေ့ ဖော်ပြ သည်။
ရုရှားနိုင်ငံတွင် စက်တင်ဘာ ၅ ရက်မှ ၈ ရက်ထိ ကျင်းပခဲ့သော ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ကို တက်ရောက်ပြီး ပြန်လာသော စစ်ခေါင်းဆောင်ကို ပြည်သူ ၁၆၉၀ ဦးက လာရောက်ကြိုဆိုခဲ့ကြောင်း လူဦးရေအတိ အကျကိုပင် ဖော်ပြထားသည်။
လာရောက်ကြိုဆိုသူများက ကမ္ဘာ့အလယ် မြန်မာ့ဂုဏ်ဝင့်ထည်စေသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို အထူး ကျေးဇူးတင်ပါသည် ဆိုသည့် စာတန်းများကို ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။
ထို့ပြင် ယခု ခရီးစဉ်သည် ရုရှားသမ္မတ ပူတင်နှင့် တွေ့ ဆုံ ဆွေးနွေးခွင့်ရရှိခဲ့သည့် ခရီးစဉ်ဖြစ်ခဲ့ခြင်းကြောင့် အောင်မြင်သည့် ခရီးစဉ်တခုပင် ဖြစ်ကြောင်း အကျယ်နဝံ့ ဖော်ပြထားသည်။
ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ဆင်နွှဲထားမှုကြောင့် နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေကြသလို အနောက်နိုင်ငံများကလည်း စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများစွာ ခံနေရသော်လည်း
မြန်မာစစ်ခေါင်းဆောင်က ရုရှားသမ္မတ ပူတင်ကို “ကမ္ဘာ့ရေးရာကိစ္စ ရပ်များတွင် သမာသမတ် ဆောင်ရွက်နိုင်ပြီး တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်သည့် ကမ္ဘာ့ခေါင်းဆောင်တဦး” ဟုလည်း ချီးကျူးခဲ့သည်။